မန္တလေးသားတွေ သတိမမူခဲ့ကြတဲ့ ဈေးချိုအနောက်နားက ဆင်နဲ့ မိကျောင်းတံတားတို့ရဲ့ ရာဇဝင်အကြောင်း

Posted by

မန္တလေးသားတွေ သတိမမူခဲ့ကြတဲ့ ဈေးချိုအနောက်နားက ဆင်နဲ့ မိကျောင်းတံတားတို့ရဲ့ ရာဇဝင်အကြောင်း။ မန္တလေး ဈေးချိုတော်ကြီး အနောက်နားတွင် ဆင်နှစ်ကောင်နှင့် မိကျောင်း နှစ်ကောင်ရှိတာ

နှောင်းခေတ် မန္တလေးသားတွေ သတိမမူခဲ့ကြပေ။ တကယ်တော့ ထိုဆင်နှင့် မိကျောင်းကြီးတွေက မန္တလေးမြို့ မတည်ခင်ကတည်းက ရှိနေခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ သူတို့သက်တမ်းက နှစ် ၁၇၀ကျော်ပြီပေါ့။ “ဆင်တံတား” -ဆင်တံတားဟူသည် ဈေးချိုတော်ကြီး အနောက်ဘက်

၈၆လမ်း ၂၇လမ်းနှင့် ၂၈လမ်းကြားရှိ အုတ်အင်္ဂတေဖြင့် တည်ဆောက်ထားသော ဆင်ရုပ်ကြီးနှစ်ကောင်ရှိရာ အုတ်တံတားကြီးဖြစ်သည်။ အဆိုပါအုတ်တံတားကြီးက အိမ်တော်ရာဘုရား အရှေ့မုခ်အထိရှည်လျားသည်။ အိမ်တော်ရာဘုရားကို မန္တလေးမြို့တည်၊ နန်းတည်နှစ်မတိုင်မီ

၁၂ဝ၉ ခုနှစ်တွင် ပုဂံမင်းက သူ၏အိမ်တော်နေရာတွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ဆင်တံတားမှာ အိမ်တော်ရာ စေတီတော်ကြီးပြီးမှ တည်ဆောက်ခြင်းဖြစ်ပြီး တံတားဒါယကာမှာ ”နိဗ္ဗာနပစ္စယနာဂဆဒ္ဒန် ဆင်မင်း”ကြီးဖြစ်သည်။ ထိုဆင်မင်းမှာ ဘိုးတော်ဘုရား

လက်ထက်တွင် ဟံသာဝတီတောင်ဘက် နိဗ္ဗာန်ရွာ၏ အရှေ့ဘက် ကုန်းသာယာအမည်ရှိ တောတွင်းမှ ဖမ်းယူရရှိပြီး တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသော ဆင်ဖြူတော်ဖြစ်သည်။ ၁၁၆၈ ခုနှစ်တွင် ကြန်အင်နှင့်ပြည့်စုံသော ဆင်ဖြူ တော်ဖြစ်သဖြင့် ဘိုးတော်ဘုရားက ဟံသာဝတီမှ

ခေတ္တစံရာ မင်းကွန်းသို့ ဆင်ဖြူတော်ကို တင်ဆောင်ခေါ်ယူခဲ့သည်။ ထို့နောက် အမရပူရတွင် ဆင်မင်းနန်းတော်ဆောက်ပေးပြီး အထိန်းအသိမ်း၊ အယုအယများနှင့် ထားခဲ့၏။ ဆင်ကြီးအတွက် ရွှေအင်၊ ငွေအင်များအပြင် ဆင်ကြီးအတွက် အားလုံးက ဝိုင်း၍လက်ဖွဲ့သော

ပစ္စည်းများကလည်း ဆင်ကြီးပိုင်အဖြစ် အများအပြားရှိခဲ့သည်။ ဆင်ကြီးသည် လူကဲ့သို့သိတတ်ကာ လူစကားကိုနားလည်သဖြင့် လူချစ်လူခင်ပေးသကဲ့သို့ လူအများအကျိုးအတွက်လည်း ဆင်ကြီးကဆောင်ရွက်ခဲ့ရာ နာမည်ကြီးလှသည်။ ပုဂံမင်းက အိမ်တော်ရာစေတီတော်

