ပုဂံဘုရားပေါင်းသုံးထောင်ကျော်ကို မပျင်းမရိစာရင်းကောက်ယူခဲ့ပြီး စာအုပ်အထူကြီး ၈အုပ်ပြုစုနိုင်ခဲ့သူ ဆရာကြီး Pierre Pichard…

Posted by

ပုဂံဘုရားပေါင်းသုံးထောင်ကျော်ကို မပျင်းမရိစာရင်းကောက်ယူခဲ့ပြီး စာအုပ်အထူကြီး ၈အုပ်ပြုစုနိုင်ခဲ့သူ ဆရာကြီး Pierre Pichard…

မူရင်း ဆရာ Kyaw Myo Win ရေးသားသည်။

ဒီလူကြီးကိုအတော်အံ့သြမိတယ်၊ ပုဂံဘုရားပေါင်းသုံးထောင်ကျော်ကို မပျင်းမရိစာရင်းကောက်ယူခဲ့တယ်။

စာရင်းကောက်ယူတယ်ဆိုတဲ့နေရာမှာ ပြီးစလွယ်မဟုတ်ဘူး ဘုရားတစ်ဆူခြင်းစီရဲ့ ပန္နက်ပုံ၊ဖြတ်ပိုင်းပုံ၊

အရပ်မျက်နှာအမျိုးမျိုးကရိုက်ယူထားတဲ့ဓါတ်ပုံတွေပါတဲ့အပြင် သူရဲ့ပျက်စီးနေမှုအခြေအနေတွေကိုပါကောက်ယူခဲ့ပါတယ်။

သူရဲ့ Bagan Inventory စာအုပ်အတွဲဟာ စာအုပ်အထူကြီး၈အုပ်ပြုစုနိုင်ခဲ့တယ် ၊ သူရဲ့ကျေးဇူးကြောင့် ပုဂံဘုရားတွေရဲ့ အခြေအနေ၊

ပျက်စီးယိုယွင်းနေမှုတွေကို လွန်ခဲ့တဲ့နှစ်ပေါင်းလေးဆယ်ကျော်ငါးဆယ်ကနေ ယနေ့ထိ ပျက်စီးပျောက်ကွယ်သွားမှု၊

သူရဲ့မှတ်တမ်းပုံများကို ကြည့်ပြီး ပျက်စီးခဲ့ရသည့်အစိတ်အပိုင်းများကို ရှေးမူမပျက်ပြန်လည်ထိန်းသိမ်းဖို့ရာ အထောက်အကူများစွာရရှိခဲ့ပါတယ်။

သူဟာလက်ရှိ သက်ရှိထင်ရှားရှိနေတုန်းပါပဲ၊ ပုဂံကို ကမ္ဘာအမွေအနှစ်ဝင်ရောက်ဖို့ ပါဝင်ကူညီခဲ့သူလည်းဖြစ်ပါတယ်၊

ယနေ့ပုဂံဌာနခွဲကကောက်ယူနေတဲ့ S ကဒ် (Structure Assessment ) အတွက် သူရဲ့ စာအုပ်တွေဟာ လက်လွှတ်လို့မရတဲ့မှတ်တမ်းတွေပဲဖြစ်ပါတယ် ။

သူ့ခေတ်သူ့အခါမှာ အကောင်းဆုံးဆောင်ရွက်ခဲ့ပါတယ်၊

ယနေ့ဒစ်ဂျစ်တယ်ခေတ်မှာ GIS စနစ်နဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်ကိုတက်ရောက်ရာမှာ သူရဲ့မှတ်တမ်းစာအုပ်တွေကြောင့် အတော်လေးခရီးရောက်ခဲ့တာပဲဖြစ်ပါတယ်၊

ယနေ့မှာတော့ ကျွန်တော်တို့ခေတ်မှာ ပုဂံဘုရားတစ်ဆူခြင်းစီကို အဆင့်သတ်မှတ်ချက်အလိုက် 3D Scanning ရိုက် မှတ်တမ်းထင်ထားဖို့လိုပါပြီ၊

သဘာဝဘေးအန္တရာယ်အတွက် မိမိအမွေအနှစ်တွေကို ယနေ့ခေတ်မှီနည်းပညာများနဲ့ မှတ်တမ်းများပြုစုထားဖို့လိုပါပြီ။

သဘာဝဘေးအန္တရာယ်ဆိုတာ ကြိုတင်ကြော်ငြာပြီး လာတဲ့အရာမဟုတ်လေတော့ဒီလုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ဖို့ စီမံချက်တွေချထားရမှာပါ။

Kyaw Myo Win အား လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi(version)

