မင်္ဂလာဝတ်စုံ ဝတ်ထားတဲ့ သတို့သမီး တစ်ဦးကဲ့သို့ အသွင်အပြင် ပေါ်နေပြီး စိတ်ဝင်စားစရာ နောက်ကွယ်ရာဇဝင်နဲ့အတူ လည်ပတ်သူတွေလည်း များပြားနေတဲ့ ရေတံခွန်

Posted by

မင်္ဂလာဝတ်စုံ ဝတ်ထားတဲ့ သတို့သမီးတစ်ဦးကဲ့သို့ အသွင်အပြင်ပေါ်နေပြီး စိတ်ဝင်စားစရာ နောက်ကွယ်ရာဇဝင်နဲ့အတူ လည်ပတ်သူတွေလည်း များပြားနေတဲ့ ရေတံခွန်

ကမ္ဘာပေါ်မှာ မရေမတွက်နိုင်တဲ့ လှပသော ရှုခင်းများဖြင့် ကြီးကျယ်ခမ်းနားသော ရေတံခွန်များ ရှိနေပြီး ၎င်းတို့ဟာ မည်သူမဆိုရဲ့ နှလုံးသားကို တုန်လှုပ်စေနိုင်ပါတယ်။

၎င်းတို့အထဲမှာမှ လှပသော သဘာဝ၊ ဖော်ရွေသော လူမျိုးများနှင့်အတူ ကျော်ကြားသော တိုင်းပြည်ဖြစ်တဲ့ ပီရူးသမ္မတနိုင်ငံ (ပစိဖိတ် သမုဒ္ဒရာကို မျက်နှာမူသော တောင်အမေရိကတိုက်အနောက်တောင်ပိုင်းရှိ နိုင်ငံ) ရှိ သတို့သမီးရေတံခွန်” ဟုလည်း လူသိများတဲ့ Casada la Novia ဟူသော ထူးခြားတဲ့ အမည်ဖြင့် ရေတံခွန်ကိုလည်း မမေ့ထားသင့်ပါဘူး။

နာမည်ကို ကြားတော့ ဒီရေတံခွန်ကို ဘာလို့သတို့သမီး ရေတံခွန်” လို့ ခေါ်တာလဲ ဆိုတာကို သိချင်လာမိကြမှာပါ။

ဘာကြောင့်လဲဆိုတော့ ၎င်းဟာ ဖြူစင်သော သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားသည့် ချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ဦးကဲ့သို့ အသွင်အပြင်ပုံ ပေါ်နေလို့ပါဘဲ။

ဒီရေတံခွန်ရဲ့ ထူးခြားချက်ကတော့ မိုးသည်းထန်စွာ ရွာတိုင်း မင်္ဂလာဝတ်စုံ ဝတ်ထားတဲ့ သတို့သမီးရဲ့ ပုံရိပ် ပေါ်လာတာပါပဲ။

ဧည့်သည်များက ရေစီးသန်တဲ့ အချိန်၌ လာရောက် လည်ပတ်ရမှာ ဖြစ်ပြီး မှန်ကန်သော ကြည့်ရှုထောင့်ကိုလည်း ကိုယ့်ကိုကိုယ် ချိန်ညှိပြီး ကြည့်မှ “သတို့သမီး” ရဲ့ပုံ ပေါ်လာမှာပါ။

၎င်းကဲ့သို့ ချိန်ညှိပြီး ကြည့်ရတော့ အချို့သော သူတွေက ၎င်းဟာ မှန်ကို ကြည့်နေသည့် “သတို့သမီး” ရဲ့ မြင်ကွင်းဖြစ်ကြောင်း တွေးဆထားကြပါတယ်။

ထို့ကြောင့် ဤအံ့ဖွယ်ပုံသဏ္ဍာန်ကို တွေ့မြင်ရဖို့က လူတိုင်း ကံမကောင်းနိုင်ပါဘူး။ ဒါ့ပြင် ဒီရေတံခွန်ကို သွားတဲ့ လမ်းကလည်း မလွယ်ပါဘူး။

