“ပင်လယ်ထဲကမျောလာသောအရာကို အမှိုက်ဟုထင်ခဲ့သော်လည်း အိမ်သို့ယူခဲ့မိရာမှ ….. . .”

Posted by

ငါးမျှားထွက်ရင်း ပင်လယ်ထဲကမျောလာသောအရာကို အမှိုက်ဟုထင်ခဲ့သော်လည်း ဘယ်သူမှမယူလို့ဟုဆိုကာ အိမ်ယူခဲ့ရာမှ ငါးကြီးအန်ဖတ်ဖြစ်နေမှန်းသိခဲ့ရကာ ချမ်းသာသွားခဲ့သည့် အမျိုးသမီး

လူအများက ယုံကြည်စွာဖြင့် ပြောဆိုနေကြသည်မှာ လူသားတိုင်းအတွက် အောင်မြင်ကြေိးပွားစေမည့် အခွင့်အရေးတွေဟာ ရောက်ရှ်လာတတ်သည်ဟု ဆိုကြပါတယ်။

ယခုတွင်လည်းမလေးရှားနိုင်ငံတွင်နေထိုင်သည့်အသက်၄၁နှစ်အရွယ် Aida Zurina Longသည်ပင်လယ်ကမ်းစပ်တွင်ငါးသွားမျှားခဲ့ရင်းမှ ပင်လယ်ထဲကမျောပါလာသော အရာတစ်ခုကို လှမ်းတွေ့ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးဟာ ထိုအရာကို အမှိုက်ဟုသာထင်မှတ်ပြီး မယူဘဲအိမ်ပြန်သွားခဲ့တာဖြစ်ပါတယ်။ နောက်ရက်ငါးမျှားရာတွင်လည်း ပင်လယ်ထဲတွင် အမှိုက်လိုအရာက ရှိနေသေးသောကြောင့် ဆယ်ယူပြီး အိမ်ပြန်လာခဲ့ခြင်းဖြစ်ပါတယ်။

အိမ်သို့ယူလာမိသောအခါမှ အခြားသူများက ရွေထက်ပင်တန်ဖိုးကြီးသော ငါးကြီးအန်ဖတ်ဖြစ်နေကြောင်း သိရှိခဲ့ရကာ ချက်ချင်းပင် ချမ်းသာသွားခဲ့ရပါတယ်။

Crd
zawgyi






Crd