UFC မှာအခွင့်အရေးရရင် ထိုးချင်ပါတယ် လို့ဆိုလာတဲ့ အောင်လ

Posted by

ONE Championship အဖွဲ့အစည်းလက်အောက်ရှိ မစ်ဒယ်ဝိတ်တန်းမှာထိုးသတ်နေသည့် ကျွန်တော်တို့မြန်မာ့ဂုဏ်ဆောင် ကချင်သားကြီးအောင်လအန်ဆန်း သည် ONE လောကမှာ အကျော်အမော်ဖိုက်တာတစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသည့် ဖိုက်တာတစ်ဦးဖြစ်ပါတယ်။

အောင်လသည် ONE Championship အဖွဲ့အစည်းသို့ မရောက်ခင်က MMA လောကတွင် အအောင်မြင်ဆုံးဖြစ်သည့် UFC အဖွဲ့အစည်းကြီးရဲ့လက်အောက်တွင် ထိုးသတ်ခွင့်ရဖို့အတွက် ကြိုးစားခဲ့ဖူးပါသည်။ သို့သော်လည်း အဆိုပါအချိန်တုန်းက အောင်လဟာ MMA လောကထဲသို့ဝင်ရောက်ခါစဖြစ်သောကြောင့် ၎င်း၏ MMA မှတ်တမ်းဟာ နိုင်လိုက် ရှုံးလိုက်နှင့် မတည်ငြိမ်သောကြောင့် UFC က အောင်လကို မရွေးချယ်ခဲ့ပေ။

ဒါကြောင့် အောင်လသည် ONE Championship အဖွဲ့အစည်းနှင့်သာ လက်တွဲခဲ့ပါတယ်။ ယခုလို ONE CHAMPIONSHIP နှင့်လက်တွဲခဲ့ခြင်းဟာ အောင်လအန်ဆန်းအတွက် ကောင်းမွန်သည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး 2018 ခုနှစ်မှာတော့ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတို့ရဲ့ နှစ်ထပ်ကွမ်းချန်ပီယံဖိုက်တာတစ်ဦးဖြစ်လာခဲ့ပါတယ်။

အောင်လဟာ ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်သွားခဲ့သည့် အင်တာဗျူးတစ်ခုတွင် – ” ONE Championship မှာထိုးသတ်ခွင့်ရခဲ့တာ ကျွန်တော့်အတွက် အကောင်းမွန်ဆုံးအခိုက်အတံ့တစ်ခုပါ။ ကျွန်တော်ဒီမှာ ပျော်ရွှင်နေသလို အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အိမ်မက်တစ်ခုရှိပါတယ်။ အခွင့်အရေးသာ ရမည်ဆိုပါက UFC အဖွဲ့အစည်းလက်အောက်မှာ ထိုးသတ်ခွင့်ရချင်ပါတယ်။” ဟု ပြောကြားသွားခဲ့ပါသည်။

ပရိသတ်ကြီးတို့ရော အောင်လအန်ဆန်းကို UFC အဖွဲ့အစည်းလက်အောက်မှာ ထိုးသတ်တာကို ကြည့်ရှုချင်ပါသလားခင်ဗျာ။ အကယ်၍ အောင်လသာ UFC မှာထိုးမည်ဆိုပါက ယခုလို အောင်မြင်မှုများရရှိနိုင်လိမ့်မည်ဟု ထင်ပါသလားဆိုတာ ကွန်းမန့်ဘောက်စ်မှာ ဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျာ။

Zawgyi(version)

ONE Championship အဖြဲ႕အစည္းလက္ေအာက္ရွိ မစ္ဒယ္ဝိတ္တန္းမွာထိုးသတ္ေနသည့္ ကြၽန္ေတာ္တို႔ျမန္မာ့ဂုဏ္ေဆာင္ ကခ်င္သားႀကီးေအာင္လအန္ဆန္း သည္ ONE ေလာကမွာ အေက်ာ္အေမာ္ဖိုက္တာတစ္ဦးျဖစ္ၿပီး ပရိသတ္အားေပးမႈအခိုင္အမာရရွိထားသည့္ ဖိုက္တာတစ္ဦးျဖစ္ပါတယ္။

