
Posted by

ဒန့်သလွန်စေ့ရဲ့ကောင်းကျိုးတွေကိုတော့အောက်မှာဆက်ဖတ်ကြည့်ပါ… မြန်မာပြည်မှာ ဒန်သလွန်ခြံစိုက်ပြီး ရောင်းစားမယ်ဆိုရင် သဌေးဖြစ်လောက်တယ်။ ကျနော်တို့စင်္ကာပူမှာတော့… ဒန့်သလွန်စေ့ 100g ကို $10ပါ။ 1kg ကို ဒေါ်လာ ၁၀၀ပေါ့… မြန်မာငွေနဲဆို ကို ၉သောင်းကျော်ပါ။

သဘာဝအားတိုးစေတဲ့ ဒန့်သလွန်စေ့… အမေရိကန်လူမျိုး မိတ်ဆွေက သူတို့ဆီမှာ ဒန့်သလွန်စေ့ တစ်ထုပ် (အစေ့ ၁၀၀) ကို ၆ ဒေါ်လာနဲ့ ဝယ်စားနေတယ်လို့ ပြောပြလို့ အရမ်းအံ့သြမိတယ်။ အမှန်တိုင်းဝန်ခံရရင်… ကျနော်အနေနဲ့ ဒန့်သလွန်သီးကို

ပဲကုလားချဉ်ရည် ချက်တဲ့ အခါလောက်ပဲ စားဖြစ်တာဗျ။ ဒါတောင်… အသီးမှာကပ်နေတဲ့ အသားလောက်ပဲ သွားနဲ့ ခြစ်စားတာ တခါတလေ အစေ့တွေက ရင့်နေလို့ မဝါးစားဖြစ်ဘူးလို့ ပြောတော့… အမေရိကန်လူမျိုး David က အံ့သြသွားတယ်။

သူက ပြန်ပြောတယ်… အဲ့ဒီလုပ်ရပ်က အရမ်းမိုက်မဲတာပဲ တဲ့။ ကိုယ်လည်း ဒန့်သလွန်သီး အရွက် နဲ့ အမြစ်လောက် ပဲ ဆေးဝါးအဖြစ် သုံးဖူးတော့ သူပြောလည်း ခံနေရတော့တာပေါ့။ နောက်တော့ ကျနော် ဒန့်သလွန်သီးအစေ့ အကြောင်း အရမ်းသိချင်လာတာနဲ့

လေ့လာကြည့်တယ်။ အစေ့မစားဘဲ ထွေးထုတ်တာဟာ… အရမ်း မိုက်မဲမှန်း အဲ့ကျမှ ကိုယ့်ကိုယ်ကိုယ် သိတော့တယ်။ အမေရိကနဲ့ ဥရောပမှာ ဒန့်သလွန်သီးကို အခြောက်ခံလို့ရလာတဲ့ အစေ့ကို တောင်ပံလေးတွေ ခြွေ၊ အစေ့ လေးတွေချည်း ထုပ်ပိုးပီး ရောင်းကြတယ်။

အာဟာရချို့တဲ့ တဲ့ရောဂါ၊ သွးအားနည်းခြင်း၊ သွးတွင်းအဆီဓာတ်များခြင်း၊ ဆီးချိုရောဂါ၊ အဆစ်ရောင်အမျိုးမျိုး၊ အိပ်မပျော်ခြင်း၊ အသည်း၊ ကျောက်ကပ် ဆိုင်ရာ ရောဂါများ၊ Bacteria ပိုးကူးစက်ခြင်း၊ ကာမစိတ်ကုန်ခမ်းခြင်း စတာတွေ မှာ အဓိကသုံးကြတယ်။

မြန်မာတွေက အသီးကိုပဲ ချက်စားကြတာများတယ်လေ။ အစေ့ ကို အခြောက်လှန်း သန့်စင်ပြီး လှော်စားတာ၊ ပြုတ်စားတာ၊ အမှုန့်ကြိတ်စားတာ၊ အဆီထုတ်တာမျိုးမှ မရှိဘဲ။ တကယ်တော့ ဒန့်သလွန်စေ့ မှာ ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းတွေဖြစ်တဲ့ Kaempferol၊ Quercetin၊ Rutin၊

