ခရိုင်အဆင့်ပညာရေးတွင် ပထမဆုကိုဆွတ်ခူးရရှိခဲ့၍ ရဟတ်ယာဉ်ဖြင့်လည်ပတ်ခွင့်ကို ဂုဏ်ပြုဆုအနေနဲ့ရရှိခဲ့သော ၈တန်းကျောင်းသူလေး
စာသင်ကျောင်းတိုင်းရှိ ပညာရေးတွင် ထူးချွန်သော ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြု ဆုများ ချီးမြှင့်ကြတာ အစဉ်အလာတစ်ခုပါ။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ Ly Thi Ninh အမည်ရှိသော ၈တန်းကျောင်းသူလေးသည် ပညာရေးတွင် ထူးချွန်သူတစ်ဦးဖြစ်ပြီး အခြားသော ကျောင်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခရိုင်အဆင့်ထိကို သင်္ချာဘာသာရပ်တွင် ပထမဆုကို ဆွတ်ခူးရရှိခဲ့၍ ကျောင်း၏ ပထမဆုံးဂုဏ်ဆောင်သူဖြစ်ခဲ့သည်။
ထို့ကြောင့် ကျောင်းသူလေးအား Mu Cang Chai ခရိုင်ရှိ နာမည်ကြီး လှေကားထစ် စိုက်ခင်း၏ ရှုခင်းသာယာမှု အလှတရားကို ရဟတ်ယာဉ်ပေါ်ကနေ အပြည့်အဝ ကြည့်ရှုခံစားနိုင်မည့် ခရီးစဉ်ကို ဆုအဖြစ် ချီးမြှင့်ပေးခဲ့သည်။
ထိုလှေကားထစ်စိုက်ခင်းကြီးမှာ ဗီယက်နမ်နိုင်ငံ၏ ကျေးလက်ဒေသ ရှုခင်းအလှထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ကုန်းပြင်မြင့်များနှင့်အတူ စိတ်အပန်းဖြေရာအကောင်းဆုံးနှင့် အလွန်အေးမြသောအရပ်ဒေသတစ်ခုလည်းဖြစ်သည်။
ကျောင်းသူလေးမှာ သူမ၏ ကြိုးစားသည့် လုပ်ရပ်ကြောင့် လူမှုကွန်ယက်မှာလည်း ပျံ့နှံ့ခဲ့ပြီး တော်ရုံလည်ပတ်ဖို့ မဖြစ်နိုင်သည့်အရပ်ဒေသသို့ သွားရောက်လည်ပတ်ခဲ့ရသည့်အတွက် ဝမ်းသာမဆုံးဖြစ်နေရပြီး ချီးမွမ်းမှုများစွာကိုလည်း ခံခဲ့ရသည်။
Zawgyi(version)
ခရိုင္အဆင့္ပညာေရးတြင္ ပထမဆုကိုဆြတ္ခူးရရွိခဲ့၍ ရဟတ္ယာဥ္ျဖင့္လည္ပတ္ခြင့္ကို ဂုဏ္ျပဳဆုအေနနဲ႕ရရွိခဲ့ေသာ ၈တန္းေက်ာင္းသူေလး
စာသင္ေက်ာင္းတိုင္းရွိ ပညာေရးတြင္ ထူးခြၽန္ေသာ ေက်ာင္းသား ေက်ာင္းသူမ်ားကို ဂုဏ္ျပဳ ဆုမ်ား ခ်ီးျမႇင့္ၾကတာ အစဥ္အလာတစ္ခုပါ။
သို႔ျဖစ္၍ ဗီယက္နမ္နိုင္ငံမွ Ly Thi Ninh အမည္ရွိေသာ ၈တန္းေက်ာင္းသူေလးသည္ ပညာေရးတြင္ ထူးခြၽန္သူတစ္ဦးျဖစ္ၿပီး အျခားေသာ ေက်ာင္းမ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ ခရိုင္အဆင့္ထိကို သခၤ်ာဘာသာရပ္တြင္ ပထမဆုကို ဆြတ္ခူးရရွိခဲ့၍ ေက်ာင္း၏ ပထမဆုံးဂုဏ္ေဆာင္သူျဖစ္ခဲ့သည္။
ထို႔ေၾကာင့္ ေက်ာင္းသူေလးအား Mu Cang Chai ခရိုင္ရွိ နာမည္ႀကီး ေလွကားထစ္ စိုက္ခင္း၏ ရႈခင္းသာယာမႈ အလွတရားကို ရဟတ္ယာဥ္ေပၚကေန အျပည့္အဝ ၾကည့္ရႈခံစားနိုင္မည့္ ခရီးစဥ္ကို ဆုအျဖစ္ ခ်ီးျမႇင့္ေပးခဲ့သည္။
ထိုေလွကားထစ္စိုက္ခင္းႀကီးမွာ ဗီယက္နမ္နိုင္ငံ၏ ေက်းလက္ေဒသ ရႈခင္းအလွထဲက တစ္ခုအပါအဝင္ျဖစ္ၿပီး ကုန္းျပင္ျမင့္မ်ားႏွင့္အတူ စိတ္အပန္းေျဖရာအေကာင္းဆုံးႏွင့္ အလြန္ေအးျမေသာအရပ္ေဒသတစ္ခုလည္းျဖစ္သည္။
ေက်ာင္းသူေလးမွာ သူမ၏ ႀကိဳးစားသည့္ လုပ္ရပ္ေၾကာင့္ လူမႈကြန္ယက္မွာလည္း ပ်ံ့ႏွံ႕ခဲ့ၿပီး ေတာ္႐ုံလည္ပတ္ဖို႔ မျဖစ္နိုင္သည့္အရပ္ေဒသသို႔ သြားေရာက္လည္ပတ္ခဲ့ရသည့္အတြက္ ဝမ္းသာမဆုံးျဖစ္ေနရၿပီး ခ်ီးမြမ္းမႈမ်ားစြာကိုလည္း ခံခဲ့ရသည္။