ဒယ်နီအိုးကဓာတ်ခနတိုင်းလိုက်နေလို့ဆိုပီးလွှတ်မပစ်လိုက်ပါနက်ဒီနည်းတိုင်းပြုပြင်လိုက်ပါ

ဒယ်နီဒယ်ပြာသုံးသူတိုင်းသိထားသင့်သည့်အသုံးဝင်တဲ့နည်းလမ်းလေးများမိတ်ဆွေကောင်းတို့အိမ်အများစုမှာဒယ်နီဒယ်ပြာဒယ်ခရမ်းတို့ကို တော်တော်များများအသုံးပြုကြမှာပါအလုံးပေါင်းမနည်းပျက်လိုက်ဝယ်လိုက်နဲ့ကျွမ်းကျင်စွာ

သုံးနေကြတဲ့သူတွေရှိသလိုဝယ်ပြီးတာနဲ့စနစ်တကျတန်းသုံးတတ်တဲ့လူတွေလည်းတော်တော်များများတွေ့ရပါတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော့်မိတ်ဆွေကောင်းတွေအတွက်အသုံးတဲ့စေမယ့်အချက်လေးတွေကျွန်တော်ထပ်ထည့်ပေးလိုက်ပါတယ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrightsEainshinma.com

ဒယ္နီအမ်ားစုအားလုံးနီးပါးမွာ မီးဆြဲအား2000Wရှိပြီးမီးအတိုးအလျော့လုပ်လို့ရတာကြောင့်Extension Cord(ကြိုးခွေအဝိုင်းများ)နှင့်လုံး၀မသုံးသင့်ပါဘူးအခုနောက်ပိုင်းထွက်သမျှဒယ်နီတွေမှာAuto cut-off systemအလိုလျောက်မီးဖြတ်ပေးတဲ့စနစ်ပါလို့အတိုးအလျော့ ဘုလေးကိုအဆုံးထိမထားပဲ
လိုသလိုချိန်သုံးရင်*ချက်နေရင်းဆီပူမယ်

ကြံရင်းအိုးကမပူတောရင်းအဲလို ဖြစ်တတ်ပါတယ်ဒါကြောင့်ကိုယ်ကဟင်းချက်နေရင်းအမြဲတမ်းအိုးကိုပူစေချင်တယ်ဆိုရင်အတိုးအလျော့ဘုလေးကိုအဆုံးထိတင်ထားရင်အဆင်ပြေပြီး
Auto cut-off system

(အလိုလျောက်မီးဖြတ်ပေးတဲ့စနစ်)ကလည်းအလုပ်မလုပ်တော့ပါဘူဒီနေရာမှာအကြံပေးချင်တာကဘုကိုအဆုံးထိထားပြီးဟင်းချက်ပြီးရင်ခလုတ်ပိတ်ပလပ်ဖြုတ်ပါဒါဆိုဘုကိုအတိုးအလျော့မကစားပဲအဆုံးမှာပဲထားခိုင်းတဲ့သဘောဖြစ်ပါတယ်

ကောင်းကျိုးကဘုပျက်ခြင်းကျိုးခြင်းမှကင်းဝေးနိုင်ပါပြီမီးဆွဲအားရှိနိုင်ပေမယ့်ကိုယ်ကခိုင်ခံ့သောအထိုင်နဲ့သုံးတယ်ဆိုရင်ဘာမှစိတ်ပူစရာမရှိပါဘူးနော်ဂျိုးကပ်တဲ့အကြောင်းလေးပြောပေးချင်ပါတယ်

ရိုးရိုးအိုးဖြူဖြစ်ဖြစ်non-stickမကပ်တဲ့အိုးမည်းဖြစ်ဖြစ်ဂျိုးကပ်တယ်လို့ခဏခဏကျွန်တော်တို့ဆိုင်မှဝယ်သူကောင်း
တွေဆီမှအမြဲကြားရပါတယ်တကယ်တော့အဓိကဒီအချက်ကြောင့်ပါပဲ။

ထမင်းပေါင်းအိုးတွေရဲ့ထုံးစံမှာတစ်ခါသိုးဖူးသွားရင်ဘယ်လောက်ဆေးဆေး နောက်ပိုင်းအသိုးလွယ်တာမျိုးကိုကြားဖူး တွေ့ဖူူးကြမှာပါဒါလည်းဒီသဘောပါပဲ

အိုးဖြူဆို ကြော်လှော်တဲ့အခါကိုယ်ကတစ်ခြားအလုပ်လုပ်နေလို့ပစ်ထားမိပြီးကပ်သွားပြီဆိုရင်နောက်ပိုင်းလည်းဘယ်လောက်ဆေးဆေးကပ်ဖို့အားသာနေပါပြီချွင်းချက်အနေနဲ့တစ်ခါတစ်လေအိုးကမီးမညီတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်

