ထီ ချဲထိုးတ်ိုင်းပေါက်စေတဲ့ဂါထာတော်အကြောင်း

ထီထိုးသူတိုင်းထီပေါက်နိုင်သည်ထီပေါက်စေသောဂါထာ ကိုရွတ်ဆို၍သိဒ္ဓိတင်လိုက်ပါအကျွန်ုပ်၏ မိတ်ဆွေများထည်းတွင် လူထူးလူဆန်းတစ်ယောက်ရှိသည်။

သူ့အမည်မှာ ကိုကံထူးဟူ၍ခေါ်သည်။ အမည်နှင့်လိုက်အောင် ကံထူးသူဟုဆိုရပေမည်။ ကိုကံထူး၏ဘဝတစ်သက်တွင် (၃၈)ကြိမ်တိတိ ထီပေါက်ဖူးသူတစ်ယောက်ဖြစ်၏

ယခုထိ ကိုကံထူးသည် အသတ်ရှင်လျှက် ရှိပါသေးသည်။အသက်အရွယ်မှာ (၆၀)ရှိလေပြီ။ သူမေသသ၍ ရှေ့လျှောက်ထီထိုးနေသမျှ ဘယ်၍ဘယ်မျှအထိ ပေါက်ဦးမည်မသိနိုင်ပါ။

ကိုကံထူးသည်ဆုကြီးဆုလေး အသီးသီးကိုထီပေါက်ခဲ့သည်။အကယ်၍သာ ဆုကြီးများသာရွေး၍ ထီပေါက်ပါမူ ကိုကံထူးသည် ယခုဆိုလျှင် သူဌေးကြီးတစ်ဦး ဖြစ်၍နေမည်မှာမလွဲပါ

ကိုကံထူးပွဲရုံတစ်ခုတွင် ငွေစာရင်းကိုင်အဖြစ်အလုပ်လုပ်နေသည်။သူ့ဘဝတွင်အပူအပင်သောကရယ်ဟူ၍မရှိ။အေးအေးဆေးဆေးနေသူဖြစ်သည်။ဆွေမျိုးများကလည်း အဝေးရပ်တွင်နေထိုင်၍ သူ့တွင် ဆွေမျိုးဒုက္ခ မရွိ။

ရန်ကုန်မြို့လည်ကောင်တွင် တိုက်ခန်းတစ်ခန်းကို အပိုင်ဝယ်၍ အေးဆေးစွာနေထိုင်နေ၏။ကိုကံထူးသည် သဘောကောင်းသည်။

ထီပေါက်ပြီဆိုလျှင် နေအိမ်တွင် ဘုန်းကြီးငါးပါးပင့်ပြီး ဆွမ်းကပ်သည်။မိတ်ဆွေသင်္ဂဟများကိုလည်းဖိတ်၍ကျေွးမွေးသည်။

လမ်းတွင်ရှိ ကေလးသူငယ္မ်ားကို သူတို့စားလိုသော မုန့်ပဲသရေစာများ ကျေွးမွေးသဖြင့် ကလေးများကပင် ကိုကံထူးကို ချစ်ခင်ကြသည်။အကျွန်ုပ်နှင့် ကိုကံထူး အိမ်ခြင်းကမဝေးတော့ခင်ခင်မင်မင်ရှိသည်။

သဘောဖြူပြီး ဆက်ဆံရေးကောင်းမွန်သူပီပီ အပေါင်းအသင်းများသည်။ငွေလိုလျှင်လက်မခက် ပေးစရာရှိကရက်ရက်ရောရော ပေးတက်သူဖြစ်သည်တစ်နေ့ ကျန်ုပ်အိမ်ကို ကိုကံထူးလာလည်သည် စကားပြောကြရင်း ထီအကြောင်းရောက်သွားသည်။

ကိုကံထူး ခင်ဗျားဟာနာမည်နဲ့လိုက်အောင် ကံထူးတဲ့သူပဲဗျထီ(၃၈)ကြိမ်တိတိပေါက်ဖူးတယ်ဆိုတာတော်ရုံကုသိုလ်ကံနဲ့မရဘူး ကုသိုလ္ထူးတယ္ဗ်။

ဒါကေတာ့ဗ်ာ ကျွန်တော်ရဲ့ ရှေးဘဝကုသိုလ်ကံလို့ဆိုရမှာပေါ့ဗျာလူတွေဟာ အရင်ဘဝတွေက ဘာတွေလုပ်ခဲ့တယ်မှ မသိရတာ အကျိုးပေးချိန်တန်လို့ အကျိုးပေးနေတာပါလူတော်တော်များများက သတ္တဝါတစ်ခု ကံတစ်ခုလို့သာ ပြောကြပါတယ် အမွန္တကယ္က သတ္တဝါတစ်ခု ကံနှစ်ခုဗျရှေးဘဝက

