အောင်လရဲ့တကျော့ပြန် ချန်ပီယံခရီးအတွက် အဆုံးအဖြတ်ပွဲတစ်ပွဲ ဖြစ်လာနိုင်မလား

Posted by

အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဂျပန်ဝါရင့်ဖိုက်တာကြီး ယူရှင်အိုကာမီကို အလဲထိုးဖြင့် အနိုင်ယူပြီးနောက်ပိုင်း အားလပ်ရက်အနည်းငယ်ယူပြီး

နောက်ပွဲအတွက် သူ့ရဲ့လေ့ကျင့်မှုတွေကို ပြန်လည်စတင်ခဲ့တဲ့အကြောင်းကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ပရိသတ်တွေကို အသိပေး ပြောကြားလာခဲ့ပါတယ်။

ယခုအခါမှာတော့ ONE Championship ဟာ အောင်လအန်ဆန်းကို ဇန်နဝါရီလ 14 ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ONE on Prime Video 6 ပြိုင်ပွဲမှာတော့ တရုတ်ဖိုက်တာ ဖန်ဝေါင်းနှင့်ပွဲတည်ပေးထားခဲ့ပါတယ်။

အခုပွဲက အောင်လအန်ဆန်းအတွက် ‌တကျော့ပြန်ချန်ပီယံပြန်ဖြစ်ရေးမှာ အရေးပါတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။

မစ်ဒယ်ဝိတ်တန်းရဲ့ချန်ပီယံခါးပတ်ပိုင်ရှင် ရိုင်နီယာ ဒီရိုက်ဒါဟာ အနာတိုလီ မာလီခင်နှင့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ကြီးမားတဲ့ထိခိုက်မှုတွေရှိခဲ့တာကြောင့် အဆိုပါဒဏ်ရာများပျောက်ကင်းဖို့ အချိန်အတော်ကြာ ကုစားရဦးမှာဖြစ်ပါတယ်။

ဒါကြောင့် အောင်လအန်ဆန်းအနေဖြင့် ဖန်ဝေါင်းနဲ့ပွဲမှာသာ အနိုင်ရရှိမည်ဆိုပါက နောက်တစ်ပွဲအတွက် ပြင်ဆင်ချိန်အများကြီး ရရှိသွာမည်ဖြစ်ပြီး တကျော့ပြန်ချန်ပီယံခရီးမှာ အတားအဆီးတွေ မရှိသလောက် ဖြစ်သွားပါလိမ့်မယ်။

ONE Championship ကလည်း ၎င်းတို့ရဲ့နှစ်ထပ်ကွမ်းချန်ပီယံဟောင်းကို ONE စင်မြင့်ထက်မှာ ပြန်လည်တောက်ပစေလိုတဲ့ ဆန္ဒရှိကြောင်း ချက်ထရီကိုယ်တိုင် အရိပ်အမြွက်ပြောကြားခဲ့ဖူးပါတယ်။

ပရိသတ်ကြီးတို့ရော တစ်ချိန်က နှစ်ထပ်ကွမ်းချန်ပီယံကြီး အောင်လအန်ဆန်းကို မစ်ဒယ်ဝိတ်တန်းမှာ ပြန်လည်မင်းမူစေချင်ပါသလား။

တရုတ်ဖိုက်တာ ဖန်ဝေါင်းကို အနိုင်ယူပြီးရင်ရော ONE Championship က ရိုင်နီယာကို တိုက်ရိုက်စိန်ခေါ်ခွင့် ပေးသွားမလားဆိုတာ မိမိတို့ထင်မြင်ချက်တွေကို ကွန်းမန့်ဘောက်စ်မှာ လွတ်လပ်စွာဖြင့် ဝင်ရောက်ဆွေးနွေး သုံးသပ်ပေးကြပါဦးခင်ဗျာ။

Zawgyi(version)

ေအာင္လအန္ဆန္းဟာ ၿပီးခဲ့တဲ့ နိုဝင္ဘာလတုန္းက ဂ်ပန္ဝါရင့္ဖိုက္တာႀကီး ယူရွင္အိုကာမီကို အလဲထိုးျဖင့္ အနိုင္ယူၿပီးေနာက္ပိုင္း အားလပ္ရက္အနည္းငယ္ယူၿပီး

