ရိုင်နီယာရဲ့ အားနည်းချက်သိရှိသွားတာကြောင့် အနိုင်ယူဖို့ပြင်ဆင်နေပြီလို့ ဆိုလိုက်တဲ့ အောင်လအန်ဆန်း

Posted by

ပြီးခဲ့တဲ့ ONE on Prime Video 5 ပြိုင်ပွဲမှာတော့ ပရိသတ်အားလုံးမျှော်လင့်တကြီး စောင့်စားခဲ့ကြတဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲကြီးကတော့ ရသပေါင်းစုံပေးစွမ်းနိုင်ခဲ့ပြီး ချန်ပီယံသစ်အသစ်တစ်ဦးထပ်မံပေါ်ထွက်လာခဲ့သလို စံချိန်မှတ်တမ်းကောင်းတွေလည်း ပေါ်ထွက်လာခဲ့ကြပါတယ်။

ယင်းလိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲမှာတော့ ရှုံးပွဲလုံးဝမရှိကြသေးတဲ့ နှစ်ထပ်ကွမ်းချန်ပီယံကြီး ရိုင်နီယာ ဒီရိုက်ဒါနှင့် ရုရှားဖိုက်တာအနာတိုလီ မာလီခင်တို့ ထိပ်တိုက်ရင်ဆိုင်ထိုးသတ်ခဲ့ကြပါတယ်။ အနာတိုလီမာလီခင်ဟာ ရိုင်နီယာကို အံဩလောက်စရာ စွမ်းဆောင်ရည်မျိုးဖြင့် အနိုင်ယူပြနိုင်ခဲ့ပြီးနောက် မစ်ဒယ်ဝိတ်တန်းမှာ ရိုင်နီယာကို ဘယ်လိုမျိူးအနိုင်ယူရမလဲဆိုတာ စဉ်းစားနေကြတဲ့ ဖိုက်တာတွေအတွက် အခွင့်အလမ်းတွေ ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်သည်။

ရိုင်နီယာကို ဘယ်လိုမျိုးအနိုင်ယူရမလဲဆိုတာ အဖြေရှာနေကြတဲ့အထဲမှာ ကျွန်တော်တို့ရဲ့အချစ်တော် နှစ်ထပ်ကွမ်းချန်ပီယံဟောင်း အောင်လအန်ဆန်းလဲပါဝင်နေပါတယ်။ အောင်လဟာ သူ့ရဲ့ချန်ပီယံခါးပတ်နှစ်ခုစလုံးကို ရိုင်နီယာဆီမှာဘဲ ဆုံးရှုံးထားခဲ့ရတာကြောင့် သူ့ကိုပြန်လည်အနိုင်ယူနိုင်ဖို့ အချိန်ပြည့်ကြိုးစားနေသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အင်တာဗျူးမှာတော့ အောင်လအန်ဆန်းဟာ ရိုင်နီယာရဲ့အားနည်းချက်တွေကို အားလုံးသိအောင်လုပ်ပြနိုင်ပြီး အနိုင်ယူခဲ့တဲ့ အနာတိုလီမာလီခင်ကို ချီးကျူးစကားဆိုခဲ့ပြီး ရိုင်နီယာကို အားနည်းချက်တွေကို သူသိရှိထားပြီဖြစ်ကြောင်း ပရိသတ်တွေထံ စကားဆိုခဲ့ပါသည်။

အောင်လအန်ဆန်းဟာ မကြာခင်အချိန်ကာလအတွင်းမှာ တရုတ်ဖိုက်တာ ဖန်ဝေါင်းနှင့်ထိုးသတ်ရမည်ဖြစ်ပြီး ယခုပွဲကိုအနိုင်ရရှိမည်ဆိုပါက နောက်ပွဲမှာ ၎င်းကိုယ်တိုင်ထိုးသတ်ချင်နေတဲ့ ရိုင်နီယာ ဒီရိုက်ဒါနဲ့ပြန်လည်ထိုးသတ်ခွင့်ရဖို့ သေချာသလောက်ဖြစ်နေပါတယ်။

ဒါကြောင့် အောင်လအန်ဆန်းတစ်ယောက် သူသိရှိထားတဲ့ ရိုင်နီယာရဲ့အားနည်းချက်တွေကို ပရိသတ်တွေထံဘယ်လိုမျိုး ချပြသွားမလဲ ၊ ရိုင်နီယာရဲ့ Take Down တွေကိုရော ဘယ်လိုမျိုးခုခံကာကွယ်သွားမလဲဆိုတာ ပရိသတ်တွေနှင့်အတူ ကျွန်တော်တို့အားလုံးရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ‌စောင့်ဆိုင်းလိုက်ကြရအောင်။m

Zawgyi(version)

