မြန်မာပြည်ရဲ့ လမ်းတွေထဲက (၁၁) မိုင်ဝန်းကျင်ထိ အကွေ့အကောက် တစ်စက်မှ မရှိဘဲ အဖြောင့်ဖောက်ခဲ့တဲ့ ရှားပါးလမ်းကြီးး…
မကွေးတိုင်း ဒေသကြီးအတွင်းရှိ ရေနံချောင်း – ချောက် ကားလမ်းမကြီးပေါ်တွင်ရှိသည်။
(၁၁) မိုင်ဝန်းကျင်ထိ အကွေ့အကောက် တစ်စက်မှ မရှိဘဲ အဖြောင့်ဖောက်ခဲ့တဲ့ ရှားပါးလမ်းကြီးပါ။
အဖြောင့်လမ်းမကြီး စတင်တဲ့နေရာကတော့ ရေနံချောင်းစက်မှုဇုန် မြောက်ဘက် ရွှေရောင်လင်း ဆီဆိုင်ကျော်ကျော်ညောင်ဇောက်ချောင်း ကျေးရွာတောင်ဘက် ဒေသအခေါ် “သစ်တောဝိုင်းကွေ့ ” ကနေ စတင်တာပါ။
အဖြောင့်လမ်းအဆုံးကတော့ ဂွေးပင်ရွာ မြောက်ဘက် ကပ်လျက် ဇီးချိုပင် နားမှာ အဖြောင့်ဆုံးသွားပါသည်။
ဤ လမ်းမကြီးပေါ်မှာ ဖြတ်သွားဖူးသူတိုင်း သဘောကျ မိတဲ့ အပင် တစ်နိုင်ငံလုံးမှာမှ အပင်အများဆုံးတစ်စုတစ်စည်းတည်းတွေ့ရတဲ့ ညောင်ခြေထောက်တန်းကြီးလည်း ရှိပါသည်။
ဂွေးပင်ရွာအထွက်က အရိပ်ကောင်းလှသည့် အဖြောင့်စိုက်ထားသော ကုက္ကိုလ်ပင်တန်းလည်း ရှိပါသည်။
(ရှေးခေတ်က စက်ဘီးတစ်စီးနှင့် ပုဂံ ပုပ္ပါးဘက် ပတ်သွားဖူးတဲ့ ဦးလေးကြီး တစ်ယောက် ပြောဖူးတာတော့
ငါတို့ကတော့ အဲဒီ အဖြောင့် လမ်းမကြီးပေါ် ရောက်ရင် လက်လွှတ်လိုက်တာပဲတဲ့ ထိန်းစရာအကွေ့မရှိတော့ ကိုင်စရာကို မလိုတော့ဘူးတဲ့။
ဟုတ်မှာပဲလေ အဲဒီခေတ်က ဆိုင်ကယ်က သိပ်မရှိ ကားကလည်း ဒီလောက်မရှုပ်သေးဆိုတော့ )
လမ်းမကြီး စတင်ဖောက်လုပ်ခဲ့သော ခုနှစ်ကို မသိရသေးပါ လမ်းခုနှစ်ကို သိရရင် အပင်ကြီးတွေ သက်တမ်းပါ ခန့်မှန်းလို့ရပါပြီ။
(အနည်းဆုံးတော့ နှစ်တစ်ရာ ဝန်းကျင်ရှိလောက်မည် )
ညောင်ခြေထောက်ပင်ကြီးတွေ ကုက္ကိုလ်ပင်တန်းကြီး တွေ ဟာ အဖြောင့်လိုက်စိုက်တာဆိုတော့ လမ်းဖောက်ပြီးမှ လိုက်စိုက်တာဖြစ်နိုင်ပါသည်။
ကိုလိုနီခေတ်က ဖောက်ခဲ့သောလမ်းဖြစ်နိုင်ပါသည်။
#Popular Paoh Stars
🙏ဗဟုသုတအနေဖြင့်
လေးစားစွာပြန်လည်မျှဝေပေးခြင်းဖြစ်ပါတသည်
Zawgyi(version)
မြန်မာပြည်ရဲ့ လမ်းတွေထဲက (၁၁) မိုင်ဝန်းကျင်ထိ အကွေ့အကောက် တစ်စက်မှ မရှိဘဲ အဖြောင့်ဖောက်ခဲ့တဲ့ ရှားပါးလမ်းကြီးး
မကွေးတိုင်း ဒေသကြီးအတွင်းရှိ ရေနံချောင်း ချောက် ကားလမ်းမကြီးပေါ်တွင်ရှိသည်။
(၁၁) မိုင်ဝန်းကျင်ထိ အကွေ့အကောက် တစ်စက်မှ မရှိဘဲ အဖြောင့်ဖောက်ခဲ့တဲ့ ရှားပါးလမ်းကြီးပါ။
အဖြောင့်လမ်းမကြီး စတင်တဲ့နေရာကတော့ ရေနံချောင်းစက်မှုဇုန် မြောက်ဘက် ရွှေရောင်လင်း ဆီဆိုင်ကျော်ကျော်ညောင်ဇောက်ချောင်း ကျေးရွာတောင်ဘက် ဒေသအခေါ် သစ်တောဝိုင်းကွေ့ ကနေ စတင်တာပါ။
အဖြောင့်လမ်းအဆုံးကတော့ ဂွေးပင်ရွာ မြောက်ဘက် ကပ်လျက် ဇီးချိုပင် နားမှာ အဖြောင့်ဆုံးသွားပါသည်။
ဤ လမ်းမကြီးပေါ်မှာ ဖြတ်သွားဖူးသူတိုင်း သဘောကျ မိတဲ့ အပင် တစ်နိုင်ငံလုံးမှာမှ အပင်အများဆုံးတစ်စုတစ်စည်းတည်းတွေ့ရတဲ့ ညောင်ခြေထောက်တန်းကြီးလည်း ရှိပါသည်။
ဂွေးပင်ရွာအထွက်က အရိပ်ကောင်းလှသည့် အဖြောင့်စိုက်ထားသော ကုက္ကိုလ်ပင်တန်းလည်း ရှိပါသည်။
(ရှေးခေတ်က စက်ဘီးတစ်စီးနှင့် ပုဂံ ပုပ်ပါးဘကျ ပတ်သွားဖူးတဲ့ ဦးလေးကြီး တစ်ယောက် ပြောဖူးတာတော့