ဖြစ်စဥ်မှာ သီရိလင်္ကာနိုင်ငံ Ratnapuraဒေသရှိ ကျောက်ကုန်သည်တစ်ဦးဧ။် အိမ်နောက်ဖေးတွင် တွေ့ရှိခဲ့သော အပြာရောင်နီလာကျောက်သည် ကမ္ဘာ့ပေါ်တွင် အကြီးမားဆုံးသော ကျောက်အဖြစ်သတ်မှတ်ခြင်းခံထားရသည်။
ကျောက်ကုန်သည်အမျိုးသားသည် သူဧ။်အိမ်နောက်ဖေးတွင် အလုပ်သမားများနှင့်အတူ ရေတွင်းတူးနေစဥ် မထင်မှတ်ပဲ ကျောက်တုံးကြီးတစ်တုံးအား တွေ့ရှိခဲ့ရာ ရေဆေးချလိုက်မှ အဖိုးတန် နီလာကျောက်ဖြစ်နေမှန်း သိခဲ့ရ၍ အံ့သြမှုများစွာနှင့် ရေတွင်းပင်ဆက်မတူးနိုင်ပဲ အလွန်အမင်းဝမ်းသာအားရဖြစ်ခဲ့သည်။
ထိုနီလာကျောက်ကြီးသည် အပြာရောင်ရှိပြီး အလေးချိန်အားဖြင့်လည်း ၅၁၀ကီလိုဂရမ်ရှိကာ ခန့်မှန်းချေ ဒေါ်လာ သန်း၁၀၀ထိ အဖိုးတန်ကြောင်း သိရသည်။
ထို့နောက် ကျောက်မျက်ရတနာအာဏာပိုင်တို့အား အကြောင်းကြားခဲ့ရာ အံ့အားသင့်နေရပြီး ထိုကျောက်ကြီးအား ခေတ္တခဏ ပြတိုက်တွင် ထားရှိပေးထားသည်။
credit