တချိန်က အဖွင့်အပိတ် အရှင် ပြုလုပ်ထားခဲ့သော သာကေတတံတား…

Posted by

တချိန်က အဖွင့်အပိတ် အရှင် ပြုလုပ်ထားခဲ့သော သာကေတတံတားး…

ယခု ရန်ကုန်မြို့ တည်နေရာ၌ ခရစ်နှစ် ၁ဝ၂၈ ခုနှစ်မှ ၁၀၄၃ ခုနှစ်အတွင်း မွန်လူမျိုးများ တည်ထောင်ခဲ့သည့် ဒဂုံသည် တံငါရွာငယ်တစ်ခုသာ ဖြစ်ခဲ့သည်။

ကုန်းဘောင်မင်းဆက်ကို ထူထောင်ခဲ့သူ အလောင်းမင်းတရား ဦးအောင်ဇေယျသည် ၁၇၅၅ ခုနှစ် မေလ ၂ ရက်တွင် ဒဂုံမြို့ဟောင်းကို ရှင်းလင်း၍ ၇၅ ဧက ကျယ်ဝန်းသော မြို့သစ်ကိုတည်ထောင်ကာ ရန်ကုန်ဟု အမည်ပေးခဲ့ပြီး မြို့ပတ်လည်ကို ကျွန်းသစ်များဖြင့် ကာရံခဲ့သည်။

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးဆုံးပြီးနောက် အင်္ဂလိပ်တို့သည် အောက်မြန်မာနိုင်ငံ၏ အချက်အချာ နေရာဖြစ်သည့် ရန်ကုန်မြို့ကို အသစ်ပြန်လည်တည်ဆောက်ရန် ဆူးလေစေတီကို ဗဟိုပြုသည့် မြို့ပြစီမံကိန်း တစ်ခုကို ရေးဆွဲခဲ့ကြသည်။

ရန်ကုန်မြို့ သည် ပင်လယ်ဝမှ ၂၁ မိုင်ကွာဝေးပြီး ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ဒေါပုံချောင်းတို့ဆုံရပ်တွင် တည်ရှိသဖြင့် ပင်လယ်ရေကြောင်းသွားလာရေးတွင် အရေးပါသော ဆိပ်ကမ်းမြို့ ဖြစ်လာခဲ့ပေသည်။

ရန်ကုန်မြို့သည် ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့ကာ အရှေ့တောင်အာရှဒေသ၏ မြို့ကြီးတစ်ခုအဆင့်သို့ ရောက်ရှိခဲ့သည်။ မြို့ပြဖွံ့ဖြိုးမှုနှင့်အတူ လူဦးရေ တိုးတက်များပြားလာသဖြင့် ရန်ကုန်မြို့ကို ခေတ်အဆက်ဆက် တိုးချဲ့ခဲ့ရသည်။

ယင်းတို့အနက် အိမ်စောင့်အစိုးရ လက်ထက် ၁၉၅၈ ခုနှစ်တွင် ရန်ကုန်မြို့ကို မြို့တော် အင်္ဂါရပ်များနှင့် ညီညွတ်စေရန်ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြို့၏ မြို့သစ် သုံးခုဖြစ်သည့် သာကေတ၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပ မြို့နယ်တို့တွင် ကျူးကျော်များကို နေရာချထားပေးခဲ့သည်။

ရန်ကုန်မြို့ကို တိုးချဲ့တည်ထောင်ခဲ့သည့် မြို့သစ်သုံးခုအနက် သာကေတမြို့နယ်သည် ရန်ကုန်မြို့ နှင့် အနီးဆုံးနေရာတွင် ပဲခူးမြစ်နှင့် ငမိုးရိပ်ချောင်းအကြား တွင် တည်ရှိ၍ ၄ ဒသမ ၉၃ စတုရန်းမိုင် ကျယ်ဝန်းသည်။

