ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်နိုင်ဖို့ အကောင်းဆုံးကြိုးစားသွားမည်ဟု ကတိစကားဆိုလိုက်တဲ့ အောင်လအန်ဆန်း

Posted by

One Championship ရဲ့နှစ်ထပ်ကွမ်းချန်ပီယံဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ကချင်သားကြီး အောင်လအန်ဆန်းဟာ လက်ရှိအချိန်မှာတော့ သူ့ရဲ့ချန်ပီယံခါးပတ်တွေကို ဆုံးရှုံးထားခဲ့ရပြီးဖြစ်ပြီး ဖိုက်တာဘဝရဲ့အဆိုးရွားဆုံးနေ့ရက်တွေကို ကျော်ဖြတ်နေရတာ ဖြစ်ပါတယ်။

နောက်ဆုံးထိုးသတ်ထားသည့် ၄ ပွဲမှာ ၃ ပွဲထိ ရှုံးနိမ့်ခဲ့ပြီးနောက် အောင်လဟာ ကြိုးဝိုင်းနှင့် ၈ ကျော် ၉ လနီးပါးကြာအောင် ဝေးကွာနေခဲ့ရပြီး ONE Championship ဟာ ၎င်းကိုပွဲတည်ပေးနိုင်ဖို့ ဖိုက်တာရွေးချယ်ခြင်းအပိုင်းမှာ ခက်ခဲနေခဲ့ရပါတယ်။

ယခုအချိန်မှာတော့ အောင်လအန်ဆန်းဟာ ပြိုင်ဘက်သစ်ရရှိသွားပြီဖြစ်ပြီး ၎င်းကို ဂျပန်သားကြီး ယူရှင်အိုကာမီနှင့် ပွဲတည်ပေးထားပါတယ်။ အိုကာမီဟာ အသက် (၄၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး နောက်ဆုံး ၃ နှစ်အတွင်းမှာ ၁ ပွဲမှမထိုးရသေးတာကြောင့် အောင်လအတွက် ခက်ခဲမည့်ပြိုင်ဘက်ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

အောင်လအနေဖြင့် ယခုပွဲကိုသာ အနိုင်ရရှိသွားမည်ဆိုပါက နောက်ပွဲဟာ လပိုင်းအတွင်းမှာ ထပ်မံဖြစ်လာမှာ ဖြစ်ပါတယ်။ ချန်ပီယံခါးပတ်ကို စိန်ခေါ်နိုင်ဖို့အတွက် အောင်လဟာ မစ်ဒယ်ဝိတ်တန်းမှာ နိုင်ပွဲဆက်ရရှိမှသာ အခွင့်အရေးရရှိမှာဖြစ်တာကြောင့် သူဟာ အိုကာမီနဲ့ပွဲမှာ အစွမ်းကုန်ကြိုးစားသွားခဲ့တာ ဖြစ်ပါတယ်။

အောင်လနဲ့ ယူရှင် အိုကာမီတို့ဟာ ယခုလ ၁၉ ရက်နေ့တွင် ထိုးသတ်ခဲ့ပြီး အောင်လဟာ ပထမအချီမှာဘဲ ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပါတယ်။ တစ်ချိန်က ONE Championship မှာ တောက်ပခဲ့တဲ့ အောင်လအန်ဆန်းရဲ့ပုံစဲမျိုးကို ပြီးခဲ့ပွဲမှာ မြင်တွေ့ခဲ့ရတာကြောင့် အောင်လအနေဖြင့် ပြန်လည်အောင်မြင်လာမလားဆိုတာ စိတ်ဝင်စားစရာပါဘဲ။

ပရိသတ်ကြီးတို့ရော အောင်လတစ်ယောက် သူမျှော်လင့်တောင့်တနေသည့် မစ်ဒယ်ဝိတ်တန်းရဲ့ချန်ပီယံခါးပတ်ကြီးကို ပြန်လည် ပိုင်ဆိုင်ခွင့်ရရှိသွားလိမ့်မည်ဟု ထင်မြင်ကြပါသလားခင်ဗျာ။

Zawgyi(version)