ေနာက္ပြဲအတြက္ သူ႕ရဲ႕ေလ့က်င့္မႈေတြကို ျပန္လည္စတင္ခဲ့တဲ့အေၾကာင္းကို ဆိုရွယ္မီဒီယာမွတစ္ဆင့္ ပရိသတ္ေတြကို အသိေပး ေျပာၾကားလာခဲ့ပါတယ္။

ယခုအခါမွာေတာ့ ONE Championship ဟာ ေအာင္လအန္ဆန္းကို ဇန္နဝါရီလ 14 ရက္ေန႕တြင္ က်င္းပျပဳလုပ္မည့္ ONE on Prime Video 6 ၿပိဳင္ပြဲမွာေတာ့ တ႐ုတ္ဖိုက္တာ ဖန္ေဝါင္းႏွင့္ပြဲတည္ေပးထားခဲ့ပါတယ္။

အခုပြဲက ေအာင္လအန္ဆန္းအတြက္ တေက်ာ့ျပန္ခ်န္ပီယံျပန္ျဖစ္ေရးမွာ အေရးပါတဲ့ပြဲတစ္ပြဲ ျဖစ္လာမွာပါ။

မစ္ဒယ္ဝိတ္တန္းရဲ႕ခ်န္ပီယံခါးပတ္ပိုင္ရွင္ ရိုင္နီယာ ဒီရိုက္ဒါဟာ အနာတိုလီ မာလီခင္ႏွင့္ လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံခါးပတ္ကာကြယ္ပြဲမွာ ႀကီးမားတဲ့ထိခိုက္မႈေတြရွိခဲ့တာေၾကာင့္ အဆိုပါဒဏ္ရာမ်ားေပ်ာက္ကင္းဖို႔ အခ်ိန္အေတာ္ၾကာ ကုစားရဦးမွာျဖစ္ပါတယ္။

ဒါေၾကာင့္ ေအာင္လအန္ဆန္းအေနျဖင့္ ဖန္ေဝါင္းနဲ႕ပြဲမွာသာ အနိုင္ရရွိမည္ဆိုပါက ေနာက္တစ္ပြဲအတြက္ ျပင္ဆင္ခ်ိန္အမ်ားႀကီး ရရွိသြာမည္ျဖစ္ၿပီး တေက်ာ့ျပန္ခ်န္ပီယံခရီးမွာ အတားအဆီးေတြ မရွိသေလာက္ ျဖစ္သြားပါလိမ့္မယ္။

ONE Championship ကလည္း ၎တို႔ရဲ႕ႏွစ္ထပ္ကြမ္းခ်န္ပီယံေဟာင္းကို ONE စင္ျမင့္ထက္မွာ ျပန္လည္ေတာက္ပေစလိုတဲ့ ဆႏၵရွိေၾကာင္း ခ်က္ထရီကိုယ္တိုင္ အရိပ္အႁမြက္ေျပာၾကားခဲ့ဖူးပါတယ္။

ပရိသတ္ႀကီးတို႔ေရာ တစ္ခ်ိန္က ႏွစ္ထပ္ကြမ္းခ်န္ပီယံႀကီး ေအာင္လအန္ဆန္းကို မစ္ဒယ္ဝိတ္တန္းမွာ ျပန္လည္မင္းမူေစခ်င္ပါသလား။

တ႐ုတ္ဖိုက္တာ ဖန္ေဝါင္းကို အနိုင္ယူၿပီးရင္ေရာ ONE Championship က ရိုင္နီယာကို တိုက္ရိုက္စိန္ေခၚခြင့္ ေပးသြားမလားဆိုတာ မိမိတို႔ထင္ျမင္ခ်က္ေတြကို ကြန္းမန႔္ေဘာက္စ္မွာ လြတ္လပ္စြာျဖင့္ ဝင္ေရာက္ေဆြးႏြေး သုံးသပ္ေပးၾကပါဦးခင္ဗ်ာ။