ကားဝယ်တော့မည်ဆိုလျှင်မသိမဖြစ်သိနေရမည့်အချက်များ

၁။အရိုးဆစ်ကောင်းမကောင်းကြည့်မယ်အရိုးဆစ်ကောင်းမကောင်းကိုအရင်ဦးဆုံးရှေ့ကဘောနပ်စက်ဖုံးကိုဖွင့်ပါရှော့ဘားအထိုင်နေရာပတ်လည်ချက်စီတန်းနေရာပတ်လည်ကိုအ သေချာကြည့်ပါ

တစ်ချို့ကားတွေမှာချက်စီတန်းကထိုင်ခုံ
အောက်မှာရှိပါတယ်အောက်မှာပုံနှင့်တကွပြပေးထားပါတယ်အဲဒီနေရာတွေမှာပုံမှန်အနေထားမဟုတ်ပဲတစ်ခုခုလွှဲမှားနေသလား

ဥပမာ/ဆေးတွေကြမ်းနေလားပတ်တီးအက်ကြောင်းဖြစ်နေလားပိန်နေလားလိမ်နေလားပုံမှန်အနေထားဟုတ်လားမဟုတ်လားအသေချာကြည့်ပါပုံမှန်အနေထားမဟုတ်ရင်သိသာပါတယ်

ထိုနည်းတူတခြားနေရာတွေလည်းဒီအတိုင်းပဲစစ်ပါတံခါးလေးဘက်အတွင်းနောက်ဖုံးအတွင်းရေတိုင်ကီတန်းအပေါ်အောက်ကိုကြည့်ပါမယ်

အဆက်နေရာလေးတွေမှာအော်ရယ်ဂျင်နယ်စပေါ့အချိုက်သေးသေးလေးတွေပါရပါမယ်ဒါဆိုရင်အရိုးဆစ်ကြည့်တဲ့ကိစ္စလုံလောက်ပါပြီယာဉ်မှန် မမှန်ကညနရုံးမှာမစစ်ဘူးဆိုရင်တော့ရေဝိုက်ပါကာဘာအဖုံးကိုဖြုတ်ကြည့်ဖို့လိုပါမယ်

ထိုင်ခုံအောက်ဆိုရင်လည်းထိုင်ခုံဖြုတ်ပြီးကြမ်းခင်းခဏခွာကြည့်ဖို့လိုပါမယ်ကညနရုံးမှာယဉ်မှန်မမှန်စစ်မယ်ဆိုရင်တော့ဒါတွေဖြုတ်ကြည့်ခွာကြည့်ဖို့မလိုပါရုံးကတာဝန်ရှိသူတွေအဲဒီနေရာတွေကိုစစ်ပါလိမည်၂ဘော်ဒီကောင်းမကောင်းကြည့်မယ်

ဘော်ဒီကောင်းမကောင်းဘယ်လိုကြည့်မလည်းဆိုတော့အရင်ဦးဆုံးဆယ်ပေအကွာလကနေဘော်ဒီဂျောအကြောပုံမှန်ဟုတ်မဟုတ်တစ်ချက်ရှိုးမယ်ပြီးရင်ဘော်ဒီနေရာအနှံ့လက်ညှိုးနဲ့ဖြစ်စေလက်ခလည်နဲ့ ဖြစ်စေဇယ်တောက်သလိုလေးလိုက်ခေါက်ကြည့်ပါ

ပုံမှန်အသံကသံပြားအသံအသံမာမာလေးထွက်ရပါမယ်ဒီလိုမဟုတ်ပဲသစ်သားပုံးတစ်ခုခုကိုခေါက်နေရသလိုတစ်ဘုတ်ဘုတ်နဲ့ဖြစ်နရင် တော့ထိခိုက်ထားပြီးပြန်ပြင်ထားတာပါဘော်ဒီကိုစစ်ဆေးတာ ဒီလောက်ဆိုလုံလောက်ပါပြီ

၃။မှန်စပေါ့မှန်အက်ကြောင်းရှိမရှိစစ်မယ်ဒါစစ်တာကတော့လွယ်ပါတယ်လူတိုင်းကြည့်တက်ပါတယ်သတိထားရမှာကရှေ့လေကာမှန်ဆိုရင်အနားသက်လေးတွေမှာအမဲရောင်ကွတ်ထားတာလေးတွေရှိပါတယ်