One Championship ရဲ႕ႏွစ္ထပ္ကြမ္းခ်န္ပီယံေဟာင္းတစ္ဦးျဖစ္ခဲ့တဲ့ ကခ်င္သားႀကီး ေအာင္လအန္ဆန္းဟာ လက္ရွိအခ်ိန္မွာေတာ့ သူ႕ရဲ႕ခ်န္ပီယံခါးပတ္ေတြကို ဆုံးရႈံးထားခဲ့ရၿပီးျဖစ္ၿပီး ဖိုက္တာဘဝရဲ႕အဆိုး႐ြားဆုံးေန႕ရက္ေတြကို ေက်ာ္ျဖတ္ေနရတာ ျဖစ္ပါတယ္။

ေနာက္ဆုံးထိုးသတ္ထားသည့္ ၄ ပြဲမွာ ၃ ပြဲထိ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေအာင္လဟာ ႀကိဳးဝိုင္းႏွင့္ ၈ ေက်ာ္ ၉ လနီးပါးၾကာေအာင္ ေဝးကြာေနခဲ့ရၿပီး ONE Championship ဟာ ၎ကိုပြဲတည္ေပးနိုင္ဖို႔ ဖိုက္တာေ႐ြးခ်ယ္ျခင္းအပိုင္းမွာ ခက္ခဲေနခဲ့ရပါတယ္။

ယခုအခ်ိန္မွာေတာ့ ေအာင္လအန္ဆန္းဟာ ၿပိဳင္ဘက္သစ္ရရွိသြားၿပီျဖစ္ၿပီး ၎ကို ဂ်ပန္သားႀကီး ယူရွင္အိုကာမီႏွင့္ ပြဲတည္ေပးထားပါတယ္။ အိုကာမီဟာ အသက္ (၄၁) ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး ေနာက္ဆုံး ၃ ႏွစ္အတြင္းမွာ ၁ ပြဲမွမထိုးရေသးတာေၾကာင့္ ေအာင္လအတြက္ ခက္ခဲမည့္ၿပိဳင္ဘက္ျဖစ္လာနိုင္မွာ မဟုတ္ပါဘူး။

ေအာင္လအေနျဖင့္ ယခုပြဲကိုသာ အနိုင္ရရွိသြားမည္ဆိုပါက ေနာက္ပြဲဟာ လပိုင္းအတြင္းမွာ ထပ္မံျဖစ္လာမွာ ျဖစ္ပါတယ္။ ခ်န္ပီယံခါးပတ္ကို စိန္ေခၚနိုင္ဖို႔အတြက္ ေအာင္လဟာ မစ္ဒယ္ဝိတ္တန္းမွာ နိုင္ပြဲဆက္ရရွိမွသာ အခြင့္အေရးရရွိမွာျဖစ္တာေၾကာင့္ သူဟာ အိုကာမီနဲ႕ပြဲမွာ အစြမ္းကုန္ႀကိဳးစားသြားခဲ့တာ ျဖစ္ပါတယ္။

ေအာင္လနဲ႕ ယူရွင္ အိုကာမီတို႔ဟာ ယခုလ ၁၉ ရက္ေန႕တြင္ ထိုးသတ္ခဲ့ၿပီး ေအာင္လဟာ ပထမအခ်ီမွာဘဲ ၿပိဳင္ဘက္ကို အလြယ္တကူ အနိုင္ယူနိုင္ခဲ့ပါတယ္။ တစ္ခ်ိန္က ONE Championship မွာ ေတာက္ပခဲ့တဲ့ ေအာင္လအန္ဆန္းရဲ႕ပုံစဲမ်ိဳးကို ၿပီးခဲ့ပြဲမွာ ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ေအာင္လအေနျဖင့္ ျပန္လည္ေအာင္ျမင္လာမလားဆိုတာ စိတ္ဝင္စားစရာပါဘဲ။

ပရိသတ္ႀကီးတို႔ေရာ ေအာင္လတစ္ေယာက္ သူေမွ်ာ္လင့္ေတာင့္တေနသည့္ မစ္ဒယ္ဝိတ္တန္းရဲ႕ခ်န္ပီယံခါးပတ္ႀကီးကို ျပန္လည္ ပိုင္ဆိုင္ခြင့္ရရွိသြားလိမ့္မည္ဟု ထင္ျမင္ၾကပါသလားခင္ဗ်ာ။