ဘ ဝတူ တောင်သူလယ်သမားအတွက် စပါးဈေး သီးနှံဈေး ကျနေတဲ့အတွက် သွင်းအားစုတစ်ခုဖြစ်တဲ့ ပိုးသတ်ဆေးများကိုဈေးကြီးပေးဝယ်သုံးနေရတာတွေကိုလျော့ချနိူင်အောင် ဓာတုအန္တရယ်လဲကင်းလွတ်ဖို့အတွက် ကျွန်တော်စမ်းသပ်သုံးစွဲနေတာ ၂နှစ် စပါးရာသီ ၄ရာသီ ရှိပြီးဖြစ်တဲ့အစွမ်းထက်တဲ့ ဆေးရွက်ကြီးပိုသတ်ဆေးကို ယုံကြည်စိတ်ချစွာ ကိုယ်တိုင်ပြုလုပ်သုံးစွဲချင်းဖြင့် သွင်းအားစုသက်သာပြီးအကျိုးအများကြီးဖြစ်ထွန်းပါတယ်။
ဆေးရွက်ကြီးဖော်စပ်ပုံကို နားလည်လွယ်အောင် ဖော်ပြရေးပေးပါမယ် လိုအပ်တဲ့ပစ္စည်းများ
(၁) မိုးဗြဲ ဒယ် ၁ လုံး ရေ ၅ ဂါလံ ဆန့် ဒယ်ဖြစ်ရပါမည် (၂) ထင်း နဲ့မီးဖို (၃) ဆေးရွက်ကြီး ၁ ပိသာ (ကုန်ကျငွေ ၄၀၀၀ကျပ်ခန့်) ဆေးရွက်ကြီးကိုနေလှန်းပြီးကျိုလျှင်အရည်ပျော် မြန်အောင် နုတ်နုတ်စင်းထားပါ
(၄) ရွှေဝါဆပ်ပြာ ၆ ပိုင်း( ကုန်ကျငွေ၁၂၀၀ကျပ်ခန့်) ကျိုလျှင်အရည်ပျော်မြန်အောင် ဓါးနှင့်ပါးပါးလှီးထားပါ အားလုံးပြည့်စုံရင် ရေ ၅ ဂါလံကို မိုးဗြဲထဲထဲ့ပြီးရေဆူအောင်ကျိုပါ။
ဆေးရွက်ကြီး ၁ ပိသာထည့်ကျိုပါ။ ပြီးလျှင် ရေပြန်ဆူလျှင်ရွှေဝါဆပ်ပြာ ပါးပါးလှီးထားတာထည့်ပြီး ဆပ်ပြာပျော်ပြီဆိုလျှင် မီးဖိုပေါ်မှချပြီး အအေးနည်းနည်းခံပါ။
အပူနည်းနည်းချန်ပြီးမိုးဗြဲဒယ်ထဲမှ ကော်ပုံး သို့မဟုတ်အစဉ်ပြေတဲ့ထည့်စရာထဲ ဇာဖြင့်အရည်စစ်ယူပါ။ နည်းနည်းတော့ ပူပါမည်သတိထားပါ။
အေးလျှင် အရည်ညှစ်လို့မကောင်းလို့ပါ ရရှိအရည် ၃ ဂါလံခန့်ရပါမည် အဖက်များကိုလဲနေလှန်းပြီး အခြားအပင်တွေအခြေမှာထားပြီးပိုးသတ်ဆေးလုပ်လို့ရပါသည်။ ကော်ပုံထဲထည့်ငိမ်းထားလျှင် လယ်ဟာနယ်ထားပါ။
အဖုံးကို မကြာခဏဖွင့်ပေးပါ။ ရက်အတန်ကြာလျှင် အဖုံးပိတ်ထားလို့ရပါပြီ။ ရရှိဆေးအရည်ကို ဆေးဖျန်းပုံး ၄ဂါလံ ပုံးဆိုရင် ရေသန်းဗူးခွံ ၁ လီတာ ဗူးနဲ့ ၁ ဗူးထည့်သုံးပြီး
ပိုးကျနေတဲ့စပါးခင်းတွေ မှာ ဖျန်းပေးပါ။
ပိုးမထွက်သေးလျှင် ၂ ရက်လောက်နေရင် ထပ်ဖျန်းပါ သေချာပေါက်ပိုးထွက်ပါမည်။ မကျေနပ်သေးရင် ၃ ကြိမ်ဖျန်းပေါ့ ကြိုတင်ကာကွယ်ချင်လျှင် မြေဆီကျွေးပြီး ၂ ရက်၃ ရက်နေရင်ကြိုဖျန်းလျှင်ပိုးလုံးဝ မကျပါဘူး လက်တွေ စမ်းသပ်သုံးစွဲပြီးပါပြီ ခရုကျလျှင်လဲ ရလျော့ပြီး ဆေးပြင်းပြင်းသုံးပြီးဖျန်းပေးပါ ခရုပါသေပါသည်။
ဘဝတူ တောင်သူလယ်သမားများအကျိုးမျော်ကိုး၍ ကုန်ကျငွေနည်းနည်းနဲ့ပိုးသတ်ဆေး ကိုယ်တိုင်ထုတ်လုပ်သုံးစွဲစေချင်ပါသည်။
ကုန်ကျငွေ စုစုပေါင်း၆၀၀၀ ခန့်ဖြင့်ဆေးရည် ၃ ဂါလံရပါမည် ပေါပေါများများသုံးစွဲလို့ရပါသည်။ ဆေးရွက်ကြီး ဆပ်ပြာ ဆေးရည်စားမိတဲ့ပိုးတစ်ခါထဲ မျိုးပြုတ်သွားမယ် ပိုးတွေအားလုံးရှောသွားစေရမယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ပြန်လည်မျှဝေချင်းဖြင့်တောင်သူများကိုကူညီပေးပါ။
credit