“ရွှေမန္တလေးရဲ့ ပုလဲငွေရောင်ရပ် က မြန်မာပြည်၏ ပထမဦးဆုံး ဆိုက်ကားကို စတင်တီထွင်ခဲ့သူ”

မန္တလေး ပုလဲငွေရောင်ရပ် က မြန်မာပြည် ပဌမဦးဆုံး ဆိုက္ကား စတင်သူ..ဆိုက္ကား (Side Car) ဆိုတာက စက်မလို လောင်စာဆီမလိုဘဲလူ့အင်အားကို အသုံးပြုပြီး စက်ဘီးကို အခြေခံပြီးပေါ်လာတဲ့ ယာဉ်ပါ..

ကျနော်က ၈၃လမ်းနှင့် ၂၀-၂၁လမ်းကြားမှာ ကောင်းသန့် စက်ဘီးအပိုပစ္စည်းဆိုင်ကို ၁၉၉၂ကစတင်ဖွင့်လှစ် ခဲ့တာ အခုထိပါဘဲ..စက်ဘီးမြို့တော် ဆိုတော့ စက်ဘီး ဆိုက္ကားဆရာများ က ကျနော်ရဲ့ဖောက်သည် ကျေးဇူးရှင်တွေပါ..

အရင်က စက်ဘီး ဆိုက္ကား တော်တော်ပေါခဲ့ပြီး လမ်းဆုံထောင့်တွေ တိုင်းမှာ ဆိုက္ကားဂိတ်တွေ ရှိပြီး သွားချင်တဲ့ လိုရာခရီးကို အရောက်ပို့ဆောင်ပေးခဲ့ကြတာပါ…

နှစ်စဉ် ဆိုက္ကား ဆရာများရဲ့ချွေးနည်းစာများစုပြီး ဂိတ်အလိုက် စုပေါင်းဘုံကထိန်မှာ ခင်းပြီ မဲကျရာကျောင်းတိုက်ကို ဆိုက္ကားများပေါ် ပဒေသာပင် တင်ပြီစီတန်းလှည့်သွားကြတာ ကြည်ညိုစရာပါ…

အခုတော့ စက်ဘီး ၊ဆိုက္ကား နေရာမှာ ဆိုင်ကယ် ၊မီနီအိုးဝေ တုတ်တုတ်တွေ နေရာယူလာကြပါပြီ…ပြောပြချင်တာက..မြန်မာပြည်ဆိုက္ကား စတင်ပေါ်လာတာက မန္တလေးမြို့ ပုလဲငွေရောင်ရပ်က စတင်ခဲ့တာပါ…

၁၃၀၀ပြည့် အရေးတော်ပုံကြီးပေါ်ပေါက်လာတော့ မြန်မာပြည်သူပြည်သားများ ဟာ နိုင်ငံခြားသားပိုင်ပစ္စည်း အသုံးမပြုရေး သပိတ်မှောက်ကြရာ…..

မြို့လည်ခေါင်ပြေးဆွဲနေတဲ့ ဓာတ်ရထားနေရာမှာ မြို့သူမြို့သားများက မစီးတော့ဘဲ.. စက်ဘီးကို သစ်သားဖြင့် ဘေးတွဲ တွဲပြီး (ယခင်က ဘယ်ချိုး) ဆိုက္ကား ကို တီထွင်ခဲ့ပါတယ်…

ထိုစဉ် က Raleigh ကျားစီးစက်ဘီးအသစ်မှ ၁၂၅ကျပ် နှင့် ဟာကြူလီ ကျားစီး တစီးမှ ၅၀ကျပ် သာ ရှိသည်ဟုသိရပါသည်..(1938)ခုနှစ်ဆိုက္ကားကို ဦးစွာ ဒီဇိုင်းထုတ် တီထွင်ခဲ့သူက ကားဘော်ဒီဆရာကြီး ဆရာညှိ ဖြစ်ပါတယ်..

ကားဘော်ဒီဆရာကြီး ဆရာညှိ ဟာ စစ်ကိုင်းတိုင်း ရွှေဘို ဝက်လက်နယ် ကျီးကန်ရွာ ဇာတိဖြစ်ပြီး ငယ်စဉ်ကတည်းက တီထွင်မူ့ကို ဝါသနာပါတယ်လို့ဆိုပါတယ်..

ရွာမှ ရေတွင်းကိုလည်းလေရဟတ်နှင့် ရေတင်ဘို့ တီထွင်ခဲ့ဘူးပါတယ်..ဆရာညှိ ရဲ့ အလုပ်ရုံက ၈၂လမ်းနှင့် လမ်း၂၀ထောင့် တဝဂူ ဘုရားနှင့် ဓားလွယ်ခုတ် လမ်းအနောက်ဘက်မှာ အခုထိ ရှိနေပါတယ်..

