မိုးခေါင်ရေရှား၍ ရှေးထုံးစံနည်းအရ ဧရာမအမျိုးသား ရွှေပန်းပုံသဏ္ဍန်ဖြင့် ၄၅ ဒီဂရီ ချိန်ရွယ်ကာ မိုးနတ်သမီးထံ ထိုင်းလူမျိုးတို့ရဲ့အချက်ပေးမိုးခေါ်နည်း

( ဗဟုသုတအဖြစ်သာ )

မိုးရာသီမှာ မိုးခေါင်ရေရှား ပြဿနာဖြစ်ပေါ်ပြီး လယ်တွေ ပတ်ကြားအက်တာမျိုး ၊ရေတွင်းရေကန်တွေခမ်းခြောက်တာမျိုး ရင်ဆိုင်ကြရပြီဆိုရင် တောင်သူလယ်သမား ဦးကြီးများအတွက် အခက်တွေ့ကြရသလို ပူအိုက်လွန်းတဲ့ ရာသီဥတုကို မည်သူမျှ ကြိုက်နှစ်သက်ကြမှာ မဟုတ်ပါဘူး ။

မြန်မာ့ဓလေ့ ရှေးထုံးစံကတော့ သပြေခက်နဲ့ အုန်းပွဲငှက်ပျောပွဲကို အလယ်လွန်အိမ်မှာ ထားပြီး မိုးခေါင်ကျော်စွာ နတ်မင်းကို တိုင်တည်၍ ရွာမိရွာဖတွေ ဦးစီးလို့ ကာလသားတွေနဲ့ ဟိုဘက်ဒီဘက် ညှင်ညှင်သာသာလေးလွန်ဆွဲပွဲ ပြုလုပ်ကြတာကို ငယ်စဉ်က ကြုံတွေ့ခဲ့ဖူးပါတယ် ။

ယခုလည်း ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားပြီး ခြောက်သွေ့လွန်းတာကြောင့် ရှေးပဝေသဏီက ယုံကြည်မှုအတိုင်း မိုးခေါ်တဲ့ပုံက ထူးဆန်းလွန်းနေသလို မိုးနတ်သမီးကို နောက်ဆုံးအကြိမ်သတိပေး ခြိမ်းချောက်တာလို့လည်းဆိုပါတယ်။

အဲ့ဒါကတော့ ဇွန်လ ၁၂ ရက်နေ့က

ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင် ” ကောက်လျို့ ” မြို့နယ် ခေါင်ဒင်းကျေးရွာအုပ်စုမှ ကြံစိုက်ခင်းတောင်သူများ စုပေါင်းပြီး ဧရာမအမျိုးသားငယ်ပါ ( သို့ ) ရွှေပန်းပုံသဏ္ဍန်ကို ပြုလုပ်ပြီး အနီရောင်ဆေးသုပ်ကာ အုန်းသီးနှစ်လုံးကို အရင်းမှာကြိုးဖြင့်ချိတ်၍ မိုးနတ်သမီးကို ၄၅ ဒီဂရီ ချိန်ရွယ်ကာ အမွှေးနံ့သာ ပက်ဖြန်းပြီး မိုးရွာစေအောင် ပြုလုပ်တဲ့ဓလေ့ ဖြစ်ပါတယ်။

အဲ့ဒီနောက် မိုးတစ်ဖြိုက် နှစ်ဖြိုက်ဘဲရွာချလို့ နောက်ထပ် ဒီထက်ကြီးတာနဲ့ ထပ်အသုံးပြုမယ်လို့ Kaosod News မှာ ရေးသားပါတယ်။

ထိုင်းလိုတော့ ” ပလတ်ခစ် ” လို့ ခေါ်ပါတယ်။ စျေးဆိုင်တွေမှာအရွယ်အစား အမျိုးမျိုးကိုရွှေချ၍ ဆောင်ထားသူတွေလည်း ရှိပါသည်။

