၂ နှစ်အရွယ် ကလေးမလေးရဲ့ ထူထဲပြီးအညိုရောင်လှိုင်းတွန့်ဆံပင်များကြောင့် လူတွေကို ဆံပင်တုဝတ်ထားတယ်လို့ ထင်မိစေခဲ့တဲ့အဖြစ်

Posted by

၂ နှစ်အရွယ် ကလေးမလေးရဲ့ ထူထဲပြီးအညိုရောင်လှိုင်းတွန့်ဆံပင်များကြောင့် လူတွေကို ဆံပင်တုဝတ်ထားတယ်လို့ ထင်မိစေခဲ့တဲ့အဖြစ်

နှစ်နှစ်အရွယ်မိန်းကလေးငယ်ဟာ ငယ်ရွယ်စဉ်အခါမှာပင် အလွန်ထူပြီး ရှည်လျားတဲ့ဆံပင်ဖြင့် အင်တာနက်သုံးစွဲသူများကို အံ့အားသင့်စေခဲ့ပြီး အင်တာနက်သုံးစွဲသူများကြားမှာ ရေပန်းစားလာခဲ့ပါတယ် ။

Tiktok အသုံးပြုသူ @laddco က အရုပ်နဲ့ကစားနေတဲ့ Aubrey အမည်ရှိ ၂နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို တင်ပြီးတဲ့နောက် လူအများ အံ့အားသင့်စေတဲ့အရာမှာ

ကလေးလေးက ထူထဲတဲ့ အညိုရောင်လှိုင်းတွန့်ဆံပင်များ ရှိနေပြီး Disney မင်းသမီးလေးလို ရှည်လျားပြီး စီးဆင်းနေပါတယ် ။

အဆိုပါ ဗီဒီယိုဖိုင်ကို ကြည့်ရှုမှုအကြိမ်ရေ 14 သန်းကျော်ရှိခဲ့ပြီး အင်တာနက်အသုံးပြုသူများက ၎င်းတို့ရဲ့မျက်လုံးများကို မယုံနိုင်လောက်အောင်ဖြစ်စေခဲ့ပါတယ် ။

အဘယ်ကြောင့်ဆိုသော် Little Aubrey ရဲ့ဆံပင်ကိုကြည့်ခြင်းမှာ အလွန်လှပလွန်းသောကြောင့် ကလေးလေးက ဆံပင်တုဝတ်ထားတယ်လို့တောင် တွေးမိစေပါတယ် ။

ဒီလိုထူပြီး ရှည်လျားတဲ့ဆံပင်ရှည်ကလေးကို တစ်ခါမှမတွေ့ဖူးဘူးလို့ တချို့ကပြောကြပါတယ် ။

နောက်ပိုင်းမှာ မိခင်ဖြစ်သူဟာ မွေးစကတည်းက ဆံပင်ထူနေတဲ့ သမီးရဲ့ဆံပင်ဖြစ်ကြောင်း ထပ်မံရှင်းပြခဲ့ပါတယ် ။


သမီးလေး အသက်ကြီးလာတာနဲ့အမျှ ဆံပင်တွေ ပိုပိုထူလာပြီး ယခု လူတိုင်းမြင်တဲ့အတိုင်းပါဘဲ ။ ၎င်းဟာ ဆံပင်အတုမဟုတ်ကြောင်း မိခင်ကဝန်ခံခဲ့ပါတယ် ။

crd