Casada la Novia ရေတံခွန်ဟာ ပီရူး သမ္မတနိုင်ငံ၊ Cajamrca မြို့ရဲ့ Namora မြို့ငယ်လေးမှာ တည်ရှိပြီး ပထမဦးစွာ၊ Cajamarca မြို့မှ Namora မြို့သို့ မိနစ် 30 ကြာ ခရီးသွားမှ ဖြစ်သလို အဲဒီနောက် ၎င်းမြို့ကနေ ၂ နာရီခန့် အကွာအဝေးကို ထပ်သွားရမှာ ဖြစ်ကာ ဧည့်သည်များဟာ လမ်းတွေက ကျောက်တုံးများနှင့် ချုံပုတ်များရှိသော အန္တရာယ် မြေမျက်နှာသွင်ပြင်များစွာကို ဖြတ်သန်းရတဲ့အတွက်ကြောင့် ၎င်းသို့ရောက်ဖို့ ထရပ်ကားဖြင့် သွားလာရပါတယ်။

ဒါပေမယ့် သင်အဲဒီကို ရောက်တာနဲ့၊ ကြိုးစားမှုတွေ အားလုံးက တန်ဖိုးရှိလာမှာပါ။ Must See Global ၏ အဆိုအရ ၎င်း “သတို့သမီးရေတံခွန်” ဟူသော အမည်ဟာ ဒေသခံများကြား ပျံ့နှံ့နေသည့် ဒဏ္ဍာရီတစ်ခုနှင့် ဆက်စပ်နေပါတယ်။

ရှေးယခင်က ယောက်ျားလေးနှင့် မိန်းမငယ်နှစ်ဦးတို့ဟာ ချစ်မိသွားခဲ့ကြပေမဲ့လည်း ၎င်းတို့ရဲ့ နှစ်ဖက် မိသားစုများထံမှ တားမြစ်ခံခဲ့ရပါတယ်။

၎င်းစုံတွဲဟာ မိသားစုများက ကန့်ကွက်နေပေမဲ့လည်း လက်ထပ်ရန် ဆုံးဖြတ်ထားဆဲ ဖြစ်ပြီး ၎င်းတို့ရဲ့ နေ့ထူးနေ့မြတ်မှာ သတို့သမီးရဲ့ ဖခင်ဟာ သတို့သားကို တိုက်ရိုက်ပစ်ဖို့ Gသန.တ်ကို အသုံးပြုခဲ့ပါတယ်။

ထို့နောက် သတို့သမီးဟာ ချစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ဝေဒနာကို မခံနိုင်တော့ဘဲ မင်္ဂလာဆောင် ဝတ်စုံကို ဝတ်ထားရင်း တောင်ပေါ်ကို အပြေးအလွှား သွားခဲ့ပြီး သူမဟာ Apu တောင်နှင့် Mother Earth Pachamama ၏ ဘုရားသခင်အား သူမအား ထာဝရ ကြည့်ရှုနိုင်ရန် လှပသော ရေတံခွန်အဖြစ် ပြောင်းလဲပေးဖို့အတွက် ဆုတောင်း ပန်ကြားခဲ့ကြောင်း ဒဏ္ဍာရီ တစ်ခုအရ သိရှိခဲ့ရပါတယ်။

လက်ရှိမှာတော့ Casada la Novia ရေတံခွန်ဟာ ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများ လာရောက် ကြည့်ရှုရန် ဆွဲဆောင်မှု တစ်ခု ဖြစ်လာနေပါတယ်။

Credit …

Zawgyi(version)

မဂၤလာဝတ္စုံ ဝတ္ထားတဲ့ သတို႔သမီးတစ္ဦးကဲ့သို႔ အသြင္အျပင္ေပၚေနၿပီး စိတ္ဝင္စားစရာ ေနာက္ကြယ္ရာဇဝင္နဲ႕အတူ လည္ပတ္သူေတြလည္း မ်ားျပားေနတဲ့ ေရတံခြန္

