ဂင်းနစ် စံချိန်တင်သွားခဲ့တဲ့ ဒူဘိုင်းမြို့က ကမ္ဘာ့စျေးအကြီးဆုံး သတို့သမီးကိတ်မုန့်
Posted by
ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာကတော့ ဒူဘိုင်းမြို့မှာ ဖန်တီးထားတဲ့ ကမ္ဘာ့စျေးအကြီးဆုံး ကိတ်မုန့် အကြောင်းပဲ ဖြစ်ပါတယ် ။ ဘယ်လို တန်ဖိုးကြီးတဲ့ အရာတွေ ထ
ည့်ပြီးဖန်တီးထားလို့ အခုလို စျေးကြီးနေရလဲဆိုတာကို အောက်မှာဖော်ပြပေးထားတာမို့လို့ ဖတ်ကြည့်လိုက်ပါဦးနော် ။
ဒူဘိုင်းမြို့မှာ ကျင်းကကြတဲ့ တစ်ချို့သော မင်္ဂလာပွဲတွေမှာဆိုရင် ဒေါ်လာ ၁ မီလျံတန်တဲ့ သတို့သမီးပုံစံ ကိတ်မုန့်နဲ့ ဧည့်ခံကြပါတယ် ။ ဒီလို စျေးကြီးလှတဲ့ ကိတ်မုန့်ကို ဖန်တီးထားတဲ့ သူကတော့ Debbie Wingham ဆိုသူဖြစ်ပြီး နာမည်ကြီး ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့အပြင် ဒေါ်လာ မီလျံ ၅၀ တန်ဖိုးရှိတဲ့ လက်ရာတွေကို ဖန်တီးထားသူ တစ်ယောက်လည်း ဖြစ်ပါတယ် ။
ဒေါ်လာ ၁ မီလျံ တန်ကြေးရှိတဲ့ သတို့သမီး ကိတ်မုန့်ရဲ့ အရွယ်အစားဟာ ( ၁၈၂ ) စင်တီမီတာရှည်ပြီး အလေးချိန်ကတော့ ( ၁၂၀ ) ကီလိုဂရမ် ရှိပါတယ် ။ ဒီအလေးချိန်ဟာဆိုရင် နမူနာပုံစံထက် အလေးချိန် အနည်းငယ် ပိုများတယ်လို့လည်း သိရပါတယ် ။
ဒီကိတ်မုန့်ကို ဖန်တီးတဲ့ နေရာမှာ ကြက်ဥပေါင်း အလုံး ( ၁၀၀၀ ) နဲ့ ချောကလက် ( ၄၄ ) ပေါင်ခန့်ကို အသုံးပြုထားပါတယ်။ ကိတ်တစ်ခုလုံးကို အလွယ်တကူစားနိုင်မှာ ဖြစ်ပြီး မုန့်အချိုမျိုးစုံ ကီလိုဂရမ် ( ၅၀ ) လောက်ကို ဇာပုံစံမျိုး ဖန်တီးကာ ဖုံးအုပ်ပေးထားတာပဲ ဖြစ်ပါတယ် ။
သတို့သမီး ဝတ်စုံတစ်ခုလုံးကို ပန်းပွင့် သေးသေးလေးတွေ အပြင် ပုလဲလုံးတွေပါ ထည့်သွင်းပေးထားပြီး ဒါတွေ အားလုံးကို လက်နဲ့ အနုစိတ်ပုံဖော်ထားတာလို့ သိရပါတယ် ။ ဝတ်စုံမှာ ထည့်သွင်းပေးထားတဲ့ ပန်းပွင့်ပေါင်း ( ၅၀၀၀ ) ကျော်ရှိပြီး အပြီးအစီး ဖန်တီးဖို့ ကြာချိန်ဟာ ( ၁၀ ) ရက်ခန့် ကြာမြင့်ပါတယ်တဲ့ ။
ထူးခြာချက်ကတော့ ဒီသတို့သမီးကိတ် တစ်ခုလုံးကို စားနိုင်တယ်ဆိုပေမယ့်လည်း တစ်ချို့နေရာတွေမှာတော့ ပုလဲလုံး အစစ်တွေ ၊ စိန်အစစ်တွေ နဲ့ တန်ဆာဆင်ထားပါတယ် ။ တန်ဆာဆင်ထားတဲ့ နေရာကတော့ သတို့သမီးရဲ့ ခေါင်းပေါ်က ခြုံလွှာမှာ ထည့်သွင်းပေးထားတာဖြစ်ပြီး ဒီကျောက်မျက်ရတနာ အစစ်တွေရဲ့ တန်ဖိုးကတော့ စုစုပေါင်း တန်ဖိုးကတော့ ဒေါ်လာ ၂၀၀ မီလျံတောင် ရှိပါတယ် ။
Zawgyi(version)
ည့်ပြီးဖန်တီးထားလို့ အခုလို ဈေးကြီးနေရလဲဆိုတာကို အောက်မှာဖော်ပြပေးထားတာမို့လို့ ဖတ်ကြည့်လိုက်ပါဦးနော် ။