ဘောင်းဘီအိတ်ထဲ ဖုန်းထည့်ဆောင်သူတွေ ကလေးအဖေဖြစ်ဖို့ အခွင့်အလမ်းနည်းသွားနိုင်(မိန်းကလေးများမဖတ်ရ)

Posted by

နေ့စဉ်နေ့တိုင်း ယောင်္ကျားလေးအများစုဟာ သတိမထားမိဘဲ ကိုယ်ရဲ့မျိုးပွားစေမယ့်အရာတွေ ကို အပူပေးသတ်နေသလို ဖြစ်ပေါ်နေတတ်ပါတယ်။ ဒါဟာ စမတ်ဖုန်းတွေကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားမှုကြောင့် စတင်လာခဲ့တာဖြစ်ပါတယ်။

ဘောင်းဘီအိတ်ကပ်ထဲ ဖုန်းထည့်ထားခြင်းဟာ ယောင်္ကျားလေးတွေရဲ့မျိုးပွားစေနိုင်တဲ့ သုတ်ပမာဏကို လျော့နည်းသွားစေနိုင်ပါတယ်။

ဒါကလည်း ဖုန်းကနေလွှင့်ထုတ်တဲ့ လျှပ်စစ်သံလိုက်လိုင်းတွေကြောင့်ဖြစ်ပြီး အိတ်ကပ်ထဲဖုန်းထည့်ထားရုံသာမကဘဲ တစ်နေ့ဖုန်းတစ်နာရီလောက်ပြောခြင်းနဲ့ ဖုန်းနဲ့အနီးအနားမှာ အိပ်ပျော်သွားခြင်းတို့ဟာလည်း အလားတူလက္ခဏဆိုးကို ဖြစ်ပေါ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။

စမ်းသပ်ချက်အရ အမျိုးသား၁၀၆ယောက်နဲ့ စမ်းသပ်ခဲ့ရာ ၄၇ရာခိုင်နှုန်းဟာ ဖော်ပြခဲ့အတိုင်း ဖုန်းကိုအသုံးပြုခဲ့လို့ ဖခင်ဖြစ်နိုင်မယ့်အခွင့်အရေးကနေ လျော့နည်းသွားခဲ့ရပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ သင့်ဖုန်းနဲ့ သင်နဲ့ဟာ အနည်းဆုံး လက်မနှစ်ဆယ်လောက်အကွာမှာထားတာ အကောင်းဆုံးပါဘဲ။

ဒါကြောင့်မို့ ယောင်္ကျားလေးများ တစ်ချိန်မှာဖခင်ဖြစ်လာမယ့်အခွင့်အရေးကို ဘာမဟုတ်တဲ့အရာလေးနဲ့ မဆုံးရှုံးရစေဖို့ ဒီနေ့ကစပြီး သတိထားကိုင်တွယ် အသုံးပြုကြပါလို့ ကျန်းမာရေးအသိလေး သတိပေးလိုက်ရပါတယ်ခင်ဗျာ။

Zawgyi(version)

ေန႕စဥ္ေန႕တိုင္း ေယာကၤ်ားေလးအမ်ားစုဟာ သတိမထားမိဘဲ ကိုယ္ရဲ႕မ်ိဳးပြားေစမယ့္အရာေတြ ကို အပူေပးသတ္ေနသလို ျဖစ္ေပၚေနတတ္ပါတယ္။ ဒါဟာ စမတ္ဖုန္းေတြကို ေဘာင္းဘီအိတ္ကပ္ထဲ ထည့္ထားမႈေၾကာင့္ စတင္လာခဲ့တာျဖစ္ပါတယ္။

ေဘာင္းဘီအိတ္ကပ္ထဲ ဖုန္းထည့္ထားျခင္းဟာ ေယာကၤ်ားေလးေတြရဲ႕မ်ိဳးပြားေစနိုင္တဲ့ သုတ္ပမာဏကို ေလ်ာ့နည္းသြားေစနိုင္ပါတယ္။

ဒါကလည္း ဖုန္းကေနလႊင့္ထုတ္တဲ့ လွ်ပ္စစ္သံလိုက္လိုင္းေတြေၾကာင့္ျဖစ္ၿပီး အိတ္ကပ္ထဲဖုန္းထည့္ထား႐ုံသာမကဘဲ တစ္ေန႕ဖုန္းတစ္နာရီေလာက္ေျပာျခင္းနဲ႕ ဖုန္းနဲ႕အနီးအနားမွာ အိပ္ေပ်ာ္သြားျခင္းတို႔ဟာလည္း အလားတူလကၡဏဆိုးကို ျဖစ္ေပၚေစနိုင္တယ္လို႔ ေလ့လာေတြ႕ရွိခ်က္မ်ားအရ သိရွိရပါတယ္။

စမ္းသပ္ခ်က္အရ အမ်ိဳးသား၁၀၆ေယာက္နဲ႕ စမ္းသပ္ခဲ့ရာ ၄၇ရာခိုင္ႏႈန္းဟာ ေဖာ္ျပခဲ့အတိုင္း ဖုန္းကိုအသုံးျပဳခဲ့လို႔ ဖခင္ျဖစ္နိုင္မယ့္အခြင့္အေရးကေန ေလ်ာ့နည္းသြားခဲ့ရပါတယ္။ အေကာင္းဆုံးနည္းလမ္းကေတာ့ သင့္ဖုန္းနဲ႕ သင္နဲ႕ဟာ အနည္းဆုံး လက္မႏွစ္ဆယ္ေလာက္အကြာမွာထားတာ အေကာင္းဆုံးပါဘဲ။

ဒါေၾကာင့္မို႔ ေယာကၤ်ားေလးမ်ား တစ္ခ်ိန္မွာဖခင္ျဖစ္လာမယ့္အခြင့္အေရးကို ဘာမဟုတ္တဲ့အရာေလးနဲ႕ မဆုံးရႈံးရေစဖို႔ ဒီေန႕ကစၿပီး သတိထားကိုင္တြယ္ အသုံးျပဳၾကပါလို႔ က်န္းမာေရးအသိေလး သတိေပးလိုက္ရပါတယ္ခင္ဗ်ာ။