အမဲနေရာလေးတွေမှာအက်ကြောင်းရှိနေရင်အမှတ်တမဲ့ဆိုမမြင်နိုင်ပါဘူးအသေချာကြည့်ပါဒါဆိုလုံလောက်ပါပြီ၄ဘော်ဒီကြမ်းခင်းဆွေးမဆွေးကြည့်မယ်ဒါလည်းလွယ်ပါတယ်အခင်းတခုရှာပါ ခေါင်းဝင်ပြီးပက်လပ်လှန်ကြည့်ပါအရမ်းနိပ်တဲ့ကားဆိုရင်အလွယ်တကူစင်ပေါ်တင်လို့ရတဲ့နေရာဆိုရင်စင်ပေါ်တင်ကြည့်ပါဥပမာရေဆေးခုံလိုနေရာဝပ်ရှော့လိုနေရာဒါဆိုလုံလောက်ပါပြီ။

၅။အင်ဂျင်ကောင်းမကောင်းစစ်မယ်အရင်ဦးဆုံး ကားကိုစက်နှိုးထားပါမယ်အင်ဂျင်ဝိုင်တိုင်းတဲ့ဂိတ်တံလေးကိုဆွဲဖွင့်လိုက်ပါ။အောက်မှာပုံနဲ့လည်းပြပေးပါမယ်မီးခိုးမှုတ်လား
မမှုတ်ဘူးလားကြည့်ပါသိပ်ပြီးမသင်္ကာဘူးထင်ရင်လီဘာနင်းကြည့်ပါမီးခိုးမှုတ်နေရင်အင်ဂျင်ကျနေပါပြီ

အင်ဂျင်မကောင်းပါအပေါ်ဖွင့်အောက်ဖွင့်လုပ်ရပါတော့မယ်အခန့်မသင့်ရင်အင်ဂျင်အလုံးလိုက်ချိန်းရပါမယ်တခြားအသံတွေကတော့နားထောင်လို့လွယ်ပါတယ်ကွန်ပရာဆာဘောသံရေလည်အုံ ဘောသံတိုက်ဗစ်မည်သံတခြားအသံတွေထွက်မထွကနားထောင်ရင်ရပါပြီ

ဒါဆိုရင်အင်ဂျင်ကောင်းမကောင်းစစ်ဆေးတာလုံလောက်ပါပြီ၆။ဒိုင်ခွက်ကသတိပေးမီးများပုံမှန်ဟုတ်မဟုတ်စစ်ဆေးမယ်ဒါကလည်းလွယ်ပါတယ်ယာဉ်မောင်းထိုင်ခံမှာထိုင်ပါသော့မှာအချက်သုံးချက်ပါမယ်

ပထမအကြိမ်လှည့်တဲ့အချက်ကကက်ဆက်နဲ့ဆေးလိပ်မီးပေါက်ကိုမီးပို့တယ် ဒုတိယတစ်ကြိမ်ကဒိုင်ခွက်မှာရှိတဲ့မီးတွေရယ်ကွန်မြူတာဘောက်နဲ့တခြားမီးရောက်ရမဲ့နေရာတွေကိုအကုန်လုံးမီးပို့ပါတယ်တတိယအကြိမ်မှာစက်နှိုးတယ်ဒါကတော့လူတိုင်းသိပါတယ်

ဒုတိယကြိမ်ဒုတိယအချက်မှာဒိုင်ခွက်မှာရှိတဲ့မီးတွေအ ကုန်လင်းရပါမယ်အင်ဂျင်ချက်မီးအဲယားဘက်မီးဘတၳရီပုံ
အင်ဂျင်ဝိုင်ချက်မီးABSချက်မီးလင်းရမဲ့မီးအကုန်လင်းရပါမယ်စက်နှိုးပြီးသွားရင်အဲဒီမီးတွေအကုန်ညိမ်းရပါမယ်မီတစ်ခုခုလင်းနေရင်Errorတခုခုရှိနေပါပြီနောက်တစ်ခုရှိတာကဟွန်ဒါအုပ်စုမှာအများဆုံးတွေ့ရမှာပါ

