အိမ်ခြံမြေရောင်းရာတွင်နှောင့်နှေးနေသူများအတွက်အမြန်ရောင်းထွက်စေမည့်ယတြယာအကြောင်း

ပွဲစားအားကိုးနဲ့ထွက်နိုးနိုးရောင်းနေတဲ့ အိမ်ခြံမြေကွက်တွေအချိန်သာကုန် အပေါက်အလမ်း မတည့်လို့ ရောင်းမထွက်တာတွေ အမြန်အရောင်းထွက်စေဖို့ပါ…

မြုပ်နေတဲငွေတွေပေါ် ချင်လို့ပဲဖြစ်ဖြစ် အခက်အခဲတခုကြောင့် မြေအမြန်ရောင်းထွက်ချင်လို့ပဲဖြစ်ဖြစ် အိမ်ခြံမြေတွေအမြန်ဆုံး ရောင်းထွက်စေမယ့် အစီရင်ပါနော်

ခုနှစ်ရက်သားသမီးများအတွက်မေတ္တာစေတနာအပြည့်ဝဖြင့်ဆရာကိုယ်တိုင်ရေးသားပေးလိုက်ပါတယ်။

ယတြာပြုလုပ်နည်း

မိမိရောင်းလိုသောမြေကို ပန်းကန်လုံးဖြင့်ထည့်ပါအာလူးသုံးလုံးထည့်ပါ။ ကြံ လက်တစ်ဖြား ဖြတ်၍တင်လိုက်ပါအင်္ကျီအဖြူဝတ်၍ပြုလုပ်ရမည်။

ထိုပန်းကန်တွင် ဆန်တစ်ဆုပ် ပေါက်ပေါက်တစ်ဆုပ် ဆနွင်းတစ်ဆုပ်ထည့်ပါ။အာလူးသုံးလုံးပေါ်တွင် ဖယောင်းတိုင် တစ်တိုင်စီထွန်းပါ။

တနင်္ဂနွေသားသမီးဖြစ်ပါက အုန်းညွှန့် (၃)ညွှန့်ဖြင့် ထိုပန်းကန်ကို (၃)ချက်ရိုက်ပါ။

တနင်္လာသားသမီးဖြစ်ပါက ကံ့ကော် (၃)ညွှန့်ဖြင့် ထိုပန်းကန်ကို (၃)ချက်ရိုက်ပါ။

အင်္ဂါသား ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ ရာဟု သားသမီးများ အားလုံး ထိုနည်းတူ မွေးနံသင့်ပန်းများဖြင့် ဉာဏ်ရှိသလိုအသုံးပြုနိုင်ပါသည်။

ဥုံ အောင်စေတု အောင်စေတု အောင်စေတု ဟုရွတ်ဆို၍ ရိုက်ပါ။အမြန်ဆုံးရောင်းထွက်ရန် ဆုတောင်းပါ။

ကြာသပတေးနေ့တွင် တစ်ကြိမ်တည်းသာပြုလုပ်ပါ။ထူးထူးခြားခြားနဲ့သိသာလာပါလိမ့်မည်။အောင်မြင်ကြပါစေ။
credit

Leave a Reply

Your email address will not be published.