ကမၻာေပၚမွာ မေရမတြက္နိုင္တဲ့ လွပေသာ ရႈခင္းမ်ားျဖင့္ ႀကီးက်ယ္ခမ္းနားေသာ ေရတံခြန္မ်ား ရွိေနၿပီး ၎တို႔ဟာ မည္သူမဆိုရဲ႕ ႏွလုံးသားကို တုန္လႈပ္ေစနိုင္ပါတယ္။

၎တို႔အထဲမွာမွ လွပေသာ သဘာဝ၊ ေဖာ္ေ႐ြေသာ လူမ်ိဳးမ်ားႏွင့္အတူ ေက်ာ္ၾကားေသာ တိုင္းျပည္ျဖစ္တဲ့ ပီ႐ူးသမၼတနိုင္ငံ (ပစိဖိတ္ သမုဒၵရာကို မ်က္ႏွာမူေသာ ေတာင္အေမရိကတိုက္အေနာက္ေတာင္ပိုင္းရွိ နိုင္ငံ) ရွိ သတို႔သမီးေရတံခြန္ ဟုလည္း လူသိမ်ားတဲ့ Casada la Novia ဟူေသာ ထူးျခားတဲ့ အမည္ျဖင့္ ေရတံခြန္ကိုလည္း မေမ့ထားသင့္ပါဘူး။

နာမည္ကို ၾကားေတာ့ ဒီေရတံခြန္ကို ဘာလို႔သတို႔သမီး ေရတံခြန္ လို႔ ေခၚတာလဲ ဆိုတာကို သိခ်င္လာမိၾကမွာပါ။

ဘာေၾကာင့္လဲဆိုေတာ့ ၎ဟာ ျဖဴစင္ေသာ သတို႔သမီးဝတ္စုံကို ဝတ္ဆင္ထားသည့္ ခ်စ္စရာေကာင္းတဲ့ မိန္းကေလး တစ္ဦးကဲ့သို႔ အသြင္အျပင္ပုံ ေပၚေနလို႔ပါဘဲ။

ဒီေရတံခြန္ရဲ႕ ထူးျခားခ်က္ကေတာ့ မိုးသည္းထန္စြာ ႐ြာတိုင္း မဂၤလာဝတ္စုံ ဝတ္ထားတဲ့ သတို႔သမီးရဲ႕ ပုံရိပ္ ေပၚလာတာပါပဲ။

ဧည့္သည္မ်ားက ေရစီးသန္တဲ့ အခ်ိန္၌ လာေရာက္ လည္ပတ္ရမွာ ျဖစ္ၿပီး မွန္ကန္ေသာ ၾကည့္ရႈေထာင့္ကိုလည္း ကိုယ့္ကိုကိုယ္ ခ်ိန္ညွိၿပီး ၾကည့္မွ သတို႔သမီး ရဲ႕ပုံ ေပၚလာမွာပါ။

၎ကဲ့သို႔ ခ်ိန္ညွိၿပီး ၾကည့္ရေတာ့ အခ်ိဳ႕ေသာ သူေတြက ၎ဟာ မွန္ကို ၾကည့္ေနသည့္ သတို႔သမီး ရဲ႕ ျမင္ကြင္းျဖစ္ေၾကာင္း ေတြးဆထားၾကပါတယ္။

ထို႔ေၾကာင့္ ဤအံ့ဖြယ္ပုံသ႑ာန္ကို ေတြ႕ျမင္ရဖို႔က လူတိုင္း ကံမေကာင္းနိုင္ပါဘူး။ ဒါ့ျပင္ ဒီေရတံခြန္ကို သြားတဲ့ လမ္းကလည္း မလြယ္ပါဘူး။

