လျော့တွဲနေတဲ့ ရင်သားတွေကို တင်းတင်းရင်းရင်းနဲ့လှပစေဖို့ ဒီနည်းတွေက အလွယ်ကူဆုံးပါ

တင်းရင်းပြီးပြည့်ဖြိုးလှပနေတဲ့ ရင်သားအလှတွေက အမျိုးသမီးအဖို့ ဂုဏ်ယူစရာ ယုံကြည်မှုရှိစေတဲ့ အလှတရားလည်းဖြစ်ပါတယ်။

တွဲကျပြီး ပုံပန်းပျက်နေတဲ့ ရင်သားတွေကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာမျိုးတွေက အမျိုးသမီးတွေကြားရင်ဆိုင်နေရတဲ့ ပြဿနာမျိုးပါ။

အသက်အရွယ် ကြောင့်ဖြစ်စေ၊ အိမ်ထောင်ရက်သားကျသွားတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေမှာဖြစ်စေ၊ အတွင်းခံ ဘော်လီပုံပန်းမကျတာမျိုးကို အချိန်ကြာကြာဝတ်ဆင်ထားခဲ့မိမယ်ဆိုရင်လည်း ရင်သားတွဲကျခြင်း၊ ပုံပန်းမကျခြင်းတွေ ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့်မို့လို့ ပျော့အိတွဲကျပြီး ပုံပန်းပျက်နေတဲ့ ရင်သားတွေ ကို လှလှပပနဲ့ တင်းတင်းရင်းရင်း လုံးဝန်းပြည့်ဖြိုးတဲ့ ရင်သားအစုံတွေကို ရရှိဖို့ လွယ်ကူထိရောက်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…..

လေ့ကျင့်ခန်းလုပ်ပါ။ ရင်သားကို ထိန်းသိမ်းတဲ့လေ့ကျင့်ခန်း၊ အပေါ်ဖက်ကိုပင့်တင်တဲ့ လေ့ကျင့်ခန်း တွေပြုလုပ်ပေးပါ။ ရင်သားတစ်ရှူးတွေနဲ့ ကြွက်သားတွေကို ပြန်ပြီးတော့ ကျစ်ကျစ်လစ်လစ်ဖြစ်အောင် လုပ်မယ့် လေ့ကျင့်ခန်းတွေလုပ်ပါ။

ရင်ဘတ်ကိုအပေါ်ဘက်ကို ပင့်တင်တာ၊ လက်မောင်းကို ဆွဲတင် တာ၊ လက်ကိုအပေါ်အောက် အလေးနဲ့ ရင်ဘက်တွေကို အားစိုက်ပြီးမတင်တာမျိုး၊ အစရှိတဲ့ ရင်သား လေ့ကျင့်ခန်းတွေပြုလုပ်ပေးနိုင်ပါတယ်။

ရေခဲတုံးနဲ့ နှိပ်နယ်ပါ။ ရေခဲတုံးနဲ့နှိပ်နယ်တဲ့အလေ့အကျင့်က လျော့ရဲပျော့တွဲနေတဲ့ ရင်သားတွေအ တွက် အကျိုးထိရောက်မှုရှိပါတယ်။ ရေခဲတွေကို ရင်သားတစ်ဝိုက်စက်ဝန်းပုံသဏ္ဍာန်ပွတ်တိုက်ပြီး အပေါ်ဘက်ပင့်တင်တဲ့ ပုံစံနဲ့ နှိပ်နယ်ပေးပါ။

အေးတဲ့ အပူချိန်ကြောင့် တစ်ရှူးတွေကို ကျုံ့ဝင်နိုင်ပြီး ရင်သားကြွက်သားတွေ ကျစ်ကျစ်လစ်လစ်ပြန်ရလာပါလိမ့်မယ်။ တစ်ရက်တစ်ခါ ပုံမှန်လုပ်ပေးရုံနဲ့ တင်းရင်းတဲ့ ရင်သားတွေကို ပြန်လည်ရရှိစေပါလိမ့်မယ်။