ၿပီးခဲ့တဲ့ ONE on Prime Video 5 ၿပိဳင္ပြဲမွာေတာ့ ပရိသတ္အားလုံးေမွ်ာ္လင့္တႀကီး ေစာင့္စားခဲ့ၾကတဲ့ လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံခါးပတ္လုပြဲႀကီးကေတာ့ ရသေပါင္းစုံေပးစြမ္းနိုင္ခဲ့ၿပီး ခ်န္ပီယံသစ္အသစ္တစ္ဦးထပ္မံေပၚထြက္လာခဲ့သလို စံခ်ိန္မွတ္တမ္းေကာင္းေတြလည္း ေပၚထြက္လာခဲ့ၾကပါတယ္။

ယင္းလိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံခါးပတ္လုပြဲမွာေတာ့ ရႈံးပြဲလုံးဝမရွိၾကေသးတဲ့ ႏွစ္ထပ္ကြမ္းခ်န္ပီယံႀကီး ရိုင္နီယာ ဒီရိုက္ဒါႏွင့္ ႐ုရွားဖိုက္တာအနာတိုလီ မာလီခင္တို႔ ထိပ္တိုက္ရင္ဆိုင္ထိုးသတ္ခဲ့ၾကပါတယ္။ အနာတိုလီမာလီခင္ဟာ ရိုင္နီယာကို အံဩေလာက္စရာ စြမ္းေဆာင္ရည္မ်ိဳးျဖင့္ အနိုင္ယူျပနိုင္ခဲ့ၿပီးေနာက္ မစ္ဒယ္ဝိတ္တန္းမွာ ရိုင္နီယာကို ဘယ္လိုမ်ိဴးအနိုင္ယူရမလဲဆိုတာ စဥ္းစားေနၾကတဲ့ ဖိုက္တာေတြအတြက္ အခြင့္အလမ္းေတြ ေပၚေပါက္သြားခဲ့ၿပီ ျဖစ္သည္။

ရိုင္နီယာကို ဘယ္လိုမ်ိဳးအနိုင္ယူရမလဲဆိုတာ အေျဖရွာေနၾကတဲ့အထဲမွာ ကြၽန္ေတာ္တို႔ရဲ႕အခ်စ္ေတာ္ ႏွစ္ထပ္ကြမ္းခ်န္ပီယံေဟာင္း ေအာင္လအန္ဆန္းလဲပါဝင္ေနပါတယ္။ ေအာင္လဟာ သူ႕ရဲ႕ခ်န္ပီယံခါးပတ္ႏွစ္ခုစလုံးကို ရိုင္နီယာဆီမွာဘဲ ဆုံးရႈံးထားခဲ့ရတာေၾကာင့္ သူ႕ကိုျပန္လည္အနိုင္ယူနိုင္ဖို႔ အခ်ိန္ျပည့္ႀကိဳးစားေနသူျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက အင္တာဗ်ဴးမွာေတာ့ ေအာင္လအန္ဆန္းဟာ ရိုင္နီယာရဲ႕အားနည္းခ်က္ေတြကို အားလုံးသိေအာင္လုပ္ျပနိုင္ၿပီး အနိုင္ယူခဲ့တဲ့ အနာတိုလီမာလီခင္ကို ခ်ီးက်ဴးစကားဆိုခဲ့ၿပီး ရိုင္နီယာကို အားနည္းခ်က္ေတြကို သူသိရွိထားၿပီျဖစ္ေၾကာင္း ပရိသတ္ေတြထံ စကားဆိုခဲ့ပါသည္။

ေအာင္လအန္ဆန္းဟာ မၾကာခင္အခ်ိန္ကာလအတြင္းမွာ တ႐ုတ္ဖိုက္တာ ဖန္ေဝါင္းႏွင့္ထိုးသတ္ရမည္ျဖစ္ၿပီး ယခုပြဲကိုအနိုင္ရရွိမည္ဆိုပါက ေနာက္ပြဲမွာ ၎ကိုယ္တိုင္ထိုးသတ္ခ်င္ေနတဲ့ ရိုင္နီယာ ဒီရိုက္ဒါနဲ႕ျပန္လည္ထိုးသတ္ခြင့္ရဖို႔ ေသခ်ာသေလာက္ျဖစ္ေနပါတယ္။

ဒါေၾကာင့္ ေအာင္လအန္ဆန္းတစ္ေယာက္ သူသိရွိထားတဲ့ ရိုင္နီယာရဲ႕အားနည္းခ်က္ေတြကို ပရိသတ္ေတြထံဘယ္လိုမ်ိဳး ခ်ျပသြားမလဲ ၊ ရိုင္နီယာရဲ႕ Take Down ေတြကိုေရာ ဘယ္လိုမ်ိဳးခုခံကာကြယ္သြားမလဲဆိုတာ ပရိသတ္ေတြႏွင့္အတူ ကြၽန္ေတာ္တို႔အားလုံးရင္ခုန္စိတ္လႈပ္ရွားစြာျဖင့္ ေစာင့္ဆိုင္းလိုက္ၾကရေအာင္။m