ပင်လယ်ရေ မျက်နှာပြင်အထက် ၁၅ ဒသမ ၈၅ ပေမြင့်သည့် သာကေတမြို့နယ် သည် ငမိုးရိပ်ချောင်းနှင့် ပဲခူးမြစ် ကျွန်းဆွယ်ပေါ်တွင် တည်ရှိကာ အရှေ့ဘက်တွင် ပဲခူးမြစ်၊ အနောက်ဘက်နှင့် တောင်ဘက်တွင် ပုဇွန်တောင်ချောင်း၊ မြောက်ဘက်တွင် ငမိုးရိပ်ချောင်းတို့က ဝန်းရံလျက်ရှိသည်။ ။

မြစ်ချောင်းများဝန်းရံနေသည့် သာကေတမြို့သစ်သို့ သွားလာရေး လွယ်ကူချောမွေ့စေရန် ပုဇွန်တောင်မြို့နယ် နှင့် ဒေါပုံမြို့နယ်ကို ဆက်သွယ်သည့် သာကေတတံတား ကို ကိုလံဘိုစီမံကိန်းအရ ကနေဒါနိုင်ငံ၏ အကူအညီဖြင့် ၁၉၆၆ ခုနှစ်တွင် တည်ဆောက်ခဲ့ကာ ၁၉၆၇ ခုနှစ် ၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

ကိုလံဘိုစီမံကိန်း ဆိုသည်မှာ အရှေ့တောင်အာရှ နိုင်ငံများအတွက် စီးပွားရေးဖွံ့ဖြိုးမှုကို ပူးပေါင်းဆောင်ရွက်ရန် စီမံကိန်းဖြစ်၍ ၁၉၅၀-ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံ ကိုလံဘိုမြို့တွင် ဗြိတိသျှ ဓနသဟာယ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး၍ ရေးဆွဲကြသည်။

ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကောင်စီကို ဖွဲ့စည်း၍ ကိုလံဘိုမြို့၌ ဗဟိုရုံးစိုက်သည်။

ထိုဌာနမှ ပြည်သူ့အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ လောကဓာတ်ပညာ၊ သုတေသနလုပ်ငန်း စသည်တို့အတွက် အကူအညီပေးရန် စီမံကိန်းများ ရေးဆွဲသည်။

အကျိုးခံစားခွင့်ရမည့် နိုင်ငံများမှာ အိန္ဒိယ၊ ပါကစ္စတန်၊ သီဟိုဠ်၊ မြန်မာ၊ နီပေါ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် ဘိုနီယိုကျွန်းတို့ ဖြစ်ကြသည်။

သာကေတတံတား၏ အလယ်ခန်းပွင့်နှစ်ခုကို အရှင်ပြုလုပ်ထားသဖြင့် တံတားအောက်မှ သင်္ဘောကြီးများ ဖြတ်သန်းချိန်တွင် တံတားအလယ်ခန်းပွင့် ကြမ်းခင်း နှစ်ခုကို အပေါ်သို့ထောင်ကာ တံတားကိုဖွင့်ပေးခြင်းဖြင့် င်္ဘောကြီးများကို လွယ်ကူစွာ ဖြတ်သန်းစေနိုင်ခဲ့ပေသည်။

Zawgyi(version)

တခ်ိန္က အဖြင့္အပိတ္ အရွင္ ျပဳလုပ္ထားခဲ့ေသာ သာေကတတံတားး

ယခု ရန္ကုန္ၿမိဳ႕ တည္ေနရာ၌ ခရစ္ႏွစ္ ၁ဝ၂၈ ခုႏွစ္မွ ၁၀၄၃ ခုႏွစ္အတြင္း မြန္လူမ်ိဳးမ်ား တည္ေထာင္ခဲ့သည့္ ဒဂုံသည္ တံငါ႐ြာငယ္တစ္ခုသာ ျဖစ္ခဲ့သည္။

ကုန္းေဘာင္မင္းဆက္ကို ထူေထာင္ခဲ့သူ အေလာင္းမင္းတရား ဦးေအာင္ေဇယ်သည္ ၁၇၅၅ ခုႏွစ္ ေမလ ၂ ရက္တြင္ ဒဂုံၿမိဳ႕ေဟာင္းကို ရွင္းလင္း၍ ၇၅ ဧက က်ယ္ဝန္းေသာ ၿမိဳ႕သစ္ကိုတည္ေထာင္ကာ ရန္ကုန္ဟု အမည္ေပးခဲ့ၿပီး ၿမိဳ႕ပတ္လည္ကို ကြၽန္းသစ္မ်ားျဖင့္ ကာရံခဲ့သည္။