သံလွင်ဆီအသုံးပြုပြီးတော့လည်း ရင်သားတွေကို ပြန်လည်တင်းရင်းစေနိုင်ပါတယ်။ သံလွင်ဆီမှာပါ ဝင်တဲ့ အန်တီအောက်ဆီဒင့်ဓာတ်နဲ့ ဖက်တီးအက်ဆစ်တွေက ရင်သားလျော့တွဲခြင်းတွေ၊ ပုံပျက်ခြင်း တွေကို အကောင်းဆုံးပြန်လည်ပြုပြင်ပေးမှာဖြစ်ပါတယ်တယ်။

အရေပြားလျော့တွဲခြင်းနဲ့ အရေပြားဆဲ လ်တွေ ပြန်လည်ရှင်သန်စေဖို့ ကူညီပေးမှာဖြစ်ပါတယ်။ သံလွင်ဆီနဲ့ ရင်သားတွေကို နှိပ်နယ်ပေးခြင်း ဖြင့် လျော့ရဲနေတဲ့ ရင်သားပုံကို တင်းတင်းရင်းရင်းဖြစ်စေမှာပါ။ တစ်ပတ်လျှင် ငါးကြိမ်ခန့်ပြုလုပ်နိုင်ပါ တယ်။

ကြက်ဥကို သုံးပါ။ ပျော့တွဲကျနေတဲ့ရင်သားတွေနဲ့ အရေပြားတွေ ပြန်လည်တင်းရင်းတောက်ပလာ စေဖို့၊ အသားအရေလိုအပ်တဲ့ ဓာတ်တွေကို ကြက်ဥတွေမှာပါဝင်တဲ့ ဓာတ်တွေကပြန်လည်ဖြည့်တင်း ပေးမှာ ဖြစ်ပါတယ်။ ရင်သားတစ်ဝိုက် လျော့ရဲနေတဲ့အရေပြားကို ကြက်ဥမှာ ပါဝင်တဲ့ ဟိုက်ဒရိုလစ်ပစ် က ပြန်လည်တင်းရင်းစေမှာပါ။

ကြက်ဥအနှစ်အကာအရောကို ရင်သားတစ်ဝိုက်သုတ်လမ်းပြီး မိနစ် ၃၀ ခန့်ထားပါ။ ပြီး ရေအေးအေးနဲ့ ဆေးကြောပါ။ ကြက်ဥအရောနဲ့ ဒိန်ချဉ်၊ ပျားရည်တို့နဲ့လည်း ရော စပ်ပြီး သုတ်လိမ်းနိုင်ပါတယ်။ တစ်ပတ်လျှင် ၃ ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် တင်းရင်းလှပတဲ့ ရင် သားအမွှာကို ရရှိနိုင်မှာဖြစ်ပါတယ်။

ပဲနံ့သာစေ့ကို ရင်သားတွေပြန်လည် ဖွံ့ဖြိုးလှပဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ပဲနံ့သာစေ့မှာပါဝင်တဲ့ ဗိုက်တာမင်၊ အန်တီအောက် ဆင့်ဓာတ်တွေက ရင်သားလျော့ရဲခြင်းနဲ့ ပျက်စီးခြင်းတွေအတွက် အကျိုးပြုစေနိုင်ပါတယ်။ တင်းရင်းပြည့်ဖြိုးလာပြီးတော့ အသားအရေနူးညံ့ချောမွေ့စေပါတယ်။

ပဲနံ့သာစေ့ကို ကြိတ်ထားပြီးသား အမှုန့်ကို လုံလောက်တဲ့ ရေပမဏနဲ့ ရောပြီး အရောတစ်ခုပြုလုပ်ပါ။ ပြီး ရင်သားတစ်ဝိုက်လိမ်းကျံပြီး နှိပ်နယ်ပေးပါ။ ၅ မိနစ်ကနေ ၁၀ မိနစ်ထားပြီးနောက် ပြန်လည်ရေ ဆေးချနိုင်ပါပြီ။

ချစ်ရတဲ့ ပျိုမေလေးတွေ… တင်းရင်းလှပပြီး ဖွံ့ထွားတဲ့ ရင်သားလှလှလေးတွေကို ပိုင်ဆိုင်နိုင်ကြပါ စေ…credit

Leave a Reply

Your email address will not be published.