သဘာဝငံပြာရည် စစ်စစ် ပြုလုပ်နည်း (ဧရာဝတီတိုင်းမှာ လုပ်နေကြတဲ့ နည်းပါ)

Posted by

ဧရာဝတီသားရဲ့ မိသားစု တစ်နှစ်စာနဲ့ လက်ဆောင်ပေးဖို့ သဘာဝစစ်စစ် ရေချိုငံပြာရည်လေးတွေ ဒီနေ့ စလုပ်ပါပြီ။ လုပ်နည်းလေးပါ မျှဝေပါရစေ.. ရေချို ငံပြာရည်စစ်စစ် လုပ်နည်းလေးပါ..

ဧရာဝတီသားရဲ့ မိသားစု တစ်နှစ်စာနဲ့ လက်ဆောင်ပေးဖို့ သဘာဝစစ်စစ် ရေချိုငံပြာရည်လေးတွေ ဒီနေ့ စလုပ်ပါပြီ။ လုပ်နည်းလေးပါ မျှဝေပါရစေ.. ရေချို ငံပြာရည်စစ်စစ် လုပ်နည်းလေးပါ..

ငံပြာရည်လုပ်ဖို့အတွက် ငါးခေါင်း ငါးအသေးလေတွေ ငါးအကြီး ဆိုဒ်စုံ လုပ်လို့ရတယ်.. နေ့စဉ် ဝယ်ယူလာတဲ့ ငါး ပုစွန်တွေထဲက အနည်းငယ်စီ တစ်နေ့နည်းနည်းနဲ့ ထည့်ပေးသွားမယ်ဆိုရင်လည်း သီးခြား ငံပြာရည်လုပ်ဖို့ ဝယ်နေစရာမလိုတော့ပဲ အဆင်ပြေပါတယ်..

အရင်ဆုံး ထည့်မည့်အိုး (စဉ့်အိုး အကြီးက အကောင်းဆုံးပါ) ထဲကို ဆားက ငါးရဲ့ သုံးပုံ ပုံ နှစ်ပုံ ထည့်ရပါမယ်.. အိုးကို နေရောင် ကောင်းကောင်း ရမည့်နေရာမှာ ထားပါ.. ရေမဝင်ပါစေနဲ့.. မိုးရာသီ ဆိုရင် အပေါ်က ရေမဝင်အောင် သေချာ အုပ်ထားပါ..

အိုးထဲ မှာ ၆ လ လောက် နှပ်ထားရပါမည်.. ၆ လလောက်ကြာတဲ့ အခါ ထည့်ထားတဲ့ ငါးတွေက နူးအိသွားမှာပါ.. ဒါဆိုငံပြာရည် စပြီးလုပ်လို့ရပါပြီ..

အရင်ဆုံး ဆားရေ ကျိုပါ.. ခွက်စိတ်ဝင်အိုး တစ်လုံးစာအတွက် ရေ (၈) ဂါလံ ကို ဆား ၂ ပိဿာခွဲနဲ့ကြိုပြီး လောင်းရမှာပါ.. ကျိုထားတဲ့ ဆားရေ ဖလားနဲ့ (၅) ခွက် နဲ့ နူးအိနေတဲ့ ငါးရယ်ဆားရယ် က (၃) ခွက်နဲ့ စပ်ပါ..

ပြီးရင် ငံပြာရည် တွေကျစေဖို့ စင်လေးဆောက်ပါ (၂) တောင်အမြင့်ရှိတဲ့တိုင် (၄) တိုင်ကို တစ်တောင့်ထွာခွါပြီး လေးထောင့်ကျကျ စိုက်ပါ.. ပြီးရင် ကြက်သွန်အိပ် အချိန်၂၀ ဝင် အိပ်ကို (အိပ် အခွံ) တိုင် (၄) တိုင်မှာ ခိုင်ခိုင် ချည်ပါ..

ချည်ထားတဲ့ အိပ်အခွံ ပေါ်ကို သူနဲ့ အရွယ်တူ ပိတ်ဖြူအစကို ထပ်ပြီးခင်းပေးပါ.. ခင်းထားတဲ့ ပိတ်စအပေါ်ကို စောစောကစပ်ထားတဲ့ ဟာကို လောင်းထည့်ထားပါ..

ပိတ်စနဲ့ အိပ်ခွံ အောက်မှာကျလာမည့် ငံပြာရေခံဖို့ ခွက်ကြီးကြီးထားပေးပါ.. ပြီးရင် အင်တုံထဲထည့် နေလှမ်းပါ.. နေရောင် ကောင်းကောင်းနဲ့ လေးရက်လောက် လှမ်းရင် ငံပြာရည် ရပြီပေါ့..

မလုပ်ဖြစ်ရင်တောင် ဗဟုသုတပေါ့..

