ဟောင်ကောင်တွင် နေထိုင်သော Zhu Qianpei အမည်ရှိသော အသက် ၃၁နှစ်အရွယ် မိန်းကလေးသည် ရုပ်ရည်လေးနှင့်မျှ မလိုက်ပဲ ကုန်တင်ကုန်ချ လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် တွေ့ရှိသူများမှ ရုပ်ရှင်မင်းသမီးလေးဟုပင် ထင်မှားနေကြပြီး ဓာတ်ပုံတူတူတွဲရိုက်ရန် တောင်းဆိုခဲ့ကြသည်။
မိန်းကလေးသည် တစ်ကိုယ်တည်း တိုက်ခန်းတွင် ငှားနေကာ အခြားသောအလုပ်များကို စိတ်မဝင်စားပဲ သယ်ယူပို့ဆောင်ရေး ကုန်တင်ကုန်ချ လုပ်ငန်းကိုသာ လုပ်ကိုင်လိုပြီး ခန္ဓာကိုယ်အတွက်လည်း လေ့ကျင့်ခန်းများ ပုံမှန်လုပ်လေ့ရှိသည်။
မိန်းကလေးသည် စျေးနှင့်အနီးတဝိုက် စတိုးဆိုင်များတွင် ဆီပုံး ဆန်အိတ်စသဖြင့် လေးလံသည့်အရာများကို သယ်ဆောင်နိုင်ပြီး လစာလည်း ကောင်းသည်အတွက် ထိုအလုပ်လုပ်ရခြင်းကို ပျော်နေခဲ့သည်။
ထို့အပြင် မိန်းကလေးသည် ကားလိုင်စင်လည်းရရှိထား၍ ပစ္စည်းများကို ထရပ်ကားနှင့် သယ်ယူပို့ဆောင်ပေးခြင်းဖြင့် ဝင်ငွေများစွာ ရှာနိုင်နေပြီဖြစ်သည်။
credit