Caffeoylquinic acids တွေ ပါဝင်နေတယ်။ Vitamin အနေနဲ့လည်း မျက်စိ၊ အရေပြား၊ ဆံသား နဲ့ ခြေသည်းလက်သည်း တွေကို အားကောင်းစေတဲ့ Vitamin A ပါဝင်တယ်။ ကင်ဆာကို ဖြစ်စေသော Free radicals တွေဒဏ်က ကင်းစေတဲ့၊ အနာကျက်မြန်စေတဲ့ Vitamin C ပါဝင်နေတယ်။

Iron သံဓာတ်ပါဝင်လို့… သွေးနီဥ နည်းလို့ သွေးအားနည်းတဲ့ ရောဂါ မဖြစ်စေဘူး။ အာယုဗ္ဗေဒ ဆေးကျမ်းတွေမှာတော့… ဒန့်သလွန်သီး အစေ့ ကို… ပိုးသေဆေး၊ အတက်ကျဆေး၊ အဆစ်ရောင်အမျိုးမျိုး၊ ကာမအားတိုးဆေး (အမျိုးသား၊ အမျိုးသမီး) နဲ့ ရောဂါ အားလုံးအတွက် သင့်တယ် လို့ကို ဆိုထားပါတယ်။

အဓိက က ဒန့်သလွန်စေ့က ကျောက်ချဉ်လိုပဲ ရေကိုသန့်သွားစေတာကိုး… ဘယ်လောက် နောက်တဲ့ ရေဖြစ်ဖြစ် ဒန့်သလွန့် အစေ့ ကြိတ်ထားတဲ့ အမှုန့် ၅၀ မှ ၁၅၀ မီလီဂရမ် လောက်ကို ၁ လီတာ ရေထဲ ထည့်လိုက်ရင် ရေထဲမှာ ရှိတဲ့ ပိုးသေစေတယ်။

ရေကို သောက်လို့ရနိုင်တဲ့အထိ သန့်သွားစေတယ်။ ဒီလိုပဲ ခန္ဓာကိုယ်ထဲ ရောက်ရင် အဆိပ်ဖြေ ပေးတယ်၊ သန့်စင်စေတဲ့ လုပ်ငန်းလုပ်ပေးတယ်။ ဒါ့ကြောင့်…တခါစားရင် ၂ စေ့ထက် မပိုစေနဲ့။ (တစ်နေ့ မှာ ၄ စေ့ အထိ စားနိုင်တယ်) လို့ ပြောတာပါ။

ဘာလို့လဲဆိုတော့…
သူက အစာအိမ် နဲ့ အူလမ်းကြောင်းမှာ သန့်စင်တဲ့ အလုပ်လုပ်တဲ့အတွက် ပေါက်ပေါက်လို အများကြီးစားရင် နေထိုင်မကောင်းတာ၊ ဝမ်းသွားတာ၊ ပျို့တာ၊ အိပ်မရ တာတွေ ဖြစ်လာတတ်တယ်။ အမှန်က #အဆိပ်ရှင်းထုတ် နေတဲ့ အတွက် ရလာတဲ့ အကျိုးအာနိသင်ပါ။

ယခုမှ စစားတဲ့လူဆိုရင်… တစ်ခါစားလျှင် ၁ စေ့ နှင့် စတင်ပါ။ နောက်မှ ဖြေးဖြေးချင်း တိုးသွားနိုင်ပါတယ်။ ဝါးဝါးချင်း ချိုသလိုမျိုး ဖြစ်ပေမဲ့ ကြာကြာဝါးရင် ခါးသက်သက် ဖြစ်လာပါတယ်။

