တော်ရုံလူတွေတောင်မဖမ်းနိုင်တဲ့ ၄၅ ကီလိုဂရမ်ထက်ပိုလေးတဲ့ ငါးခူကြီးတစ်ကောင်ကိုဖမ်းမိခဲ့တဲ့ ၁၅ နှစ်အရွယ်မိန်းကလေး

Posted by

တော်ရုံလူတွေတောင်မဖမ်းနိုင်တဲ့ ၄၅ ကီလိုဂရမ်ထက်ပိုလေးတဲ့ ငါးခူကြီးတစ်ကောင်ကိုဖမ်းမိခဲ့တဲ့ ၁၅ နှစ်အရွယ်မိန်းကလေး

မကြာသေးမီက အသက် ၁၅ နှစ်အရွယ် Hannah Truscott အမည်ရှိမိန်းကလေးတစ်ဦးဟာတော်ရုံလူတွေတောင်မဖမ်းနိုင်တဲ့ ၄၅ ကီလိုဂရမ်ထက်ပိုလေးတဲ့ငါးကြီးတစ်ကောင်ကိုဖမ်းလို့ရခဲ့တဲ့အတွက် အလွန်ပင် စိတ်လှုပ်ရှားဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့မှာ Hannah Truscott ဟာ အင်္ဂလန်နိုင်ငံ Essex ခရိုင် White Lakes ရေကန်၌ သူမရဲ့ဖခင်နှင့်အတူ စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်အတွက် ငါးမြှားနေခဲ့ကြပါတယ်။သူမဟာ ၄၅ ကီလိုဂရမ်အထက်အလေးချိန်ရှိတဲ့ငါးခူကြီးတစ်ကောင်ကို ဖမ်းလို့ရလိုက်ပြီးတဲ့နောက်မှာ သူမအဖေအပါအဝင် အားလုံးကိုပါ အံ့ဩမှင်သက်သွားစေခဲ့ပါတယ်။

ထိုနေ့၌ပင် သူမဟာ မယုံနိုင်လောက်အောင်ဘဲ အလွန်ကြီးမားတဲ့အခြားငါး ၅ ကောင်ကိုလည်းဖမ်းနိုင်ခဲ့ပါတယ်။ ထိုနေ့၌ငါးဖမ်းခဲ့တဲ့ Hannah Truscott ဟာ စုစုပေါင်းအလေးချိန် ၁၈၂ ကီလိုဂရမ်ကျော်ရှိတဲ့ငါးများကိုဖမ်းနိုင်ခဲ့တာပါ။အသက် ၅၁ နှစ်အရွယ် Hannah ရဲ့အဖေဖြစ်သူ Paul က “ အစပိုင်းတော့ ငါ့သမီးက အဲဒီနေ့ကသူမအတွက်အတော်လေးကံမကောင်းတဲ့နေ့ဘဲဆိုပြီး ငါးကိုဖမ်းနိုင်မှာမဟုတ်ဘူးလို့ သူမတွေးနေခဲ့တာ ၊

ဒါမဲ့ အဲ့နေ့က သူမထိုင်ခုံပေါ်ထိုင်ပြီး ခဏအကြာတော့ သူမက၄၅ ကီလိုဂရမ်အလေးချိန်ရှိတဲ့ငါးခူကြီးတစ်ကောင်ကိုဖမ်းမိသွားခဲ့တယ်၊ အရင်တုန်းကလည်း Hannah က ၃၄ ကီလိုဂရမ်ရှိတဲ့ငါးကိုဖမ်းခဲ့ဖူးတယ် ၊ ကီလို ၂၀ ကျော်အလေးချိန်ရှိတဲ့ငါးတစ်ကောင်ကိုတောင် တစ်ခါမှမဖမ်းဖူးတဲ့ဝါရင့်တံငါသည်များစွာကိုငါတွေ့ဖူးတယ် ၊

Hannah က အံ့ဩစရာပါဘဲ ”ဟုလည်းပြောကြားခဲ့ပါတယ်။သမီးဖြစ်သူ ၆ နှစ်အရွယ်လောက်ကတည်းကပထမဆုံးငါးဖမ်းသင်ပေးခဲ့တဲ့အကြောင်းကို Paul က “သမီးလေးကို သူမ ၆ နှစ်အရွယ်လောက်က ငါးခူငါးဖမ်းနည်းသင်ပေးတယ် ၊ အဲဒီအချိန်ကစပြီး သမီးကိုအကူအညီမပါဘဲ ငါးဖမ်းခွင့်ပေးလိုက်တယ် ၊ နှစ်တွေတစ်လျှောက်မှာ Hannah ကအလွန်အတွေ့အကြုံရှိတဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်၊

သူမကငါးဖမ်းနည်းကိုသင်ယူဖို့အတော်ကိုအလေးအနက်ထားခဲ့ပါတယ် ၊Hannah က သာမန်ကလေးတစ်ယောက်မဟုတ်ပေမယ့် တကယ့်တံငါသည်တစ်ယောက်ပါဘဲ ” လို့ ဖခင်ဖြစ်သူက သင်ပေးရကြိုးနပ်တဲ့သမီးဖြစ်သူအား ချီးကျူးပြောဆိုဂုဏ်ယူခဲ့ပါတယ်။

crd

Zawgyi(version)

