အောင်လကို ချုပ်ကွက်ဖြင့် အနိုင်ယူသွားနိုင်ချေရှိတဲ့ ဖန်ဝေါင်း

Posted by

လွန်ခဲ့သည့်ရက်ပိုင်းက ONE Championship ဟာ ၎င်းရဲ့တရားဝင်လူမှု့ကွန်ရက်စာမျက်နှာမှတစ်ဆင့် ကချင်သားကြီးအောင်လအန်ဆန်းရဲ့နောက်ပွဲကို ကြေငြာသွားခဲ့ပြီး ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တရုတ်ဖိုက်တာ ဖန်ဝေါင်းနှင့် ရင်ဆိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။

အောင်လအန်ဆန်းနှင့် ဖန်ဝေါင်းတို့သည် ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် ONE on Prime Video 6 ပြိုင်ပွဲကြီးမှာ တွဲဆိုင်းတစ်ခုအဖြစ် ပါဝင်လာတာ ဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ ယူရှင်အိုကာမီကို အနိုင်ယူပြီးနောက် နှစ်လ အကြာမှာဘဲ နောက်တစ်ပွဲ ဖြစ်လာခဲ့တာပါ။

အောင်လအန်ဆန်းရဲ့ နောက်ပြိုင်ဘက်ဖြစ်သည့် တရုတ်ဖိုက်တာဖန်ဝေါင်းသည် ONE Championship လက်အောက်တွင် 4 ပွဲသာ ထိုးသတ်ထားခဲ့ပြီး 2 ပွဲနိုင် 2 ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဖန်ဝေါင်းနောက်ဆုံးထိုးသတ်ထားသည့်ပွဲဟာ 2021 ခုနှစ် ဒီဇင်ဘာလက ဖြစ်တာကြောင့် သူဟာ ပွဲဝေးကွာနေခဲ့တာ 1 နှစ်ကျော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ဖန်ဝါင်းသည် သူကစားထားသည့် 4 ပွဲစလုံးတွင် Striking ရော Ground Game ရောပါ ပေါင်းစပ်ပြီး ကစားတဲ့ဖိုက်တာတစ်ဦးဖြစ်တာကြောင့် အောင်လအန်ဆန်းအတွက် ပြိုင်ဘက်ကောင်းတစ်ဦး ဖြစ်လာဖွယ်ရှိပါတယ်။ အောင်လအတွက်လည်း ဒီပွဲဟာ အရေးကြီးပြီး အနိုင်ရရှိမည်ဆိုပါက နောက်ပွဲဟာ ချန်ပီယံခါးပတ်လုခွင့် အဆုံးအဖြတ်ပွဲမျိုး ဖြစ်လာမှာပါ။

ပြီးခဲ့တဲ့ ယူရှင်အိုကာမီနဲ့ပွဲမှာတော့ ကျွန်တော်တို့ ပရိသတ်တွေအနေဖြင့် အောင်လအန်ဆန်းရဲ့တိုးတက်မှုတွေကို အများကြီးမြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။ အောင်လရဲ့နောက်ပြိုင်ဘက် ဖန်ဝေါင်းဟာ Ground Game ကောင်းမွန်တဲ့ဖိုက်တာတစ်ဦးဖြစ်တာကြောင့် အောင်လကို ချုပ်ကွက်ဖြင့် အနိုင်ယူသွားနိုင်ချေရှိပါတယ်။

အောင်လသည်လည်း ဘစ်ဒက်ရှ်နဲ့တတိယအကျော့ပြီးကတည်းက Ground ပိုင်းကို အသေအချာ ပြင်ဆင်ထားတာကြောင့် ယခုပွဲမှာ အောင်လအနေဖြင့် သူလေ့ကျင့်ပြင်ဆင်ထားတဲ့ အရာတွေကို အားလုံးသိအောင် စွမ်းဆောင်ပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Zawgyi(version)

လြန္ခဲ့သည့္ရက္ပိုင္းက ONE Championship ဟာ ၎ရဲ႕တရားဝင္လူမႈ႕ကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ ကခ်င္သားႀကီးေအာင္လအန္ဆန္းရဲ႕ေနာက္ပြဲကို ေၾကျငာသြားခဲ့ၿပီး ဇန္နဝါရီလ ၁၄ ရက္ေန႕တြင္ တ႐ုတ္ဖိုက္တာ ဖန္ေဝါင္းႏွင့္ ရင္ဆိုင္ထိုးသတ္ရမွာ ျဖစ္ပါတယ္။

