ညစ်ပေနေသောစောင်ခေါင်းအုံးအဝတ်စားများကိုချွတ်ဆေးမသုံးပဲသဘာဝအတိုင်းဖြူဖွေးနေစေမည့်နည်းလမ်း

ချွတ်ဆေးမသုံးပဲသဘာဝအတိုင်းဖြူဖွေးနေစေမည့်နည်းလမ်းအဖြူရောင်အဝတ်အထည်တွေကိုအစွန်းချွတ်ဆေးမသုံးဘဲသဘာဝအတိုင်းဖြူစင်အောင်လျှော်ဖွပ်နိုင်တဲ့နည်းလမ်းလေးတွေရှိပါတယ်

အဖြူရောင်အဝတ်အစားတွေဟာအချိန်ကြာလာတာနဲ့အမျှဝါညစ်ညစ်အရောင်မျိုးဖြစ်လာတတ်ပြီးအသစ်အတိုင်ဖြူစင်လာဖို့ခဲယဉ်းတတ်ပါတယ်အစွန်းချွတ်ဆေးတွေဟာအဝတ်တွေကိုဆွေးမြေ့လာစေပြီးအရေပြားကိုလည်းထိခိုက်စေနိုင်တာကြောင့်အခုဖော်ပြမယ့်

သဘာဝနည်းလမ်းတွေနဲ့ပြုလုပ်ကြည့်ဖို့ကိုဖော်ပြပေးချင်ပါတယ်

(၁)ရှာလကာရည်ဝါညစ်ညစ်ဖြစ်နေတဲ့အဖြူရောင်အဝတ်အစားတွေကိုဖြူစင်အောင်ပြုလုပ်ဖို့ရှာလကာရည်ကိုရှာလကာရည်ဘူးအဖုံးခွက်၁ခွက်သို့မဟုတ်၂ခွက်နဲ့ရေအနည်းငယ်
တို့ကိုရောစပ်ကာ၁၅မိနစ်ခန့်စိမ်ပြီးအဝတ်လျှော်ဆပ်ပြာနဲ့လျှော်ပေးရမှာဖြစ်ပါတယ်

ရှာလကာရည်ကိုအသုံးပြုပြီးအဝတ်လျှော်ခြင်းဟာအဖြူရောင်အဝတ်အထည်တွေကိုပိုမိုဖြူစင်စေတဲ့အပြင်အနံ့ဆိုးတွေကိုပါဖယ်ရှားပေးနိုင်ပါတယ်

(၂)မုန့်ဖုတ်ဆိုဒါမုန့်ဖုတ်ဆိုဒါဟာအဝတ်အထည်တွေကို ဖြူစင်စေတဲ့ဓာတုအစွန်းချွတ်ဆေးတွေလိုမျိုးပဲသက်ရောက်မှုရှိပါတယ်အဝတ်လျှော်တဲ့အခါအဝတ်လျှော်ဆပ်ပြာနဲ့အတူမုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း၁ဇွန်းကနေ၂ဇွန်းအထိထည့်ပြီး

လျှော်ဖွပ်ခြင်းကအဝတ်အထည်တွေကိုဘက်တီးရီးယားကင်းစင်စေနိုင်သလိုပိုမိုဖြူစင်တောက်ပစေပါတယ်

(၃)သံပရာသီးသံပရာသီးဟာအဝတ်အထည်တွေကိုအစွန်းချွတ်ရာမှာရှေးယခင်တည်းကအသုံးပြုခဲ့ကြတဲ့နည်းလမ်းတခုပဲဖြစ်ပါတယ်

ရေခပ်နွေးနွေးထဲကိုသံပရာရည်ထည့်ပြီးအဝတ်အထည်တွေကိုနာရီဝက်ခန့်စိမ်ထားပေးလိုက်ပါပြီးရင်တော့အဝတ်လျှော်ဆပ်ပြာနဲ့လျှော်ဖွပ်ပေးခြင်းကအဝတ်အထည်တွေကိုပိုမိုဖြူစင်လာစေနိုင်သလိုအစွန်းအထင်းတွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်
credit

Leave a Reply

Your email address will not be published.