Nay Linhtun (ဧရာဝတီသား)

Zawgyi(version)

ဧရာဝတီသားရဲ႕ မိသားစု တစ္ႏွစ္စာနဲ႕ လက္ေဆာင္ေပးဖို႔ သဘာဝစစ္စစ္ ေရခ်ိဳငံျပာရည္ေလးေတြ ဒီေန႕ စလုပ္ပါၿပီ။ လုပ္နည္းေလးပါ မွ်ေဝပါရေစ.. ေရခ်ိဳ ငံျပာရည္စစ္စစ္ လုပ္နည္းေလးပါ..

ဧရာဝတီသားရဲ႕ မိသားစု တစ္ႏွစ္စာနဲ႕ လက္ေဆာင္ေပးဖို႔ သဘာဝစစ္စစ္ ေရခ်ိဳငံျပာရည္ေလးေတြ ဒီေန႕ စလုပ္ပါၿပီ။ လုပ္နည္းေလးပါ မွ်ေဝပါရေစ.. ေရခ်ိဳ ငံျပာရည္စစ္စစ္ လုပ္နည္းေလးပါ..

ငံျပာရည္လုပ္ဖို႔အတြက္ ငါးေခါင္း ငါးအေသးေလေတြ ငါးအႀကီး ဆိုဒ္စုံ လုပ္လို႔ရတယ္.. ေန႕စဥ္ ဝယ္ယူလာတဲ့ ငါး ပုစြန္ေတြထဲက အနည္းငယ္စီ တစ္ေန႕နည္းနည္းနဲ႕ ထည့္ေပးသြားမယ္ဆိုရင္လည္း သီးျခား ငံျပာရည္လုပ္ဖို႔ ဝယ္ေနစရာမလိုေတာ့ပဲ အဆင္ေျပပါတယ္..

အရင္ဆုံး ထည့္မည့္အိုး (စဥ့္အိုး အႀကီးက အေကာင္းဆုံးပါ) ထဲကို ဆားက ငါးရဲ႕ သုံးပုံ ပုံ ႏွစ္ပုံ ထည့္ရပါမယ္.. အိုးကို ေနေရာင္ ေကာင္းေကာင္း ရမည့္ေနရာမွာ ထားပါ.. ေရမဝင္ပါေစနဲ႕.. မိုးရာသီ ဆိုရင္ အေပၚက ေရမဝင္ေအာင္ ေသခ်ာ အုပ္ထားပါ..

အိုးထဲ မွာ ၆ လ ေလာက္ ႏွပ္ထားရပါမည္.. ၆ လေလာက္ၾကာတဲ့ အခါ ထည့္ထားတဲ့ ငါးေတြက ႏူးအိသြားမွာပါ.. ဒါဆိုငံျပာရည္ စၿပီးလုပ္လို႔ရပါၿပီ..

အရင္ဆုံး ဆားေရ က်ိဳပါ.. ခြက္စိတ္ဝင္အိုး တစ္လုံးစာအတြက္ ေရ (၈) ဂါလံ ကို ဆား ၂ ပိႆာခြဲနဲ႕ႀကိဳၿပီး ေလာင္းရမွာပါ.. က်ိဳထားတဲ့ ဆားေရ ဖလားနဲ႕ (၅) ခြက္ နဲ႕ ႏူးအိေနတဲ့ ငါးရယ္ဆားရယ္ က (၃) ခြက္နဲ႕ စပ္ပါ..

ၿပီးရင္ ငံျပာရည္ ေတြက်ေစဖို႔ စင္ေလးေဆာက္ပါ (၂) ေတာင္အျမင့္ရွိတဲ့တိုင္ (၄) တိုင္ကို တစ္ေတာင့္ထြာခြါၿပီး ေလးေထာင့္က်က် စိုက္ပါ.. ၿပီးရင္ ၾကက္သြန္အိပ္ အခ်ိန္၂၀ ဝင္ အိပ္ကို (အိပ္ အခြံ) တိုင္ (၄) တိုင္မွာ ခိုင္ခိုင္ ခ်ည္ပါ..

ခ်ည္ထားတဲ့ အိပ္အခြံ ေပၚကို သူနဲ႕ အ႐ြယ္တူ ပိတ္ျဖဴအစကို ထပ္ၿပီးခင္းေပးပါ.. ခင္းထားတဲ့ ပိတ္စအေပၚကို ေစာေစာကစပ္ထားတဲ့ ဟာကို ေလာင္းထည့္ထားပါ..

ပိတ္စနဲ႕ အိပ္ခြံ ေအာက္မွာက်လာမည့္ ငံျပာေရခံဖို႔ ခြက္ႀကီးႀကီးထားေပးပါ.. ၿပီးရင္ အင္တုံထဲထည့္ ေနလွမ္းပါ.. ေနေရာင္ ေကာင္းေကာင္းနဲ႕ ေလးရက္ေလာက္ လွမ္းရင္ ငံျပာရည္ ရၿပီေပါ့..

မလုပ္ျဖစ္ရင္ေတာင္ ဗဟုသုတေပါ့..

Nay Linhtun (ဧရာဝတီသား)