ထိုင်းနှင့်လာအိုနယ်စပ်ရှိ တောအုပ်ကြီးများတွင်သာ နေထိုင်သော Mlabri မျိုးနွယ်စု

Posted by

ထိုင်းနှင့်လာအိုနယ်စပ်ရှိ တောအုပ်ကြီးများတွင်သာ နေထိုင်သော Mlabri မျိုးနွယ်စု

ထို Mlabriမျိုးနွယ်စုသည် ခြေသလုံးအိမ်တိုင်များဖြစ်ပြီး လူဦးရေ ၃၀၀လောက်ရှိကာ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံ နယ်စပ်ကြားရှိ သစ်တောကြီးများထဲတွင် နေထိုင်ခဲ့သည်။

တောအုပ်ထဲတွင် ပိန်းဥ အာလူး ငှက်ပျောသီး ပျားရည်နှင့် တောရိုင်းတိရစ္ဆာန်များ စသဖြင့် တောထဲစာကိုသာ စားသောက်ကြပြီး အစာပြတ်သွားသည်ဆို၍လည်း မရှိပေ။

သူတို့မျိုးနွယ်စုကို မကြာခဏနေရာပြောင်းရွှေ့ကာ တစ်စိမ်းလူသားများနှင့် ကြုံတွေ့ရမည်ကို စိုးရွံ့နေကြသည်။အခြားသော လူစိမ်းများမှ သူတို့ကို လာနှောင့်ယှက်ပြီး ထိခိုက်ဒဏ်ရာရအောင် လုပ်မည်ကိုကြောက်နေကြပြီး လူစိမ်းသံကြားပြီဆိုသည်နှင့် မိသားစုလိုက် ထွက်ပြေးပုန်းရှောင်လျက်ရှိသည်။

အကြောင်းမှာ တစ်ချိန်တုန်းက သူတို့လူမျိုးနွယ်စုမှတစ်ဦးအား မျက်စိရှေ့တွင်ပဲ သေနတ်နှင့်ပစ်ခံရသည်ကို မြင်ပြီးနောက် အသံပင်မထွက်ရဲပဲ အမိုးအကာအနေနှင့် ငှက်ပျောရွက်များကိုသာ အသုံးပြုကြသည်။

သူတို့မျိုးနွယ်စုသည်တစ်နေရာထဲတွင်အခြေချနေထိုင်ခြင်းမရှိပဲ လာအိုနိုင်ငံ Sayaburi ပြည်နယ် Chaiyaphum ပြည်နယ် Loeiပြည်နယ်နှင့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ တောင်ပေါ် ဒေသအချို့တွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

crd

Zawgyi(version)



တောအုပ်ထဲတွင် ပိန်းဥ အာလူး ငှက်ပျောသီး ပျားရည်နှင့် တောရိုင်းတိရစ်ဆာန်များ စသဖြင့် တောထဲစာကိုသာ စားသောက်ကြပြီး အစာပြတ်သွားသည်ဆို၍လည်း မရှိပေ။




crd