အလုပ်ရုံ ကပေ ၁၀၀ပတ်လည် ရှိပြီး ဆရာညှိက ဆိုက္ကားဒီဇိုင်းကို လက်နှင့် လေပေါ်မှာပုံစံချိုး ပြီး မှ လက်တွေ့လုပ်သူပါ…စက်ဘီးအဟောင်းတစီး ကို အရင် ပုံစံချိုးပြီးစတင်လုပ်ကိုင်ခဲ့ပြီး…အလုပ်သမား၃၀ ဦးနှင့် လုပ်ကိုင်ခဲ့ပြီးတနိုင်ငံလုံးဖြန့်ချီ ပါတယ်..

တဖြေးဖြေး ဆိုက္ကား တတ်ဆင် လုပ်ကိုင်ခြင်းအပြင်..စစ်ကျန် ဗိုက်ပူ ချက်ပလက် ကားတွေ ကို ဘော်ဒီ ဒီဇိုင်းထုပ်ပြီး လိုင်းကား တွေကို ကိုယ်တိုင် လွှစင်ကြီးနှင့် ပုံစံချိုးပြီးထုပ်လုပ်ခဲ့ပါသေးတယ်..

အရင်က အလှူပွဲ အငြိမ့်ပွဲတွေ အတွက် မီးစက်ကြီးများ ငှားရမ်းတဲ့အလုပ်လည်းလုပ်ပါတယ်…အဲဒီခေတ်အခါက မန္တလေး စဉ့်ကူး- စဉ့်ကူး မန္တလေး ကို အသွားအပြန် ကားနှစ်စီးထားပြီး လိုင်းကားစတင်ပြေးဆွဲခဲ့တာပါ..

ဆရာညှိ နှင့် ဇနီး ဒေါ်ဉာဏ် တို့မှ သမီး ၂ ဦး(ဒေါ်သန်မေ၊ဒေါ်သန်းရွှေ) သား ၁ ဦး (ဦးကိုလေး)ထွန်းကားခဲ့ပြီး..အသက်(၈၀နှစ်)၁၉၇၈ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်..

ဆရာညှိမျိုးဆက်အနေနှင့် တပည့် သားမက် ဦးလှမောင် သမီးဒေါ်သန်းရွှေက. သမီး၃ ဦး ဒေါ်ရီရီ၊ဒေါ်နွဲ့နွဲ့ရီ၊ဒေါ်နုနုဆွေ တို့ မွေးဖွာခဲ့ပြီး..သမီးကြီးဖြစ်သူ ဒေါ်ရီရီက ရွှေတိုက်ရုံဝင်းပိုင်ရှင်ဦးလှမောင် သား ဆရာဦးအေးကို အကြောင်းပါပြီး (AK) တွင်ခုံလုပ်ငန်း နာမည်နှင့်ရုပ်ရှင်ပြစက်တွေ ထုပ်လုပ်ပါတယ်..

ငယ်ငယ် ကညောင်ပင်ဈေးကျောင်းဆင်းလို့ပြန်ရင် ရုပ်ရှင် ပြစက်ပြင်တဲ့နေရာက ဝင်းထရံကြားက ကြည့်ခဲ့ဘူးတာ သတိရပါသေးတယ်..ဆရာညှိရဲ့မြေးသားမက်ဦးအေးကို ကဆရာညှိ ပြုလုပ်တည်ဆောက်ခဲ့တဲ့ ဘုရားပုထိုးသိမ်များများကိုပြန်လည်မွန်းမံ ခဲ့သူပါ..

ဆရာဦးအေးကို တဝဂူ ဘုရားပွဲတွေမှာ အများနှင့်မတူ တမူထူးအောင် နှစ်စဉ် ဆွမ်းလောင်းတဲ့ နေရာကို(ရဲလောင်း) ပြုလုပ်လေ့ရှိပါတယ်..(ရေလိူင်းကြားက နဂါးကြီးပေါ်လာပြီး မီးများလွှတ်ပုံ….ဆင်ဖြူတော် လူပ်ရှားနေပုံ…)

ကိုဗစ် တတိယလိူင်းမှာ ကွယ်လွန်သွားပါတယ်…ဆရာဦးအေးကို ကွယ်လွန်သွားခြင်းကလည်း စက်မူ့လောက.. တဝဂူ ဘုရားပွဲ များအတွက် ဆုံးရူံးမူ့တခုပါ)

ကားဘော်ဒီဆရာညှိရဲ့ မြစ်ဆရာဦးအေးကို (AK) နှင့် ဒေါ်ရီရီ သားကိုစန်းဝင်းကတော့ စက်မူ့မြို့သစ်မှာ (AK စက်မူ့တွင်ခုံလုပ်ငန်း)အနေဖြင့်ဆရာညှိ မျိုးဆက်အနေဖြင့် အခုလက်ရှိလုပ်ကိုင်နေပါသေးတယ်…

တချိန် ကမြန်မာ အမျိုးသားရဲ့ဇာတိမာန်ပြရုပ် တခုအဖြစ်ဖော်ဆောင်ခဲ့ ဆိုက္ကား သမိုင်းကို ပုံဖော်ခွင့်ရလို့ကျေးဇူးပါ။

crd,လူထု​ဒေါ်အမာ

Leave a Reply

Your email address will not be published.