တည်ထားပြီးနောက် ၁၂၁ဝခုနှစ်တွင် ဆင်မင်းပိုင် ငွေတော်များဖြင့် အုတ်တံတားကြီးတည်ဆောက်ကာ တံတားဦးတွင် အုတ်ဆင်ရုပ်ကြီး ၂ရုပ် တည်ဆောက်ပြီး အလှူတော်ပြုလုပ်ပေးခဲ့၏။ ထိုဆင်တံတားပေါ်တွင် ယခင်က မန္တလေးမြို့၏ နာမည်ကြီး အိမ်တော်ရာထီးများကို

ထုတ်လုပ်ရောင်းချခဲ့သည်။ အိမ်တော်ရာထီးသည် ရဟန်းဆောင်း၊ လူဆောင်းသာမက မိန်းမပျိုကလေးများပင် နှစ်သက်စွာ ဆောင်းကြသည်။ အိမ်တော်ရာထီးကို တစ်ပြည်လုံး ကျယ်ပြန့်စွာဆရာင်းချရသဖြင့် ထီးရိုးပြုလုပ်သော လုပ်ငန်းအစုအဝေးကြီးပင် ရှိခဲ့ဖူးသည်။

ထိုနေရာကို ထီးရိုးဝင်းဟု ခေါ်တွင်ခဲ့၏။ ယခု အိမ်တော်ရာထီး ပျောက်ကွယ်ခဲ့သည်မှာကြာပေပြီ။ “မိကျောင်းတံတား” -လူကြီးသူမတွေပြောသကဲ့သို့ ဒေါင်းရိုးသင်္ဘောတန်းတို့၊ ဆိုင်းတန်းသင်္ဘောတန်းတို့ နေရာမှာ သင်္ဘောတွေ လှေတွေ ဆိုက်ကပ်တာ သေချာမသေချာ

မသိသော်လည်း ထိုနေရာတစ်ဝိုက်သည် ထိုစဉ်က မြေနိမ့်ပိုင်းဖြစ်ပြီး အမြဲတစေရွှံနွံများဖြင့် ထူထပ်နေမှာတော့ သေချာသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ထက်တိုင် ဆိုင်းတန်း သင်္ဘောတန်းရပ်ရှိ နေရာအချို့တွင် မြစ်ရေတက်သည့်ကာလ၌ စိမ့်ရေများ ဒူးဆစ်ပေါင်လည်ထိ

ဝင်လာဆဲ ဖြစ်သည်၊ ဒေါင်းရိုးသင်္ဘောတန်းဟု ခေါ်ဆိုသည့်နေရာတွင် မန္တလေးမြို့မတည်မီ ပုဂံမင်းလက်ထက် အိမ်တော်ရာစေတီ တည်ထားကိုးကွယ်ရာတွင် အမရပူရနေပြည်တော်မှ အိမ်တော်ရာသို့ ဘုရားဖူးလာသည့် မင်းပြည်သူတို့ ရေစပ်စပ်နှင့် ရွှံထဲဗွက်ထဲ ခက်ခက်ခဲခဲ

မဖြတ်သန်းရလေအောင် ၃၅လမ်းထိပ်မှ အိမ်တော်ရာစေတီအနောက်မုခ်ထိ အုတ်တံတားကြီး ခင်းလုပ်ခဲ့သည်။ မိကျောင်းတံတားဟု ယနေ့ထက်တိုင် ခေါ်တွင်ဆဲဖြစ်ပါ၏။ ၃၄လမ်းဘက် တံတားထိပ်တွင် ကြီးမားခံ့ထည် လက်ရာမြောက်သည့် အုတ်ခင်္သြေ့ကြီး ၂စီးရှိပြီး

အိမ်တော်ရာဘုရားအနောက်မုခ်အနီး တံတားထိပ်တွင် မိကျောင်း၂ကောင်နှင့် ရေသူမရုပ်များရှိသည်။ အမရပူရခေတ်က ဗိသုကာလက်ရာနှင့် အုတ်တံတိုင်း လက်ရန်းအကြွင်းအကျန်များကို လွန်ခဲ့သောနှစ်သုံးဆယ်လောက်ကအထိ သိသာထင်ရှားစွာ မြင်တွေ့ခဲ့ရသည်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi(version)

မႏၱေလးသားေတြ သတိမမူခဲ့ၾကတဲ့ ေဈးခ်ိဳအေနာက္နားက ဆင္နဲ႕ မိေက်ာင္းတံတားတို႔ရဲ႕ ရာဇဝင္အေၾကာင္း။ မႏၱေလး ေဈးခ်ိဳေတာ္ႀကီး အေနာက္နားတြင္ ဆင္ႏွစ္ေကာင္ႏွင့္ မိေက်ာင္း ႏွစ္ေကာင္ရွိတာ