Casada la Novia ေရတံခြန္ဟာ ပီ႐ူး သမၼတနိုင္ငံ၊ Cajamrca ၿမိဳ႕ရဲ႕ Namora ၿမိဳ႕ငယ္ေလးမွာ တည္ရွိၿပီး ပထမဦးစြာ၊ Cajamarca ၿမိဳ႕မွ Namora ၿမိဳ႕သို႔ မိနစ္ 30 ၾကာ ခရီးသြားမွ ျဖစ္သလို အဲဒီေနာက္ ၎ၿမိဳ႕ကေန ၂ နာရီခန႔္ အကြာအေဝးကို ထပ္သြားရမွာ ျဖစ္ကာ ဧည့္သည္မ်ားဟာ လမ္းေတြက ေက်ာက္တုံးမ်ားႏွင့္ ခ်ဳံပုတ္မ်ားရွိေသာ အႏၱရာယ္ ေျမမ်က္ႏွာသြင္ျပင္မ်ားစြာကို ျဖတ္သန္းရတဲ့အတြက္ေၾကာင့္ ၎သို႔ေရာက္ဖို႔ ထရပ္ကားျဖင့္ သြားလာရပါတယ္။

ဒါေပမယ့္ သင္အဲဒီကို ေရာက္တာနဲ႕၊ ႀကိဳးစားမႈေတြ အားလုံးက တန္ဖိုးရွိလာမွာပါ။ Must See Global ၏ အဆိုအရ ၎ သတို႔သမီးေရတံခြန္ ဟူေသာ အမည္ဟာ ေဒသခံမ်ားၾကား ပ်ံ့ႏွံ႕ေနသည့္ ဒ႑ာရီတစ္ခုႏွင့္ ဆက္စပ္ေနပါတယ္။

ေရွးယခင္က ေယာက္်ားေလးႏွင့္ မိန္းမငယ္ႏွစ္ဦးတို႔ဟာ ခ်စ္မိသြားခဲ့ၾကေပမဲ့လည္း ၎တို႔ရဲ႕ ႏွစ္ဖက္ မိသားစုမ်ားထံမွ တားျမစ္ခံခဲ့ရပါတယ္။

၎စုံတြဲဟာ မိသားစုမ်ားက ကန႔္ကြက္ေနေပမဲ့လည္း လက္ထပ္ရန္ ဆုံးျဖတ္ထားဆဲ ျဖစ္ၿပီး ၎တို႔ရဲ႕ ေန႕ထူးေန႕ျမတ္မွာ သတို႔သမီးရဲ႕ ဖခင္ဟာ သတို႔သားကို တိုက္ရိုက္ပစ္ဖို႔ Gသန.တ္ကို အသုံးျပဳခဲ့ပါတယ္။

ထို႔ေနာက္ သတို႔သမီးဟာ ခ်စ္သူကို ဆုံးရႈံးလိုက္ရတဲ့ ေဝဒနာကို မခံနိုင္ေတာ့ဘဲ မဂၤလာေဆာင္ ဝတ္စုံကို ဝတ္ထားရင္း ေတာင္ေပၚကို အေျပးအလႊား သြားခဲ့ၿပီး သူမဟာ Apu ေတာင္ႏွင့္ Mother Earth Pachamama ၏ ဘုရားသခင္အား သူမအား ထာဝရ ၾကည့္ရႈနိုင္ရန္ လွပေသာ ေရတံခြန္အျဖစ္ ေျပာင္းလဲေပးဖို႔အတြက္ ဆုေတာင္း ပန္ၾကားခဲ့ေၾကာင္း ဒ႑ာရီ တစ္ခုအရ သိရွိခဲ့ရပါတယ္။

လက္ရွိမွာေတာ့ Casada la Novia ေရတံခြန္ဟာ ကမၻာတစ္ဝွမ္းမွ ခရီးသြားမ်ား လာေရာက္ ၾကည့္ရႈရန္ ဆြဲေဆာင္မႈ တစ္ခု ျဖစ္လာေနပါတယ္။

Credit