ပြုခဲ့တဲ့ကံနဲ့ ယခုပစ္စုပ္ပန် ပြုတဲ့ကံ နှစ်ခုပေါင်းစပ်မိလျှင် ဒီလူဟာ လျှမ်းလျှမ်းတောက်အကျိုးပေးတော့တာပဲကျွန်တော် ခင်ဗျားကို တစ်ခုမေးမယ် အမှန်အတိုင်းပြောမှာလားပြောပါ့မယ်အခုကိုကံထူးဘဝမွာ (၃၈)ကြိမ်တိတိ ထီပေါက်ခဲ့တာဟာ လောကီ အစီအရင်သဘောမျိုးကော မလုပ္ဘူးလား ကျွန်တော့်ကို မှန်မှန်ပြောပါါကတော့ ပါတာပေါ့ဗျာကိုကံထူး

ထီပေါက်တဲ့ အစီအရင်ကို မသိရဘူးလားသိရပါတယ်ကျွန်တော်လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က ဘုန်းကြီးအိုအိုတစ်ပါး အိမ်ကိုကြွလာတယ် ဘွဲ့အမည်မသိ ဘယ်မှာနေတယ်မသိပါ ကျွန်တော်ဆွမ်းကျေွးချင်တာနဲ့ ထမင်းဆိုင်က ကောင်းရာလေးတွေဝယ်ပြီး သံဃာတော်ရဲ့ဂုဏ်ကို ရည်စူးပြီး ဆွမ်းကပ်ခဲ့ပါတယ်။အဲ့ဒီဘုန်းကြီးအိုက ဆွမ်းဘုဉ်းပေးပြီး ကျွန်တော့်ကို

အရှင်ကုဏ္႑ဓာန ဂါထာကို အနက်နဲ့တကွ ရေးသားပြီး ချီးမြှင့်ခဲ့ပါတယ် ပြီးတော့ နေ့တိုင်းသက်စေ့ရွတ်ဆိုပူဇော်ပြီး ထီထိုးပါလို့ မိန့်ကြားခဲ့ပါတယ်။ကျွန်တော်ဟာ ဘုန်းကြီးအိုရဲ့ မိန့်ဆိုတာကို ယုံကြည်စိတ်အပြည့်နဲ့ နေ့စဉ်သက်စေ့ ရွတ်ဆိုပူဇော်ပြီး ထီမှန်မှန်ထိုးပါတယ်။ထိုးတဲ့နေရာမှာလည်း မတော်လောဘစိတ်နဲ့ထိုးတာမဟုတ်ပါဘူး

စားဖို့လှူဖို့အတွက်လောက်သာရည်မှန်းပြီးထိုးတာပါအကြိမ်ကြိမ်ပေါက်ခဲ့တာပဲ။ဘုန်းကြီးအိုချီးမြှင့်ခဲ့တဲ့ အရှင်ကုဏ္႑ဓာန ဂါထာကို မသိရဘူးလား(မှတ်ချက်)ကျွန်ုပ်သည် ကိုကံထူးလို သံဃာကို ဆွမ်းမကပ် ဂါထာကို အချောင်လိုချင်သူဖြစ်သည်သို့ပေမယ့် ထီချစ်သူမိဘပြည်များအား ပြန်လည်ရေးသားမျှဝေချင်သောစေတနာနှင့်ဖြစ်ပါသည်သိရပါတယ်ဗျာ

မေ့မသွားအောင် သေသေချာချာ စာနဲ့ရေးမှတ်ထားပါဧတဒဂ္ဂံ (အေတဒက်ဂံ)ဘိက္ခဝေ (ဘိတ္ခေဝ)မမသာဝကာနံ ဘိက္ခူနံ (ဘိတ္ခူနံ)ပထမံ သလာကံ ဂဏှန္တာနံ (ဂဏွန္တာနံ)သဒိဒံကုဏ္႑ဓာနော (ကုန်ဒဓာနော)ဧတေနသစ္စာဝဇေ္ဇန (အေတေနသစ်စာဝတ်ဇေန)တထာမေ ဟောတုသဗ္ဗဒါ(ဟောတုသပ်ဗဒါအနက်ကကောကိုကံထူးဘိက္ခဝေချစ်သားရဟန်းတို့ ပထမံ ရှေးဦးအစ ပထမတန်းတစ်ဂဏန်းဖြစ်သော။