ေတာ္႐ုံလူေတြေတာင္မဖမ္းနိုင္တဲ့ ၄၅ ကီလိုဂရမ္ထက္ပိုေလးတဲ့ ငါးခူႀကီးတစ္ေကာင္ကိုဖမ္းမိခဲ့တဲ့ ၁၅ ႏွစ္အ႐ြယ္မိန္းကေလး

မၾကာေသးမီက အသက္ ၁၅ ႏွစ္အ႐ြယ္ Hannah Truscott အမည္ရွိမိန္းကေလးတစ္ဦးဟာေတာ္႐ုံလူေတြေတာင္မဖမ္းနိုင္တဲ့ ၄၅ ကီလိုဂရမ္ထက္ပိုေလးတဲ့ငါးႀကီးတစ္ေကာင္ကိုဖမ္းလို႔ရခဲ့တဲ့အတြက္ အလြန္ပင္ စိတ္လႈပ္ရွားဝမ္းသာေပ်ာ္႐ႊင္ေနခဲ့ပါတယ္။

ၾသဂုတ္လ ၁၅ ရက္ေန႕မွာ Hannah Truscott ဟာ အဂၤလန္နိုင္ငံ Essex ခရိုင္ White Lakes ေရကန္၌ သူမရဲ႕ဖခင္ႏွင့္အတူ စိတ္လႈပ္ရွားစရာေကာင္းတဲ့အခ်ိန္အတြက္ ငါးျမႇားေနခဲ့ၾကပါတယ္။သူမဟာ ၄၅ ကီလိုဂရမ္အထက္အေလးခ်ိန္ရွိတဲ့ငါးခူႀကီးတစ္ေကာင္ကို ဖမ္းလို႔ရလိုက္ၿပီးတဲ့ေနာက္မွာ သူမအေဖအပါအဝင္ အားလုံးကိုပါ အံ့ဩမွင္သက္သြားေစခဲ့ပါတယ္။

ထိုေန႕၌ပင္ သူမဟာ မယုံနိုင္ေလာက္ေအာင္ဘဲ အလြန္ႀကီးမားတဲ့အျခားငါး ၅ ေကာင္ကိုလည္းဖမ္းနိုင္ခဲ့ပါတယ္။ ထိုေန႕၌ငါးဖမ္းခဲ့တဲ့ Hannah Truscott ဟာ စုစုေပါင္းအေလးခ်ိန္ ၁၈၂ ကီလိုဂရမ္ေက်ာ္ရွိတဲ့ငါးမ်ားကိုဖမ္းနိုင္ခဲ့တာပါ။အသက္ ၅၁ ႏွစ္အ႐ြယ္ Hannah ရဲ႕အေဖျဖစ္သူ Paul က အစပိုင္းေတာ့ ငါ့သမီးက အဲဒီေန႕ကသူမအတြက္အေတာ္ေလးကံမေကာင္းတဲ့ေန႕ဘဲဆိုၿပီး ငါးကိုဖမ္းနိုင္မွာမဟုတ္ဘူးလို႔ သူမေတြးေနခဲ့တာ ၊

ဒါမဲ့ အဲ့ေန႕က သူမထိုင္ခုံေပၚထိုင္ၿပီး ခဏအၾကာေတာ့ သူမက၄၅ ကီလိုဂရမ္အေလးခ်ိန္ရွိတဲ့ငါးခူႀကီးတစ္ေကာင္ကိုဖမ္းမိသြားခဲ့တယ္၊ အရင္တုန္းကလည္း Hannah က ၃၄ ကီလိုဂရမ္ရွိတဲ့ငါးကိုဖမ္းခဲ့ဖူးတယ္ ၊ ကီလို ၂၀ ေက်ာ္အေလးခ်ိန္ရွိတဲ့ငါးတစ္ေကာင္ကိုေတာင္ တစ္ခါမွမဖမ္းဖူးတဲ့ဝါရင့္တံငါသည္မ်ားစြာကိုငါေတြ႕ဖူးတယ္ ၊

Hannah က အံ့ဩစရာပါဘဲ ဟုလည္းေျပာၾကားခဲ့ပါတယ္။သမီးျဖစ္သူ ၆ ႏွစ္အ႐ြယ္ေလာက္ကတည္းကပထမဆုံးငါးဖမ္းသင္ေပးခဲ့တဲ့အေၾကာင္းကို Paul က သမီးေလးကို သူမ ၆ ႏွစ္အ႐ြယ္ေလာက္က ငါးခူငါးဖမ္းနည္းသင္ေပးတယ္ ၊ အဲဒီအခ်ိန္ကစၿပီး သမီးကိုအကူအညီမပါဘဲ ငါးဖမ္းခြင့္ေပးလိုက္တယ္ ၊ ႏွစ္ေတြတစ္ေလွ်ာက္မွာ Hannah ကအလြန္အေတြ႕အႀကဳံရွိတဲ့သူတစ္ေယာက္ျဖစ္လာခဲ့တယ္၊

သူမကငါးဖမ္းနည္းကိုသင္ယူဖို႔အေတာ္ကိုအေလးအနက္ထားခဲ့ပါတယ္ ၊Hannah က သာမန္ကေလးတစ္ေယာက္မဟုတ္ေပမယ့္ တကယ့္တံငါသည္တစ္ေယာက္ပါဘဲ လို႔ ဖခင္ျဖစ္သူက သင္ေပးရႀကိဳးနပ္တဲ့သမီးျဖစ္သူအား ခ်ီးက်ဴးေျပာဆိုဂုဏ္ယူခဲ့ပါတယ္။

crd