ဒုတိယ အဂၤလိပ္-ျမန္မာစစ္ပြဲ ၿပီးဆုံးၿပီးေနာက္ အဂၤလိပ္တို႔သည္ ေအာက္ျမန္မာနိုင္ငံ၏ အခ်က္အခ်ာ ေနရာျဖစ္သည့္ ရန္ကုန္ၿမိဳ႕ကို အသစ္ျပန္လည္တည္ေဆာက္ရန္ ဆူးေလေစတီကို ဗဟိုျပဳသည့္ ၿမိဳ႕ျပစီမံကိန္း တစ္ခုကို ေရးဆြဲခဲ့ၾကသည္။

ရန္ကုန္ၿမိဳ႕ သည္ ပင္လယ္ဝမွ ၂၁ မိုင္ကြာေဝးၿပီး ရန္ကုန္ျမစ္၊ ပဲခူးျမစ္ႏွင့္ ေဒါပုံေခ်ာင္းတို႔ဆုံရပ္တြင္ တည္ရွိသျဖင့္ ပင္လယ္ေရေၾကာင္းသြားလာေရးတြင္ အေရးပါေသာ ဆိပ္ကမ္းၿမိဳ႕ ျဖစ္လာခဲ့ေပသည္။

ရန္ကုန္ၿမိဳ႕သည္ ေခတ္အဆက္ဆက္ကို ျဖတ္သန္းခဲ့ၿပီး ဖြံ႕ၿဖိဳးတိုးတက္လာခဲ့ကာ အေရွ႕ေတာင္အာရွေဒသ၏ ၿမိဳ႕ႀကီးတစ္ခုအဆင့္သို႔ ေရာက္ရွိခဲ့သည္။ ၿမိဳ႕ျပဖြံ႕ၿဖိဳးမႈႏွင့္အတူ လူဦးေရ တိုးတက္မ်ားျပားလာသျဖင့္ ရန္ကုန္ၿမိဳ႕ကို ေခတ္အဆက္ဆက္ တိုးခ်ဲ့ခဲ့ရသည္။

ယင္းတို႔အနက္ အိမ္ေစာင့္အစိုးရ လက္ထက္ ၁၉၅၈ ခုႏွစ္တြင္ ရန္ကုန္ၿမိဳ႕ကို ၿမိဳ႕ေတာ္ အဂၤါရပ္မ်ားႏွင့္ ညီၫြတ္ေစရန္ေဆာင္႐ြက္ခဲ့ရာ ရန္ကုန္ၿမိဳ႕၏ ၿမိဳ႕သစ္ သုံးခုျဖစ္သည့္ သာေကတ၊ ေျမာက္ဥကၠလာပႏွင့္ ေတာင္ဥကၠလာပ ၿမိဳ႕နယ္တို႔တြင္ က်ဴးေက်ာ္မ်ားကို ေနရာခ်ထားေပးခဲ့သည္။

ရန္ကုန္ၿမိဳ႕ကို တိုးခ်ဲ့တည္ေထာင္ခဲ့သည့္ ၿမိဳ႕သစ္သုံးခုအနက္ သာေကတၿမိဳ႕နယ္သည္ ရန္ကုန္ၿမိဳ႕ ႏွင့္ အနီးဆုံးေနရာတြင္ ပဲခူးျမစ္ႏွင့္ ငမိုးရိပ္ေခ်ာင္းအၾကား တြင္ တည္ရွိ၍ ၄ ဒသမ ၉၃ စတုရန္းမိုင္ က်ယ္ဝန္းသည္။