သလာကံ စာရေးတံဟု ခေါ်ပြုသတ်မှတ်မဲကောင်းမဲမြတ်ကို (ဝါ)ခုခေတ်တွင်ဖတ်ရှုပါက သူငါလှူရှင် စိတ်ပါဝင်စား ကံစမ်းထားသည့် များဘိအမှန် စာရေးတံကို။ဂဏှန္တာနံ ကံကောင်းထောက်မ မဲနှိုက်ရယူကြကုန်သောမမသစ္စာသိထားငါဘုရား၏သာဝကာနံစကားတော်ကိုပျားသွင်ချိုမြနားထောင်ကြကုန်သော။

ဘိက္ခူနံ ကံဆန်းကံပေါ် ရဟန်တော်တို့တွင် ။ယဒိဒံကုဏ္႑ဓာနော ကုဏ္႑ဓာန နာမတင့်ဆန်း အကြင်ရဟန်းသည်။ အတၳိ ဘုရားမြတ်စွာ သာသနာဝယ် ဝန်တာနှစ်ရပ် ထမ်းဆောင်အပ်ပေ ရှိကာနေ၏။ဧတံ ထိုကုဏ္႑ဓာန ရဟန်းလှသည်။ အဂ္ဂံ မှတ်ဦးစင်စစ်အမြတ်ဆုံးဖြစ်၏။

ဧတေနသစ္စဝဇေ္ဇန ဤသို့မှန်စွာ သစ္စာစကား မေတ္တာပွားကာပြောရတာကြောင့် ။ေမ တပည့်တော်အား။တထာ ထို့အတူ (ဝါ)စာရေးတံတွင် ဆန်းတစ်ဂဏန်းလှ ဆွတ်လှမ်းပိုမို ထို့အတူ ရယူသလိုပင်။သဗ္ဗဒါ မကြာမလပ် အခါခပ်သိမ်း။

ဟောတု စာရေးတံထီ အလီလီတို့ စီစီဆင့်ဆင့် ထီဖွင့်တိုင်းသာ ဖြစ်နိုင်ပါစေ ပေါက်နိုင်ပါစေသားတဲ့ဟုတ်ကဲ့ ကျေးဇူးပါကိုကံထူးထို့နောက်ပိုင်း အကျွန်ုပ်လည်း အရှင်ကုဏ္႑ဓာန အကြောင်းကိုမသိ၍ လေ့လာခဲ့ရာ သိရှိခဲ့ရသည် ။

ယင်းသို့လေ့လာ၍ သိရှိခဲ့သော အရှင်ကုဏ္႑ဓာန အကြောင်း အကျဉ်းချုပ်သော်အရှင်ကုဏ္႑ဓာနသည် ကုသိုလ်ကောင်းမှုများစွာပြုလျှက် စာရေးတံမဲ ကံအရာ (ထီကံအရာ) အား အသာဆုံး အမြတ်ဆုံးပုဂ္ဂိုဖြစ်ရပါလို၏ဟု

ဆုတောင်းခဲ့သောကြောင့် ဂေါတမ ဘုရားရှင်လက်ထက်တော်၌စာရေးတံမဲနှိုက်တိုင်းပင်အမြဲတမ်းစာရေးတံမဲ (ထီ)ပထမဆု အမြဲပေါက်တော်မူ၏။စာရေးတံ ကံအရာမွာ ဘယ်သူမှယှဉ်ပြိုင်တုမရအသာဆုံး အမြတ်ဆုံးအဖြစ်ဘုရားရှင်ကလည်း အရိယာသံဃာတော်တို့ အလည်၌ ထိုင်တော်မူလျှက် ဧတဒဂ်ဘွဲ့ထူး ရဟန်းတို့အား ချီးကျူးတော်မူခဲ့လေသည်။

ဤအရှင်ကုဏ္႑ဓာန မေထရ္ကို ရှေးဦးစွာ စာရေးတံ နှိုက်ယူနိုင်ကြသည့် ငါဘုရား၏တပည့်ရဟန်းတော်တို့တွင် ကုဏ္႑ဓာန ရဟန်းသည် အသာဆုံး အမြတ်ဆုံးဖြစ်ပေ၏။

ဤ ကုဏ္႑ဓာန အရှင်မြတ်၏ ဧတဒဂ် ဂုဏ္ထူးပါဠိကို သစ္စာပြု ဆုတောင်း ရွတ်ဖတ်ပူဇော်ပြီး ထီဆုကြီးတွေပေါက်နိုင်ကြပါလောဘ်ခေါ် ကပ်ကျော် ဂါထာတော်သုတေသီမြင့်ထွန်း စာပေ စာမျက်နှာ ၃၄၄၀ ထိကူးယူမျှဝေပါသည်။
credit

Leave a Reply

Your email address will not be published.