ဗီယက်နမ်မှာ ပေ(၁၀၀)ကျော်နက်တဲ့ တွင်းထဲပိတ်မိနေတဲ့ ကလေးငယ်ကို အခုထိမကယ်ဆယ်နိုင်သေး

Posted by

ဗီယက်နမ်မှာ ပေ(၁၀၀)ကျော်နက်တဲ့ တွင်းထဲပိတ်မိနေတဲ့ ကလေးငယ်ကို အခုထိမကယ်ဆယ်နိုင်သေး

ဇန်နဝါရီ ၃၊

ဗီယက်နမ်နိုင်ငံ တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ ပေ(၁၀၀)ကျော်နက်တဲ့ ကွန်ကရစ် တွင်းထဲမှာ ပိတ်မိနေတဲ့ (၁၀)နှစ်သားအရွယ် ကလေးတစ်ယောက်ကို ကယ်ဆယ်ဖို့ ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေကြိုးစားနေကြတယ်လို့ Fox News က ဖော်ပြပါတယ်။

နှစ်သစ်ကူးအကြိုနေ့ကပြုတ်ကျခဲ့တဲ့ ဒီကလေးငယ်ကို (၃) ရက်ကြာ ကယ်ဆယ်ရေးပြုလုပ်နေပေမယ့် အခုထိမကယ်ဆယ်နိုင်သေးတာဖြစ်ပါတယ်။

ဒီကလေးငယ်ဟာ တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ သူငယ်ချင်းများနဲ့အတူ သတ္ထုအတိုအစရှာဖွေနေတဲ့အချိန် အချင်း(၁၀)လက်မ ရှိတဲ့ ကွန်ကရစ် တွင်းထဲကိုပြုတ်ကျခဲ့တာဖြစ်ပြီး ပြုတ်ကျပြီးမကြာခင်မှာပဲ အော်ဟစ်အကူအညီတောင်းခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးသမားတွေက တနင်္လာနေ့မှာ ကလေးပြုတ်ကျတဲ့တွင်းထဲကို ကင်မရာချပြီး စစ်ဆေးခဲ့ရာမှာတော့ ကလေးဆီမှ တုံ့ပြန်မှုမရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကွန်ကရစ် pile ကိုမတင်ဖို့ ဝန်ချီစက်တွေနဲ့ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

ဗီယက်နမ်‌ပြည်နယ်ဆိုင်ရာ ပို့ဆောင်ရေးဌာနရဲ့ ဒါရိုက်တာ Le Hoang Bao ရဲ့အဆိုအရ အကျယ်(၁၀)လက်မသာရှိတဲ့ မြေကြီးအောက် (၃၅)မီတာအနက်အထိရှိတဲ့ ဒီလိုတွင်းထဲကို ကလေးငယ်ဘယ်လိုပြုတ်ကျသလဲဆိုတာ လုံးဝနားမလည်နိုင်ဘူးလို့ သိရပါတယ်။

ဒီကလေးငယ်ပိတ်မိနေတာဟာ ဒီနေ့နဲ့ဆို (၃)ရက်ရှိနေပြီဖြစ်ပြီး ကလေးငယ်ရဲ့ကျန်းမာရေးအခြေအနေကလည်း အောက်စီဂျင်ပြတ်လပ်မှူကြောင့် မကောင်းမွန်တော့ဘူးလို့ ကယ်ဆယ်ရေးသမားတွေကပြောတယ်လို့ သိရပါတယ်။

#ဗီယက်နမ် #ကလေးပြုတ်ကျ #ကွန်ကရစ်တွင်း

Zawgyi(version)

ဗီယက္နမ္မွာ ေပ(၁၀၀)ေက်ာ္နက္တဲ့ တြင္းထဲပိတ္မိေနတဲ့ ကေလးငယ္ကို အခုထိမကယ္ဆယ္နိုင္ေသး

ဇန္နဝါရီ ၃၊

ဗီယက္နမ္နိုင္ငံ တံတားေဆာက္လုပ္ေရးလုပ္ငန္းခြင္ရဲ႕ ေပ(၁၀၀)ေက်ာ္နက္တဲ့ ကြန္ကရစ္ တြင္းထဲမွာ ပိတ္မိေနတဲ့ (၁၀)ႏွစ္သားအ႐ြယ္ ကေလးတစ္ေယာက္ကို ကယ္ဆယ္ဖို႔ ရာနဲ႕ခ်ီတဲ့ ကယ္ဆယ္ေရးသမားေတြႀကိဳးစားေနၾကတယ္လို႔ Fox News က ေဖာ္ျပပါတယ္။

ႏွစ္သစ္ကူးအႀကိဳေန႕ကျပဳတ္က်ခဲ့တဲ့ ဒီကေလးငယ္ကို (၃) ရက္ၾကာ ကယ္ဆယ္ေရးျပဳလုပ္ေနေပမယ့္ အခုထိမကယ္ဆယ္နိုင္ေသးတာျဖစ္ပါတယ္။

ဒီကေလးငယ္ဟာ တံတားေဆာက္လုပ္ေရးလုပ္ငန္းခြင္ထဲမွာ သူငယ္ခ်င္းမ်ားနဲ႕အတူ သတၳဳအတိုအစရွာေဖြေနတဲ့အခ်ိန္ အခ်င္း(၁၀)လက္မ ရွိတဲ့ ကြန္ကရစ္ တြင္းထဲကိုျပဳတ္က်ခဲ့တာျဖစ္ၿပီး ျပဳတ္က်ၿပီးမၾကာခင္မွာပဲ ေအာ္ဟစ္အကူအညီေတာင္းခဲ့တယ္လို႔ သိရပါတယ္။

ကယ္ဆယ္ေရးသမားေတြက တနလၤာေန႕မွာ ကေလးျပဳတ္က်တဲ့တြင္းထဲကို ကင္မရာခ်ၿပီး စစ္ေဆးခဲ့ရာမွာေတာ့ ကေလးဆီမွ တုံ႕ျပန္မႈမရွိခဲ့ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ ကြန္ကရစ္ pile ကိုမတင္ဖို႔ ဝန္ခ်ီစက္ေတြနဲ႕ႀကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘူးလို႔ သိရပါတယ္။

ဗီယက္နမ္ျပည္နယ္ဆိုင္ရာ ပို႔ေဆာင္ေရးဌာနရဲ႕ ဒါရိုက္တာ Le Hoang Bao ရဲ႕အဆိုအရ အက်ယ္(၁၀)လက္မသာရွိတဲ့ ေျမႀကီးေအာက္ (၃၅)မီတာအနက္အထိရွိတဲ့ ဒီလိုတြင္းထဲကို ကေလးငယ္ဘယ္လိုျပဳတ္က်သလဲဆိုတာ လုံးဝနားမလည္နိုင္ဘူးလို႔ သိရပါတယ္။

ဒီကေလးငယ္ပိတ္မိေနတာဟာ ဒီေန႕နဲ႕ဆို (၃)ရက္ရွိေနၿပီျဖစ္ၿပီး ကေလးငယ္ရဲ႕က်န္းမာေရးအေျခအေနကလည္း ေအာက္စီဂ်င္ျပတ္လပ္မႉေၾကာင့္ မေကာင္းမြန္ေတာ့ဘူးလို႔ ကယ္ဆယ္ေရးသမားေတြကေျပာတယ္လို႔ သိရပါတယ္။

#ဗီယက္နမ္ #ကေလးျပဳတ္က် #ကြန္ကရစ္တြင္း