Coke အချိုရည်အရောင်နဲ့ ရေကန်ကြောင့် နာမည်အကြီးဆုံးနဲ့ ထူးခြားဆန်းပြားတဲ့ ခရီးသွားနေရာဖြစ်လာခဲ့တဲ့ နိုင်ငံ

အတိတ်မှာ ကျွန်ုပ်တို့က ပုံမှန်မဟုတ်တဲ့ပုံသဏ္ဏာန်များ (သို့) အရောင်များစွာဖြင့် မြင်ဖူးကြလိမ့်မယ်ထင်ပါတယ် ။ ဒါပေမယ့် ငါတို့ကမ္ဘာပေါ်မှာ ‘Coke Lake’ လို ရေကန်ထဲမှာ ရေဆင်းကူးနိုင်တယ်ဆိုတာ လူတိုင်းမသိကြဘူးလို့ ထင်မိပါတယ် ။ Coke ကဲ့သို့ အရောင်ဟာ လူသားများအားလုံးအတွက် အန္တရာယ်မရှိသောကြောင့် ကြောက်ရွံ့စရာမလိုပါဘူး ။

ဒီရေကန်ကို Lagoa da Araraquara လို့ အမည်ပေးထားပြီး ဘရာဇီးနိုင်ငံ၊ Rio Grande do Norte ပြည်နယ်မှာတည်ရှိပါတယ် ။ ဒီရေကန်ရဲ့ထူးခြားချက်ကတော့ မလွဲဧကန်ပါပဲ ။ အိုင်ရဲ့ အရောင်ဟာ အညိုရောင်ဖြစ်ပြီး နာမည်ကျော်အချိုရည် ‘Coke’ နဲ့ ဆင်တူဒါကြောင့် ၎င်းပင်လယ်ကို ‘ကိုကာကိုလာရေကန်’ (Coca-Cola Lake) လို့ ချစ်စနိုးခေါ်ဝေါ်ခဲ့ကြပါတယ် ။၎င်းအိုင်ဟာ အညိုရောင်ဖြစ်ရတဲ့အကြောင်းရင်းမှာ အိုင်အတွင်းမှာ ရေတွင် အိုင်အိုဒင်းနဲ့ သံဓာတ်မြင့်မားစွာ ပါဝင်သောကြောင့် ဖြစ်ပါတယ် ။

ရေကန်အနီးရှိကျူပင်ရဲ့ အရောင်ကို ရောစပ်ထားတာကြောင့် ရေရဲ့ ရလဒ်က Coke နဲ့ပင် တူလာခဲ့ပါတယ် ။ နွေရာသီရောက်တဲ့အခါ ၎င်းရေကန်က ရေဟာ ပိုပူလာပါတယ် ။ ရေကူးခြင်း (သို့) ရေကစားခြင်းတို့ ပြုလုပ်နိုင်ပြီး coke ရောင်ရှိသော ရေက အိုင်အတွင်းမှ သတ္တုများပေါင်းစပ်ခြင်းဖြင့်ဖွဲ့စည်းတယ်လို့ ယုံကြည်သူများလည်းရှိပါတယ် ။ထို့အတွက်ကြောင့် Coke Lake ဟာ ဘရာဇီးလ်ပြည်နယ်မှာ နာမည်အကြီးဆုံးနဲ့ ထူးခြားဆန်းပြားတဲ့ ခရီးသွားနေရာဖြစ်လာခဲ့တာပါ ။

ကိုကာကိုလာရေကန်လို့ နာမည်ကြားလျှင် စိတ်လှုပ်ရှားနေတဲ့ ကလေးများ လာပြီးရေကစားချင်ကြသလို ၊ အထူးသဖြင့်ခရီးသွားများစွာကို ဆွဲဆောင်နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ တစ်ချို့လူကြီးတွေအတွက် ဒီအရောင်ကို မကြိုက်ဘူး ။ အဘယ်ကြောင့်ဆိုသော် ဆီမှာ အနီရောင်ရှိတဲ့ အရောင်က ကြောက်မက်ဖွယ်ကောင်းတယ်လို့ ဆိုပါတယ် ။ ထို့အပြင် ၎င်းဟာ ရေအောက်မှာ ရှိသောအရာကို မမြင်နိုင်တာကြောင့်ဖြစ်ပါတယ် ။
credit

Leave a Reply

Your email address will not be published.