ႏွောင္းေခတ္ မႏၱေလးသားေတြ သတိမမူခဲ့ၾကေပ။ တကယ္ေတာ့ ထိုဆင္ႏွင့္ မိေက်ာင္းႀကီးေတြက မႏၱေလးၿမိဳ႕ မတည္ခင္ကတည္းက ရွိေနခဲ့ၾကျခင္းျဖစ္သည္။ ယခုအခါ သူတို႔သက္တမ္းက ႏွစ္ ၁၇၀ေက်ာ္ၿပီေပါ့။ ဆင္တံတား -ဆင္တံတားဟူသည္ ေဈးခ်ိဳေတာ္ႀကီး အေနာက္ဘက္

၈၆လမ္း ၂၇လမ္းႏွင့္ ၂၈လမ္းၾကားရွိ အုတ္အဂၤေတျဖင့္ တည္ေဆာက္ထားေသာ ဆင္႐ုပ္ႀကီးႏွစ္ေကာင္ရွိရာ အုတ္တံတားႀကီးျဖစ္သည္။ အဆိုပါအုတ္တံတားႀကီးက အိမ္ေတာ္ရာဘုရား အေရွ႕မုခ္အထိရွည္လ်ားသည္။ အိမ္ေတာ္ရာဘုရားကို မႏၱေလးၿမိဳ႕တည္၊ နန္းတည္ႏွစ္မတိုင္မီ

၁၂ဝ၉ ခုႏွစ္တြင္ ပုဂံမင္းက သူ၏အိမ္ေတာ္ေနရာတြင္ တည္ထားကိုးကြယ္ခဲ့ျခင္းျဖစ္သည္။ ဆင္တံတားမွာ အိမ္ေတာ္ရာ ေစတီေတာ္ႀကီးၿပီးမွ တည္ေဆာက္ျခင္းျဖစ္ၿပီး တံတားဒါယကာမွာ နိဗၺာနပစၥယနာဂဆဒၵန္ ဆင္မင္းႀကီးျဖစ္သည္။ ထိုဆင္မင္းမွာ ဘိုးေတာ္ဘုရား

လက္ထက္တြင္ ဟံသာဝတီေတာင္ဘက္ နိဗၺာန္႐ြာ၏ အေရွ႕ဘက္ ကုန္းသာယာအမည္ရွိ ေတာတြင္းမွ ဖမ္းယူရရွိၿပီး တစ္ကိုယ္လုံး ဆြတ္ဆြတ္ျဖဴေသာ ဆင္ျဖဴေတာ္ျဖစ္သည္။ ၁၁၆၈ ခုႏွစ္တြင္ ၾကန္အင္ႏွင့္ျပည့္စုံေသာ ဆင္ျဖဴ ေတာ္ျဖစ္သျဖင့္ ဘိုးေတာ္ဘုရားက ဟံသာဝတီမွ

ေခတၱစံရာ မင္းကြန္းသို႔ ဆင္ျဖဴေတာ္ကို တင္ေဆာင္ေခၚယူခဲ့သည္။ ထို႔ေနာက္ အမရပူရတြင္ ဆင္မင္းနန္းေတာ္ေဆာက္ေပးၿပီး အထိန္းအသိမ္း၊ အယုအယမ်ားႏွင့္ ထားခဲ့၏။ ဆင္ႀကီးအတြက္ ေ႐ႊအင္၊ ေငြအင္မ်ားအျပင္ ဆင္ႀကီးအတြက္ အားလုံးက ဝိုင္း၍လက္ဖြဲ႕ေသာ

ပစၥည္းမ်ားကလည္း ဆင္ႀကီးပိုင္အျဖစ္ အမ်ားအျပားရွိခဲ့သည္။ ဆင္ႀကီးသည္ လူကဲ့သို႔သိတတ္ကာ လူစကားကိုနားလည္သျဖင့္ လူခ်စ္လူခင္ေပးသကဲ့သို႔ လူအမ်ားအက်ိဳးအတြက္လည္း ဆင္ႀကီးကေဆာင္႐ြက္ခဲ့ရာ နာမည္ႀကီးလွသည္။ ပုဂံမင္းက အိမ္ေတာ္ရာေစတီေတာ္

