၂၀၂၃ခုနှစ်အတွက် သင်္ကြန်စာထွက်ပေါ်လာပါပြီ အရမ်းကောင်းပါတယ် ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ..
Posted by
သင်္ကြန်စာထွက်ပေါ်လာပါပြီ2023 အရမ်းကောင်းပါတယ် ဖတ်ဖြစ်အောင်ဖတ်လိုက်ပါဤနှစ်တွင် သိကြားမင်းသည် ဘီလူးကိုစီး၍ လက်ယာဘက်တွင် သံလျက်ကိုင်လျှက် လက်ဝဲဘက်တွင် ရေဖလားကိုင်ကာ လူ့ပြည်သို့ ဆင်းအံ့
နှစ်စဉ် အဖော်အဖြစ်လိုက်ပါလာတတ်သော မာဒလိနတ်သားသည် ဤနှစ်တွင် လူ့ပြည်သို့အစောကြီးရောက်နေအံ့ထို့ကြောင် သင်္ကြန်ရက်အတွင်း မိုးရွာလျှင် ရေပါအံ့။ငလျင်လှုပ်လျှင်မြေတုန်အံ့။မုန်တိုင်းတိုက်လျှင် အခြေမခိုင်သော သစ်ပင်များ ကျိုးကျအံ့။
တနင်္ဂနွေသားသမီးများအနေဖြင့် သင်္ကြန်ရက်အတွင်းရေကစားထွက်လျှင် အဝတ်အစားများ စိုအံ့တနင်္လာသားသမီးများ ခိုးရာနောက် လိုက်လျှင် အိမ်ထောင်ကျအံ့။အင်္ဂါသားသမီးများ စျေးသွားဝယ်လျှင် ငွေကုန်အံ့
ဗုဒ္ဓဟူးသားသမီးများ အရက်သောက်လျှင် မူးအံ့ကြာသပတေးသားသမီးများ ကွမ်းစားလျင် ပါးစပ်ရဲအံ့။သောကြာသားသမီးများ ဆိုင်ကယ်စီးလျှင် ဆီကုန်အံ့။စေနသားသမီးများ အနေဖြင့် အစာစားပြီးလျှင် ဗိုက်ပြည့်တတ်အံ့။
၇ ရက်သားသမီးအနေဖြင့် ဤနှစ်တွင် ကန်ကောင်းစေချင်လျှင် ဤ ယတြာအတိုင်းပြုလုပ်ပါဘိလပ်မြေအုတ်သဲ တို့အားဝယ်၍ ပန်းရံဆရာတစ်ယောက် ငှားလိုက်ပါ။ပြီးနောက်မ ကောင်းသောကန်အား ပြန်လည်ပြုပြင်ပါ။
ကန်ကောင်းပြီဆိုသောအခါ ရေထည့်ကြည့်ပါ။ရေမယိုလျှင် ကန်ကောင်းနေသည်မှာသေချာပါသည်။အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်အားလုံးပျော်ရွှင် ရယ်မောနိုင်ကြပါစေ။😁😁😜
Zawgyi(version)
တနင်္ဂနွသေားသမီးများအနေဖြင့် သင်္ကြန်ရက်အတွင်းရေကစားထွက်လျှင် အဝတ်အစားများ စိုအံ့တနင်္လာသားသမီးများ ခိုးရာနောက် လိုက်လျှင် အိမ်ထောင်ကျအံ့။အင်္ဂါသားသမီးများ ဈေးသွားဝယ်လျှင် ငွေကုန်အံ့