ဘတၳရီနဲ့အင်ဂျင်တွဲပြီးအလုပ်လုပ်တဲ့ကားတွေမှာဆိုရင်ဘတၳရီကောင်းမကောင်းနဲ့ရှာဂျင်ဝင်မဝင်ကြည့်ရပါမယ်အဲဒီကားတွေဆိုရင်ဟိုပ်ဗစ်ဆိုပြီးအမည်ပေးထားပါတယ်ဒါပေမဲ့မြန်မာပြည်ရောက်နေကားတော်တော်များများကတော့ဘတၳရီသက်တမ်းကုန်နေကြပါပြီ

ဟိုပ်ဗစ်မဟုတ်ရင်အဲဒါတွေခေါင်းထဲထည့်စရာမလိုပါဒါဆိုရင်ဒိုင်ခွက်ကသတိပေးမီးတွေစစ်ဆေးမှုလုံလောက်ပြီ၇အောက်ပိုင်းကောင်းမကောင်းဂီယာချိန်းပုံမှန်မမှန်မောင်းစစ်မယ်ဒါက တော့ကားမောင်းကြည့်ပြီးစစ်ဆေးရမဲ့အပိုင်းရောက်လာပြီ

အောက်ပိုင်းကတော့စစ်ရတာလွယ်ပါတယ်ကီလို30 ကျော်40 လောက်ထိ မောင်းကြည့်ပါဘရိတ်ဖမ်းကြည့်ပါအသံနားထောင်ပါလမ်းသိပ်မကောင်းတဲ့အဖုအထစ်လေးတွေရှိတဲ့နေရာမောင်းကြည့်ပါ

တချို့ကားစီယာတိုင်ဂန်းကလမ်းအကောင်းမှာလုံးဝအသံမထွက်ပါဂီယာဘောက်အပိုင်းမှာက တော့အော်တိုဂီယာအင်ဂျင်ပါဝါကြီးတဲ့ကားဆိုရင်ကီလို80 လောက်ထိ မောင်းကြည့်ပါပါဝါ သေးရင်တော့50 ကျော်60 လောက် မောင်းကြည့်ပါဒါဆိုရင်ဂီယာအစုံအစိရောက်ပါပြီရိုးရိုးမန်နူရယ်ဂီယာဘောက်ဆိုရင်နံပါတ်တစ်ဂီယာကနေ2345နောက်ဆုံးထိထည့်မောင်းစမ်းပါဂီယာချိန်းတာပုံမှန်ဖြစ်သလားဂီယာဆောင့်သလားတွန့်ဆုတ်တွန့်ဆုတ်ဖြစ်သလားဂီယာငြီးသံကြားသလားနားထောင်ပါဒါဆိုရင်အောက်
ပိုင်းနဲ့ဂီယာစစ်ဆေးမှုလုံလောက်ပါပြီ

၈။ယာဉ်မှန်မမှန်စစ်မယ်ဒီအပိုင်းကအခုနောက်ပိုင်းကညနရုံးမှာပဲသွားစစ်ကြတာများပါတယ်ကိုယ်တိုင်စစ်မယ်ဆိုရင်တော့နံပါတ်၁အပိုင်းမှာ ပြောထားသလိုချက်စီတန်းနေရာတစ်ဝိုက်ကိုဖြုတ်ပြီးခွာပြီးစစ်ရပါမယ်

ပြီးရင်အုံနာဘုတ်စာအုပ်နဲ့ဝှီးတက်မှန်မမှန်စစ်ပါမယ်လိုင်စင်စစ်တဲ့ဆောဝဲဒေါင်းလော့ဆွဲထားပါဒီထက်ပိုပြီသေချာချင်ရင်ခိုင်မာတဲ့နေရာမှာစာချုပ်ချုပ်ပါအိမ်သို့မဟုတ်ရုံးစာ ချုပ်ချုပ်ငွေချေနေတဲ့ပုံစံတွေဓာတ်ပုံရိုက်ယူထားပါဒါဆိုရင်ယာဉ်မှန်မမှန်စစ်တဲ့အပိုင်းမှာလုံလောက်ပြီလို့ထင်ပါတယ်ဒီလောက်ဆိုရင်ကားနဲ့ရင်းနီးပြီးသားသူတွေအတွကဇဝေဇဝါ ဖြစ်စရာအကြောင်းမရှိတော့ပါအရင်ကတစ်မိုင်လောက်ကနေ မြင်ရတဲ့အရာကအခုတစ်ပေလောက်ကနေကြည့်ရသလိုရှင်းသွားမှာပါပထမပို့စ်မှာပြောပြထားတဲ့အကြမ်းဖြင်း