ေအာင္လအန္ဆန္းႏွင့္ ဖန္ေဝါင္းတို႔သည္ ဘန္ေကာက္ၿမိဳ႕တြင္ က်င္းပျပဳလုပ္မည့္ ONE on Prime Video 6 ၿပိဳင္ပြဲႀကီးမွာ တြဲဆိုင္းတစ္ခုအျဖစ္ ပါဝင္လာတာ ျဖစ္ပါတယ္။ ေအာင္လအန္ဆန္းဟာ ယူရွင္အိုကာမီကို အနိုင္ယူၿပီးေနာက္ ႏွစ္လ အၾကာမွာဘဲ ေနာက္တစ္ပြဲ ျဖစ္လာခဲ့တာပါ။

ေအာင္လအန္ဆန္းရဲ႕ ေနာက္ၿပိဳင္ဘက္ျဖစ္သည့္ တ႐ုတ္ဖိုက္တာဖန္ေဝါင္းသည္ ONE Championship လက္ေအာက္တြင္ 4 ပြဲသာ ထိုးသတ္ထားခဲ့ၿပီး 2 ပြဲနိုင္ 2 ပြဲရႈံးရလဒ္ကို ပိုင္ဆိုင္ထားပါတယ္။ ဖန္ေဝါင္းေနာက္ဆုံးထိုးသတ္ထားသည့္ပြဲဟာ 2021 ခုႏွစ္ ဒီဇင္ဘာလက ျဖစ္တာေၾကာင့္ သူဟာ ပြဲေဝးကြာေနခဲ့တာ 1 ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီ ျဖစ္ပါတယ္။

ဖန္ဝါင္းသည္ သူကစားထားသည့္ 4 ပြဲစလုံးတြင္ Striking ေရာ Ground Game ေရာပါ ေပါင္းစပ္ၿပီး ကစားတဲ့ဖိုက္တာတစ္ဦးျဖစ္တာေၾကာင့္ ေအာင္လအန္ဆန္းအတြက္ ၿပိဳင္ဘက္ေကာင္းတစ္ဦး ျဖစ္လာဖြယ္ရွိပါတယ္။ ေအာင္လအတြက္လည္း ဒီပြဲဟာ အေရးႀကီးၿပီး အနိုင္ရရွိမည္ဆိုပါက ေနာက္ပြဲဟာ ခ်န္ပီယံခါးပတ္လုခြင့္ အဆုံးအျဖတ္ပြဲမ်ိဳး ျဖစ္လာမွာပါ။

ၿပီးခဲ့တဲ့ ယူရွင္အိုကာမီနဲ႕ပြဲမွာေတာ့ ကြၽန္ေတာ္တို႔ ပရိသတ္ေတြအေနျဖင့္ ေအာင္လအန္ဆန္းရဲ႕တိုးတက္မႈေတြကို အမ်ားႀကီးျမင္ေတြ႕ခဲ့ရျခင္းမရွိပါဘူး။ ေအာင္လရဲ႕ေနာက္ၿပိဳင္ဘက္ ဖန္ေဝါင္းဟာ Ground Game ေကာင္းမြန္တဲ့ဖိုက္တာတစ္ဦးျဖစ္တာေၾကာင့္ ေအာင္လကို ခ်ဳပ္ကြက္ျဖင့္ အနိုင္ယူသြားနိုင္ေခ်ရွိပါတယ္။

ေအာင္လသည္လည္း ဘစ္ဒက္ရွ္နဲ႕တတိယအေက်ာ့ၿပီးကတည္းက Ground ပိုင္းကို အေသအခ်ာ ျပင္ဆင္ထားတာေၾကာင့္ ယခုပြဲမွာ ေအာင္လအေနျဖင့္ သူေလ့က်င့္ျပင္ဆင္ထားတဲ့ အရာေတြကို အားလုံးသိေအာင္ စြမ္းေဆာင္ျပနိုင္မလားဆိုတာ စိတ္ဝင္စားစရာပါပဲ။