ေအာင္လသည္ ONE Championship အဖြဲ႕အစည္းသို႔ မေရာက္ခင္က MMA ေလာကတြင္ အေအာင္ျမင္ဆုံးျဖစ္သည့္ UFC အဖြဲ႕အစည္းႀကီးရဲ႕လက္ေအာက္တြင္ ထိုးသတ္ခြင့္ရဖို႔အတြက္ ႀကိဳးစားခဲ့ဖူးပါသည္။ သို႔ေသာ္လည္း အဆိုပါအခ်ိန္တုန္းက ေအာင္လဟာ MMA ေလာကထဲသို႔ဝင္ေရာက္ခါစျဖစ္ေသာေၾကာင့္ ၎၏ MMA မွတ္တမ္းဟာ နိုင္လိုက္ ရႈံးလိုက္ႏွင့္ မတည္ၿငိမ္ေသာေၾကာင့္ UFC က ေအာင္လကို မေ႐ြးခ်ယ္ခဲ့ေပ။

ဒါေၾကာင့္ ေအာင္လသည္ ONE Championship အဖြဲ႕အစည္းႏွင့္သာ လက္တြဲခဲ့ပါတယ္။ ယခုလို ONE CHAMPIONSHIP ႏွင့္လက္တြဲခဲ့ျခင္းဟာ ေအာင္လအန္ဆန္းအတြက္ ေကာင္းမြန္သည့္ ဆုံးျဖတ္ခ်က္တစ္ခုျဖစ္ၿပီး 2018 ခုႏွစ္မွာေတာ့ မစ္ဒယ္ဝိတ္တန္းႏွင့္ လိုက္ဟဲဗီးဝိတ္တန္းတို႔ရဲ႕ ႏွစ္ထပ္ကြမ္းခ်န္ပီယံဖိုက္တာတစ္ဦးျဖစ္လာခဲ့ပါတယ္။

ေအာင္လဟာ ၿပီးခဲ့သည့္ ရက္ပိုင္းက ျပဳလုပ္သြားခဲ့သည့္ အင္တာဗ်ဴးတစ္ခုတြင္ ONE Championship မွာထိုးသတ္ခြင့္ရခဲ့တာ ကြၽန္ေတာ့္အတြက္ အေကာင္းမြန္ဆုံးအခိုက္အတံ့တစ္ခုပါ။ ကြၽန္ေတာ္ဒီမွာ ေပ်ာ္႐ႊင္ေနသလို ေအာင္ျမင္မႈေတြလည္း ရယူနိုင္ခဲ့လို႔ ဝမ္းသာမိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္မွာ အိမ္မက္တစ္ခုရွိပါတယ္။ အခြင့္အေရးသာ ရမည္ဆိုပါက UFC အဖြဲ႕အစည္းလက္ေအာက္မွာ ထိုးသတ္ခြင့္ရခ်င္ပါတယ္။ ဟု ေျပာၾကားသြားခဲ့ပါသည္။

ပရိသတ္ႀကီးတို႔ေရာ ေအာင္လအန္ဆန္းကို UFC အဖြဲ႕အစည္းလက္ေအာက္မွာ ထိုးသတ္တာကို ၾကည့္ရႈခ်င္ပါသလားခင္ဗ်ာ။ အကယ္၍ ေအာင္လသာ UFC မွာထိုးမည္ဆိုပါက ယခုလို ေအာင္ျမင္မႈမ်ားရရွိနိုင္လိမ့္မည္ဟု ထင္ပါသလားဆိုတာ ကြန္းမန႔္ေဘာက္စ္မွာ ဝင္ေရာက္ေဆြးႏြေးေပးၾကပါဦးခင္ဗ်ာ။