နောက်တစ်ချက်ကNon-Stickအိုးပါမကပ်တဲ့အိုးဆိုပြီးဘာလို့ကပ်လဲဒါကကျတော့ဒီလိုပါnon-stickအိုးကိုသုံးတဲ့အချိန်မှာတော်တော်များများကထုံးစံအတိုင်းစတီးဇွန်းသံဇွန်းနဲ့သုံးကြတာများပါတယ်

ကျွန်တော့်အမေအပါအဝင်ပေါ့အဲဒီတော့ မွှေရင်း ခြစ်မိတဲ့အခါကျတော့Non-StickကေနမNon-Stick ဖြစ်လာတဲ့သဘောဖြစ်ပြီးအားရပါးရကပ်တော့တာပါပဲ။တကယ်တော့Non-Stick ကသစ္သား ယောက်မ(သို့မဟုတ်)သူနဲ့တွဲသုံးရတဲ့ဇွန်းတွေ
ယောက်မတွေ းရှိပါတယ်

အဲဒါလေးတွေနဲ့ဆိုရေရှည်အဆင်ပြေစွာသုံးနိုင်ပါတယ်city mart,ocean တွေမှာဝယ်လို့ရနိုင်သလိုကျွန်တော်တို့လည်းတွဲရောင်းပေးဖို့စီစဉ်နေကြပါပြီနောက် အိုးကပ်တာပြောရင်း တစ်ဆက်တည်းအိုးမှာကပ်နေတဲ့ ဟင်းတွေထမင်းတွေကိုဘယ်လိုလွယ်ကူအောင်ခွာမလဲဆိုတဲ့နည်းလေးပါ

ပြောပေးပါ့မယ်လွယ်ပါတယ်ကပ်နေတဲ့အိုးထဲကို ရေအနည်းငယ် ချိန်ထည့်ပြီးပလပ်ပြန်ထိုးခလုတ်ဖွင့်ပြီး ရေဆူတဲ့အထိထားလိုက်ရုံပါပဲဒါဆိုကပ်နေတာတွေအကုန် သူ့အလိုလို ကွာလာတာတွေ့ရပါလိမ့်မယ်ဒါဆိုတစ်ဆက်တည်းဆေးကြောပုံနဲ့ဆေးကြောပြီးနောက်ပိုင်းဘယ်လိုရေရှည်ခံအောင်လုပ်ရမလဲဆိုတာလေးပြောပေးပါ့မယ်

ဆေးတာကတော့အဓိကအိုးတစ်ခုလုံးကိုမဆေးမိဖို့ပါပဲ
အိုးအထဲပိုင်းထဲရေထည့်ဆပ်ပြာနဲ့ဆေးပြီးရင်အိုးအပြင်ကို ရေစိုဖော့ဖတ်လေးနဲ့တိုက်ပေးရင်အထူးအဆင်ပြေပါတယ်နော်အိုးကိုစိတ်ကြိုက်ဆေးကြောပြီးပြီဆိုတာနဲ့မီးပလပ်ပြန်ထိုးခလုတ်ဖွင့်ပြီးအိုးမှာရှိနေကပ်နေတဲ့ ရေစက်လေးတွေအငွေ့ပြန်သွားတဲ့အထိအပူပေးထားပါ

ခြောက်သွေ့သွားပြီဆို ပြန်ပိတ်ထားလိုက်ပါဒါဆိုနောက်တစ်ခါချက်ဖို့အတွက်အဆင်သင့်ဖြစ်သလိုဓာတ်လိုက်မှာကိုလည်းတွေးကြောက်နေစရာ မလိုတော့ဘူးပေါ့။သြော်ဓာတ်လိုက်တယ်ဆိုလို့
ဒယ်နီကိုချက်တဲ့အချိန်သုံးတဲ့ဇွန်းကလက်ကိုင်ကိုင်း ကော်သို့မဟုတ်သစ်သား ဖြစ်ဖို့ကိုအကြံပေးချင်ပါတယ်။

တစ်ချို့ဒယ်နီတွေက ဆေးကြောနည်းအလွဲသို့မဟုတ်သုံးတာကြာရင်earth(အက်)ဝင်တတ်ပြီးဓာတ်လိုက်တတ်လို့အန္တရာယ်မများပေမယ့်အမှတ်တမဲ့လန့်နိုင်တာမို့ကျွန်တော်မိတ်ဆွေကောင်းတွေမဖြစ်ရလေအောင်အထူးအကြံပေးလိုက်ရပါတယ်ကဲဒီလောက်ဆိုအိမ်ရှင်မအိမ်ရှင်ထီးများဒယ်နီအိုးတွေကိုဘယ်လိုသတိထားသုံးရမလဲ၊ဘာတွေဘယ်လိုကာကွယ်ရမယ်ဘယ်လိုတာရှည်ခံအောင်သုံးရမယ်ဆိုတာတွေကိုသိသွား တတ်သွားပြီလို့အထူး ယုံကြည်ပါတယ်
credit

Leave a Reply

Your email address will not be published.