(၈)ချက်ကိုတော့အသေချာမှတ်ထားပါကားကြည့်တော့မယ်ဆိုရင် အဲဒီအစဉ်တိုင်းစစ်ဆေးပါအစဉ်တိုင်းမစစ်ရင်ဟိုဟာကျန်ဒါကျန်နဲ့ကျွန်တော့်လိုဖြစ်ပါမယ်နောက်တစ်ပိုင်းကတော့ကားနဲ့မ
ရင်းနီးသေးတဲ့သူတွေအတွက်ပါကားနံပါတ်တွေမှာအက္ခရာတွေဂဏန်းတွေရှိပါမယ်

နောက်မှာကABCDကနေအခုဆိုရင်Rအထိထွက်နေပါပြီကားလောကမှာတော့ရှေ့က123456789ကိုထွေထွေထူးထူးထည့်တွက်လေ့မရှိပါနောက်ကAတန်းBတန်းCတန်းကနေRတန်းထိဒီလိုပဲတွက်ပါတယ်တက္ကစီတွေမှာဆိုရင်တော့AA BBကေနHHနောက်ဆုံးထွက်ထားပါတယ်ရှေ့ဂဏန်းတွေကိုမကြည့်ပဲနောက်ကAB CDကေနRထိကိုအစဉ်လိုက်အနှိပ်အမြင့်တွက်ပါတယ်

တက္ကစီမှာလည်းAA BBကေနHHထိအစဉ်လိုက်အနှိပ် မြင့်တွက်ပါတယ်မော်ဒယ်တွေက ပြောပြစရာမလိုလောက်ဘူးလို့ထင်ပါတယ်။ဒီလောက်ဆိုရှင်းမယ်လို့ထင်ပါတယ်ကျွန်တော်သိသမျှတော့ဒါအကုန်ပဲကားပွဲစားနဲ့ကားလောကထဲမှာလည်းကုန်သလောက်ပါပဲ

ဒီထက်သိတဲ့ဆရာများရှိရင်လည်းကျွန်တော့်ကိုပြန်လည်မျှဝေနိုင်ပါတယ်တချို့သောသူတွေထင်နိုင်ပါတယ်ကိုယ်လုပ်တဲ့အလုပ်သူများတွေကပြောပြတော့ကိုယ့်ပါးစပ်ပေါက်ကိုယ်ပိတ်သလိုဖြစ်နေပြီထူတယ်အတယ်လို့ထင်နိုင်ပါတယ်

အခုဒီစာဖက်နေသောမိတ်ဆွေရောကျွန်တော့်ကိုဘယ်လိုထင်ပါသလည်းမိတ်ဆွေအနေနဲ့အရမ်းခက်ခဲမယ်လို့တွေးထင်ထားမှာပါဟုတ်ပါတယ်မရင်တော့ခက်ခဲပါတယ်ကျွန်တော်ဆိုရင်အချိန်တွေအမှားတွေအများကြီးရင်းပြီးမှသိခဲ့ရတာပါမိတ်ဆွေအနေနဲ့ကျွန်တော့်လိုအများကြီးရင်းစရာမလိုပါဘူးစာလေးနှစ်ကြောင်းသုံးကြောင်းဖက်လိုက်တာနဲ့သိပါပြီအိုင်တင်ခံနေတယ်လို့မထင်ပါနဲ့စာပေရဲ့ကျေးဇူးစာတကြောင်းရဲ့ ကျေးဇူးသိအောင်ပြောပြတာပါ။

credit

Leave a Reply

Your email address will not be published.