တည္ထားၿပီးေနာက္ ၁၂၁ဝခုႏွစ္တြင္ ဆင္မင္းပိုင္ ေငြေတာ္မ်ားျဖင့္ အုတ္တံတားႀကီးတည္ေဆာက္ကာ တံတားဦးတြင္ အုတ္ဆင္႐ုပ္ႀကီး ၂႐ုပ္ တည္ေဆာက္ၿပီး အလႉေတာ္ျပဳလုပ္ေပးခဲ့၏။ ထိုဆင္တံတားေပၚတြင္ ယခင္က မႏၱေလးၿမိဳ႕၏ နာမည္ႀကီး အိမ္ေတာ္ရာထီးမ်ားကို

ထုတ္လုပ္ေရာင္းခ်ခဲ့သည္။ အိမ္ေတာ္ရာထီးသည္ ရဟန္းေဆာင္း၊ လူေဆာင္းသာမက မိန္းမပ်ိဳကေလးမ်ားပင္ ႏွစ္သက္စြာ ေဆာင္းၾကသည္။ အိမ္ေတာ္ရာထီးကို တစ္ျပည္လုံး က်ယ္ျပန႔္စြာဆရာင္းခ်ရသျဖင့္ ထီးရိုးျပဳလုပ္ေသာ လုပ္ငန္းအစုအေဝးႀကီးပင္ ရွိခဲ့ဖူးသည္။

ထိုေနရာကို ထီးရိုးဝင္းဟု ေခၚတြင္ခဲ့၏။ ယခု အိမ္ေတာ္ရာထီး ေပ်ာက္ကြယ္ခဲ့သည္မွာၾကာေပၿပီ။ မိေက်ာင္းတံတား -လူႀကီးသူမေတြေျပာသကဲ့သို႔ ေဒါင္းရိုးသေဘၤာတန္းတို႔၊ ဆိုင္းတန္းသေဘၤာတန္းတို႔ ေနရာမွာ သေဘၤာေတြ ေလွေတြ ဆိုက္ကပ္တာ ေသခ်ာမေသခ်ာ

မသိေသာ္လည္း ထိုေနရာတစ္ဝိုက္သည္ ထိုစဥ္က ေျမနိမ့္ပိုင္းျဖစ္ၿပီး အၿမဲတေစ႐ႊံႏြံမ်ားျဖင့္ ထူထပ္ေနမွာေတာ့ ေသခ်ာသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ယေန႕ထက္တိုင္ ဆိုင္းတန္း သေဘၤာတန္းရပ္ရွိ ေနရာအခ်ိဳ႕တြင္ ျမစ္ေရတက္သည့္ကာလ၌ စိမ့္ေရမ်ား ဒူးဆစ္ေပါင္လည္ထိ

ဝင္လာဆဲ ျဖစ္သည္၊ ေဒါင္းရိုးသေဘၤာတန္းဟု ေခၚဆိုသည့္ေနရာတြင္ မႏၱေလးၿမိဳ႕မတည္မီ ပုဂံမင္းလက္ထက္ အိမ္ေတာ္ရာေစတီ တည္ထားကိုးကြယ္ရာတြင္ အမရပူရေနျပည္ေတာ္မွ အိမ္ေတာ္ရာသို႔ ဘုရားဖူးလာသည့္ မင္းျပည္သူတို႔ ေရစပ္စပ္ႏွင့္ ႐ႊံထဲဗြက္ထဲ ခက္ခက္ခဲခဲ

မျဖတ္သန္းရေလေအာင္ ၃၅လမ္းထိပ္မွ အိမ္ေတာ္ရာေစတီအေနာက္မုခ္ထိ အုတ္တံတားႀကီး ခင္းလုပ္ခဲ့သည္။ မိေက်ာင္းတံတားဟု ယေန႕ထက္တိုင္ ေခၚတြင္ဆဲျဖစ္ပါ၏။ ၃၄လမ္းဘက္ တံတားထိပ္တြင္ ႀကီးမားခံ့ထည္ လက္ရာေျမာက္သည့္ အုတ္ခေၾသၤ့ႀကီး ၂စီးရွိၿပီး

အိမ္ေတာ္ရာဘုရားအေနာက္မုခ္အနီး တံတားထိပ္တြင္ မိေက်ာင္း၂ေကာင္ႏွင့္ ေရသူမ႐ုပ္မ်ားရွိသည္။ အမရပူရေခတ္က ဗိသုကာလက္ရာႏွင့္ အုတ္တံတိုင္း လက္ရန္းအႂကြင္းအက်န္မ်ားကို လြန္ခဲ့ေသာႏွစ္သုံးဆယ္ေလာက္ကအထိ သိသာထင္ရွားစြာ ျမင္ေတြ႕ခဲ့ရသည္။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္