David ကတော့ သူ့ရဲ့ ဆီးချိုထိန်းဖို့ နေ့တိုင်း ၃ စေ့ စားတယ်လို့ ပြောပါတယ်။ သတိပြုရမဲ့ အချက်လေးတွေ ရှိပါတယ်…တောင်ပံ လေးတွေ ခြွေစားပါ။ ဒါကတော့ အစေ့ ရဲ့ တောင်ပံလေးတွေမှာ အညစ်အကြေးနဲ့ ပိုးမွှားတွေ ကပ်နေတတ်လို့ပါ။ ဒါပေမဲ့ ချွင်းချက်အနေနဲ့…

Weight မြန်မြန် ကျချင်တဲ့ သူတွေကတော့ တောင်ပံတွေ မခြွေပဲ စားနိုင်ပါတယ်။ သေချာရေးဆေးပြီး ဆားနဲ့နယ်ပါ။ ရေကို ၂ ခါလောက်ပြန်ဆေးရင် စားလို့ရပါတယ်။ တောင်ပံတွေမှာ အရမ်းကို Fiber အမျှင်ဓာတ်ကြွယ်ဝ လို့ Weight ကျစေပါတယ်။

ကိုယ်ဝန်ဆောင်စဉ် မစားပါနဲ့… ကိုယ်ဝန်ဆောင်စဉ်တော့ အဆိပ်ဖြေရည် Detox water တောင် မသောက်သင့်တာ…ဒန့်သလွန်စေ့ ကလည်း Detox လုပ်ပေးတာကြောင့် မစားသင့်ပါဘူး။ ဒါပေမဲ့ ကိုယ်ဝန် လိုချင်တဲ့ စုံတွဲတွေအတွက်တော့ မှန်မှန် စားသင့်တဲ့ အစေ့ပါပဲ။

ဗိုက်ထဲ အစာမရှိတဲ့ အချိန်မစားပါနဲ့… စားလိုက်ရင် ဝမ်းသွားတာမျိုး၊ နေထိုင်မကောင်းသလိုမျိုး ဖြစ်တတ်ပါတယ်။ ဒါက အစေ့ရဲ့ သန့်စင်ခြင်း လုပ်ငန်းကြောင့် ဖြစ်လာတဲ့ ရလဒ်ပါ။ အရမ်းအာနိသင်ရှိပီး ဆေးဖက်ဝင်တဲ့ အစေ့ပါ။

ဒန့်သလွန်စေ့ နေ့တိုင်းစားရင် Energy drink တွေတောင်သောက်စရာမလိုဘူးလို့ ပြောထားတဲ့ Video တွေ ရှိပါတယ်။ ဦးနှောက်မှတ်ဉာဏ်ကိုလည်း ကောင်းတယ်။ ဝမ်းချုပ်ခြင်း ကင်းစေတယ်။ နိုင်ငံခြားမှာတော့… Cold pressing နည်းစနစ်နဲ့ အစေ့ကနေ အဆီထုတ်တယ်။

ဒန့်သလွန်စေ့ အဆီမှာ Saturated fat 13% နဲ့ ကျန်းမာရေးအတွက် ကောင်းတဲ့ Unsaturated fat 82% အထိ ပါဝင်လို့ သံလွင်ဆီ လိုပဲ အာနိသင်ထက်မြက်ပါတယ်။ အိမ်မှာ ဒန့်သလွန်ပင်ရှိရင် အသီးတွေ မစားဖြစ်လို့ ရင့်သွားရင် လွှင့်မပစ်လိုက်ပါနဲ့။

အစေ့ လိုချင်ရင် ကြွေမှ ကောက်တာထက် မကြွေခင် စုဆောင်းပြီး အခြောက်လှမ်းပါ။ အစေ့နု လေးတွေကို ပဲစေ့ လို ကြော်စား၊ ပြုတ်စားနိုင်သလို အစေ့မာ ကို လှော်စား၊ အမှုန့်ပြုထား လို့ ရပါတယ်။

David ကို အခုတော့ စာပြန်ပို့ပြီး အပြင်မှာတွေ့တဲ့အခါ ငါတို့ မြန်မာမှာ ပေါပေါ များများရတဲ့ ဒန့်သလွန်စေ့ တွေ လက်ဆောင်တွေပေးရဦးမယ်နော့…။

ခရက်ဒစ်#hello dr.diet#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။