ပင္လယ္ေရ မ်က္ႏွာျပင္အထက္ ၁၅ ဒသမ ၈၅ ေပျမင့္သည့္ သာေကတၿမိဳ႕နယ္ သည္ ငမိုးရိပ္ေခ်ာင္းႏွင့္ ပဲခူးျမစ္ ကြၽန္းဆြယ္ေပၚတြင္ တည္ရွိကာ အေရွ႕ဘက္တြင္ ပဲခူးျမစ္၊ အေနာက္ဘက္ႏွင့္ ေတာင္ဘက္တြင္ ပုဇြန္ေတာင္ေခ်ာင္း၊ ေျမာက္ဘက္တြင္ ငမိုးရိပ္ေခ်ာင္းတို႔က ဝန္းရံလ်က္ရွိသည္။ ။

ျမစ္ေခ်ာင္းမ်ားဝန္းရံေနသည့္ သာေကတၿမိဳ႕သစ္သို႔ သြားလာေရး လြယ္ကူေခ်ာေမြ႕ေစရန္ ပုဇြန္ေတာင္ၿမိဳ႕နယ္ ႏွင့္ ေဒါပုံၿမိဳ႕နယ္ကို ဆက္သြယ္သည့္ သာေကတတံတား ကို ကိုလံဘိုစီမံကိန္းအရ ကေနဒါနိုင္ငံ၏ အကူအညီျဖင့္ ၁၉၆၆ ခုႏွစ္တြင္ တည္ေဆာက္ခဲ့ကာ ၁၉၆၇ ခုႏွစ္ ၊ ေဖေဖာ္ဝါရီလ ၈ ရက္ေန႕တြင္ ဖြင့္လွစ္ခဲ့သည္။

ကိုလံဘိုစီမံကိန္း ဆိုသည္မွာ အေရွ႕ေတာင္အာရွ နိုင္ငံမ်ားအတြက္ စီးပြားေရးဖြံ႕ၿဖိဳးမႈကို ပူးေပါင္းေဆာင္႐ြက္ရန္ စီမံကိန္းျဖစ္၍ ၁၉၅၀-ျပည့္ႏွစ္တြင္ သီဟိုဠ္နိုင္ငံ ကိုလံဘိုၿမိဳ႕တြင္ ၿဗိတိသွ် ဓနသဟာယ နိုင္ငံျခားေရးဝန္ႀကီးမ်ား ေတြ႕ဆုံေဆြးႏြေး၍ ေရးဆြဲၾကသည္။

ပညာရပ္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေကာင္စီကို ဖြဲ႕စည္း၍ ကိုလံဘိုၿမိဳ႕၌ ဗဟို႐ုံးစိုက္သည္။

ထိုဌာနမွ ျပည္သူ႕အုပ္ခ်ဳပ္ေရး၊ က်န္းမာေရး၊ ေလာကဓာတ္ပညာ၊ သုေတသနလုပ္ငန္း စသည္တို႔အတြက္ အကူအညီေပးရန္ စီမံကိန္းမ်ား ေရးဆြဲသည္။

အက်ိဳးခံစားခြင့္ရမည့္ နိုင္ငံမ်ားမွာ အိႏၵိယ၊ ပါကစၥတန္၊ သီဟိုဠ္၊ ျမန္မာ၊ နီေပါ၊ ထိုင္းနိုင္ငံ၊ ဗီယက္နမ္၊ လာအို၊ ကေမၻာဒီးယား၊ ဖိလစ္ပိုင္၊ မေလးရွား၊ စကၤာပူ၊ အင္ဒိုနီးရွားႏွင့္ ဘိုနီယိုကြၽန္းတို႔ ျဖစ္ၾကသည္။

သာေကတတံတား၏ အလယ္ခန္းပြင့္ႏွစ္ခုကို အရွင္ျပဳလုပ္ထားသျဖင့္ တံတားေအာက္မွ သေဘၤာႀကီးမ်ား ျဖတ္သန္းခ်ိန္တြင္ တံတားအလယ္ခန္းပြင့္ ၾကမ္းခင္း ႏွစ္ခုကို အေပၚသို႔ေထာင္ကာ တံတားကိုဖြင့္ေပးျခင္းျဖင့္ ေဘၤာႀကီးမ်ားကို လြယ္ကူစြာ ျဖတ္သန္းေစနိုင္ခဲ့ေပသည္။