(၁) ခေါက်ဆွဲကြော်
ဘဲဥကို ကြော်ပြီး ကတ်ကြေးဖြင့်ညှပ်ထားပါ။ ကြက်သားကိုအတုံးသေးသေးလေးတုံးထားပါ။
ခေါက်ဆွဲကို ပဲငံပြာရည် ခရုဆီ ဆား ကြက်သားမှုန့် သကြား ထည့်ပြီးနယ်ပါ။
ဆီဆူဆူထဲ ကြက်သားအတုံးသေးများထည့်ကြော်ပါ။
ရေအနည်းငယ်ထည့်ပြီး အသားကျက် ရေခမ်းကြော်ပါ။
ကြက်သားကျက်လောက်ပြီဆိုမှ ဂေါ်ဖီ နဲ့ မုန်လာဥထည့်ကြော်ပါ။ အသီးရွက်အိပြီဆိုမှ ခေါက်ဆွဲထည့်ကြော်ပါ။
ခေါက်ဆွဲကြော်နေစဉ်အောက်ခြေမတူးစေရန် ရေအနည်းငယ်ထည့်ထည့်ပြီး ကြော်ပေးပါ။ မီးမပြင်းရပါ။
တစ်ပွဲစာပြင်ပြီး အပေါ်မှတစ်ပွဲစာဘဲဥကြော်ညှပ်ထည့်ပါ။ တရုတ်နံနံအုပ်ပါ။
ခေါက်ဆွဲ ၅ပိသာ ၊ ဂေါ်ဖီ ၂ထုပ်
မုန်လာဥ ၁ပိသာခွဲ ၊ တရုတ်နံနံ ၄၀၀ဖိုး
ပဲငံပြာရည်ဗူးသေး ၂ဗူး ၊ သကြား ၂၅သား
ဆား ထမင်းစားဇွန်း ၂၀ ၊ ခရုဆီဗူးသေး ၂ဗူး
ကြက်သား ၅၀ သား ၊ ဆီ ၃လီတာ
ကြက်သားမှုန့်အထုပ်သေး ၁ထုပ်ခွဲ ၊ ဘဲဥ ၅၀လုံး
အချဉ်အတွက်ကတော့ ကြက်သွန်နီအလုံး၂၀ ၊ ဂေါ်ဖီ၁ထုပ်ဝက် ၊ ငရုတ်သီး၅၀ သား ပါးပါးလှီးထည့်ပြီး သံပုရာရည်ဗူးသေး ၂ ဗူးထည့်နယ်ပါ။
(၂) ကြာဇံကြော်
ဘဲဥကို ကြော်ပြီး ကတ်ကြေးဖြင့်ညှပ်ထားပါ။ ကြက်သားကိုအတုံးသေးသေးလေးတုံးထားပါ။
ကြာဇံကိုနာရီဝက်ရေကြိုစိမ်ထားပါ။ ကြာဇံသားပွလာပြီဆိုဇကာနဲ့ဆယ်ပြီးရေစစ်ထားပါ။
ရေကုန်သလောက်ရှိပြီဆို ပဲငံပြာရည် ခရုဆီ ဆား သကြား ငရုတ်ကောင်းထည့်ပြီးနယ်ပါ။
ဆီဆူဆူထဲ ကြက်သားအတုံးသေးများထည့်ကြော်ပါ။ ရေအနည်းငယ်ထည့်ပြီး အသားကျက် ရေခမ်းကြော်ပါ ။
ကြက်သားကျက်လောက်ပြီဆိုမှ ဂေါ်ဖီ နဲ့ မုန်လာဥထည့်ကြော်ပါ။
အသီးရွက်အိပြီဆိုမှ ကြာဇံထည့်ကြော်ပါ။ တရုတ်နံနံအုပ်ပါ။
ကြော်နေစဉ် အောက်ခြေမတူးစေရန် ရေအနည်းငယ် ထည့်ထည့်ပြီး ကြော်ပေးပါ။ မီးမပြင်းရပါ။
တစ်ပွဲစာပြင်ပြီး အပေါ်မှတစ်ပွဲစာဘဲဥကြော်ညှပ်ထည့်ပါ။
ကြာဇံအစိတ်သားထုပ် ၂၀ထုပ် ၊ ဂေါ်ဖီ ၂ထုပ်
မုန်လာဥ ၁ပိသာခွဲ ၊ တရုတ်နံနံ ၄၀၀ဖိုး
ပဲငံပြာရည်ဗူးသေး ၂ဗူး ၊ သကြား ၂၅သား
ဆား ထမင်းစားဇွန်း ၂၀ ၊ အချိုမှုန့် အထုပ်သေး ၂ထုပ်
ခရုဆီဗူးသေး ၂ဗူး ၊ ကြက်သား ၅၀ သား
ဆီ ၃လီတာ ၊ ငရုတ်ကောင်း ဗူးသေး၁ဗူး ၊ ဘဲဥ ၅၀လုံး
အချဉ်အတွက်ကတော့ ကြက်သွန်နီအလုံး၂၀ ၊ ဂေါ်ဖီ၁ထုပ်ဝက် ၊ ငရုတ်သီး၅၀ သား ပါးပါးလှီးထည့်ပြီး သံပုရာရည်ဗူးသေး ၂ဗူးထည့်နယ်ပါ။
အချိုမှုန့်မသုံးချင်ရင် ကြက်သားမှုန့်အစားထိုးသုံးပါ။
အရသာအပေါ့အငန်အတွက်လိုသလိုထပ်မံပြုပြင်နိုင်ပါသည်။ အကြမ်းဖျင်းတွက်ထားသလောက်ချရေးပြလိုက်ပါတယ်။
credit