ပြည့်တန်ဆာလုပ်ငန်း လုပ်သူတွေလည်း ဆောင်ထားကြပါသည်။ လာဘ်ရွှင်သည် ဖောက်သည်ကောင်းကောင်း ရသည်ဟု ယုံကြည်ကြပါသည်။

တစ်ခါက ဖန်းငခရိုင် Kohpoda ကျွန်းကို သွားစဉ် ကျွန်းတစ်ကျွန်းဘေးက ဂူထဲတွင် ထိုကဲ့သို့သော သစ်သားရုပ်ထုများကို ခရီးသွားများ အရင်ဆုံး ပူဇော်ပသ ထိုင်ကန်တော့ကြနေတာကို မြင်တွေ့ခဲ့ရ၍ စပိဘုတ်သမားကို မေးကြည့်တော့ ပင်လယ်ပြင်စောင့် ” မဏိမေခလာ ” နတ်သမီးကို အသိပေး ဆက်သကြတယ်လို့ ဆိုပါတယ်။

တံငါသည်များအဖို့ ပင်လယ်ကို ငါးဖမ်းမထွက်မီ ကိုယ်တိုင် ထုဆစ်ယူလာပြီး ယခုလို လာရောက်ပူဇော်မှုကြောင့် ဆိုဒ်အရွယ်အစားမျိုးစုံ တောင်လို ပုံနေပါသည်။ ဒီလိုယုံကြည် ကိုးကွယ်မှုဟာအန္တရာယ် ကင်းရှင်းတယ်။ လာဘ်လာဘ ရွှင်တယ်လို့ ယူဆကြပါတယ်။

တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတားကို ဝင်လိုက်တာနဲ့ ဂိတ်ရဲ့ဘယ်ဘက်ခြမ်းက စျေးဆိုင်တိုက်ခန်းဝရံတာမှာ ထိုကဲ့သို့ အရာဝတ္ထုများကို အရွယ်မျိုးစုံ ဒေါင်လိုက်ထောင်ထားတာကို ရောက်ဖူးသူတစ်ချို့ သတိထားမိကြမယ်လို့ ထင်ပါတယ်။

တစ်ရွာတစ်ပုဒ်ဆန်းတဲ့ ယုံကြည်ကိုးကွယ်မှုတွေက ကျွန်တော်တို့အမြင်နဲ့တော့ ထူးဆန်းနေပါတယ်။ ဒီ ” ပလတ်ခစ် ” က ဘယ်က ဆင်းသက်လာတာလဲ ? ဘယ်သူ့ဟာလဲ ? လို့တိတိကျကျ ရေးသားဖော်ပြထားတာမတွေ့သေးပါဘူး။ အကယ်၍များ မိုးနတ်မင်းဆိုရင် အမျိုးသမီး ငယ်ပါနဲ့ခေါ်လေမလားလို့ တွေးမိပြန်ရောဗျာ။

ယခုလည်း နခွန်စဝမ်မှာ နောက်ထပ်ဆက်လက်ပြီး မိုးခေါင်ရေရှား ဖြစ်နေအုံးမယ်ဆိုရင် ဒီထက်ကြီးမားတဲ့ လက်နက်ကို ထုတ်သုံးပြီး နောက်ဆုံးအကြိမ်နဲ့ မိုးနတ်သမီးကို ခြိမ်းချောက်ရလိမ့်မယ်လို့ ဒေသခံတွေကဆိုပါတယ်။

နတ်သမီးခမျာ လန့်ဖြန့်ပြီး ” တစ်ဗျန်းဗျန်း ” နဲ့များ ရက်ဆက် မိုးရွာချလိုက်မှဖြင့် ရေကြီးတဲ့ဒုက္ခ ထပ်ကြုံနေမှဖြင့် ဟုတ်ပေ့လ်ို့ တွေးမိရင်း ပြုံးမိပါတော့သည်ဗျာ 🤪🤪🤪
credit

Leave a Reply

Your email address will not be published.