ပုဂံဘုရားေပါင္းသုံးေထာင္ေက်ာ္ကို မပ်င္းမရိစာရင္းေကာက္ယူခဲ့ၿပီး စာအုပ္အထူႀကီး ၈အုပ္ျပဳစုနိုင္ခဲ့သူ ဆရာႀကီး Pierre Pichard

မူရင္း ဆရာ Kyaw Myo Win ေရးသားသည္။

ဒီလူႀကီးကိုအေတာ္အံ့ၾသမိတယ္၊ ပုဂံဘုရားေပါင္းသုံးေထာင္ေက်ာ္ကို မပ်င္းမရိစာရင္းေကာက္ယူခဲ့တယ္။

စာရင္းေကာက္ယူတယ္ဆိုတဲ့ေနရာမွာ ၿပီးစလြယ္မဟုတ္ဘူး ဘုရားတစ္ဆူျခင္းစီရဲ႕ ပႏၷက္ပုံ၊ျဖတ္ပိုင္းပုံ၊

အရပ္မ်က္ႏွာအမ်ိဳးမ်ိဳးကရိုက္ယူထားတဲ့ဓါတ္ပုံေတြပါတဲ့အျပင္ သူရဲ႕ပ်က္စီးေနမႈအေျခအေနေတြကိုပါေကာက္ယူခဲ့ပါတယ္။

သူရဲ႕ Bagan Inventory စာအုပ္အတြဲဟာ စာအုပ္အထူႀကီး၈အုပ္ျပဳစုနိုင္ခဲ့တယ္ ၊ သူရဲ႕ေက်းဇူးေၾကာင့္ ပုဂံဘုရားေတြရဲ႕ အေျခအေန၊

ပ်က္စီးယိုယြင္းေနမႈေတြကို လြန္ခဲ့တဲ့ႏွစ္ေပါင္းေလးဆယ္ေက်ာ္ငါးဆယ္ကေန ယေန႕ထိ ပ်က္စီးေပ်ာက္ကြယ္သြားမႈ၊

သူရဲ႕မွတ္တမ္းပုံမ်ားကို ၾကည့္ၿပီး ပ်က္စီးခဲ့ရသည့္အစိတ္အပိုင္းမ်ားကို ေရွးမူမပ်က္ျပန္လည္ထိန္းသိမ္းဖို႔ရာ အေထာက္အကူမ်ားစြာရရွိခဲ့ပါတယ္။

သူဟာလက္ရွိ သက္ရွိထင္ရွားရွိေနတုန္းပါပဲ၊ ပုဂံကို ကမၻာအေမြအႏွစ္ဝင္ေရာက္ဖို႔ ပါဝင္ကူညီခဲ့သူလည္းျဖစ္ပါတယ္၊

ယေန႕ပုဂံဌာနခြဲကေကာက္ယူေနတဲ့ S ကဒ္ (Structure Assessment ) အတြက္ သူရဲ႕ စာအုပ္ေတြဟာ လက္လႊတ္လို႔မရတဲ့မွတ္တမ္းေတြပဲျဖစ္ပါတယ္ ။

သူ႕ေခတ္သူ႕အခါမွာ အေကာင္းဆုံးေဆာင္႐ြက္ခဲ့ပါတယ္၊

ယေန႕ဒစ္ဂ်စ္တယ္ေခတ္မွာ GIS စနစ္နဲ႕ ဒစ္ဂ်စ္တယ္ပလက္ေဖာင္းေပၚကိုတက္ေရာက္ရာမွာ သူရဲ႕မွတ္တမ္းစာအုပ္ေတြေၾကာင့္ အေတာ္ေလးခရီးေရာက္ခဲ့တာပဲျဖစ္ပါတယ္၊

ယေန႕မွာေတာ့ ကြၽန္ေတာ္တို႔ေခတ္မွာ ပုဂံဘုရားတစ္ဆူျခင္းစီကို အဆင့္သတ္မွတ္ခ်က္အလိုက္ 3D Scanning ရိုက္ မွတ္တမ္းထင္ထားဖို႔လိုပါၿပီ၊

သဘာဝေဘးအႏၱရာယ္အတြက္ မိမိအေမြအႏွစ္ေတြကို ယေန႕ေခတ္မွီနည္းပညာမ်ားနဲ႕ မွတ္တမ္းမ်ားျပဳစုထားဖို႔လိုပါၿပီ။

သဘာဝေဘးအႏၱရာယ္ဆိုတာ ႀကိဳတင္ေၾကာ္ျငာၿပီး လာတဲ့အရာမဟုတ္ေလေတာ့ဒီလုပ္ငန္းကို မျဖစ္မေန ေဆာင္႐ြက္ဖို႔ စီမံခ်က္ေတြခ်ထားရမွာပါ။

Kyaw Myo Win အား ေလးစားစြာျဖင့္ ခရက္ဒစ္