လည်ပင်းကြီးရောဂါရှိသူအတွက် ဈေးမကြီးတဲ့ ဆေးနည်းတဖြည်းဖြည်း ကြီးလာတာ..၅နှစ်ရှိပြီဟုပြောပါသည်။မန္တလေးမြို့စိန်ပန်းရပ်မှဖြစ်ပါသည်။သူ့လည်ပင်းမှအဖုကိုပြပါသည်..။
အင်္ဂလိပ်ဆေးလည်းနေ့စဉ်စားနေပါသည်။လက်လုပ်လက်စားဖြစ်၍.စစ်ကိုင်းသီတဂူဆေးရုံသို့သွားပြသည်..ပေးသည့်ဆေးကိုနေ့စဉ်တစ်ကြိမ်စားရသည်ဟုဆိုသည်။
ဆေးကလည်းဈေးမကြီးပါ။စားခဲ့တာတစ်နှစ်ကျော် သိပ်လည်းမထူးခြားအနည်းငယ်ပိုကြီးလာသည်ထင်သည်ဟုဆိုသည်။အဘယ့်ကြောင့်တိုင်းရင်းဆေးခန်းလာပြရသလဲ.မေးကြည့်သောအခါ..
ဆရာ့ဆေးခန်းကဆေးနဲ့ပျောက်သွားတဲ့အဒေါ်ကြီးတစ်ယောက်နဲ့တွေ့ခဲ့လို့ဟုပြောသည်။ဆရာကလည်ပင်းကြီးမကုဖူးပါဟုပြောသည်။ပျောက်သူအဒေါ်ကြီးကကိုယ်တို င်ပြောသည်။
ဆရာပေးတဲ့ဆးမြစ်နဲ့ပျောက်သည်ဟုပြောပါတယ်…။စစ်ကိုင်းနယ်ဖက်မှဖြစ်သည်။ဒူးနာ၍မန္တလေးဘုန်းကြီးကျောင်းတစ်ကျောင်းတွင်တည်းကုရန်အမျိုးဘုန်းကြီးကခေါ်ကုပေးခြင်းဖြစ်သည်။
ဆရာ့ထံတွင်ကုသရင်းရောဂါမှာဒူးနာဖြစ်သော်လည်း..တောရွာများတွင်ဖြစ်လေ့ရှိပြီးကုသလေ့မရှိကြသော.လည်ပင်းကြီးဖြစ်နေသည်ကိုဆရာကတွေ့သဖြင့်..ပျောက်လိုပျောက်ငြားလိမ်းကြည့်ပါဟုဆေးမြစ်ကလေးပေးလိုက်ပါသည်။
ကျာ းမ နိုင်ဆေးမြစ်ဟုခေါ်ပါသည်။လည်ပင်းတွင်လိမ်းရာသက်သာပြီး အသက်ရှူကောင်းလာ သဖြင့်ရေရှည်နေ့စဉ်လိမ်းပါသည်။
ရွှေစာရံဘုရားပွဲတွင်ဆရာပေးလိုက်သည့်ဆေးမြစ်မျိုးရောင်းသည်ကိုတွေ့သဖြင့်များများဝယ်ထားပြီးဆက်လိမ်းပါသည်။အကုန်အစင်ပျောက်သွားပြီဟုမဆိုနိုင်သော်လည်း.သူ့လည်ပင်းမှာကြည့်ပျော်ရှုပျော်အနေအထားသို့ရောက်လာကြောင်းပြောပြ၍လာပြသည်ဟုပြောပါသည်။
ထိုအဒေါ်ကြီးညှွန်၍ဆေးခန်းလာပြသည်ဟုပြောပါသည်။အိုင်အိုဒင်းဓာတ်ချို့တဲ့၍ဖြစ်သည် ဟုဆိုသောလည်ပင်းကြီးရောဂါမှာ..ပင်လယ်နှင့်ဝေးသောအရပ်ဒေသများတွင်အဖြစ်များပါသည်။
ကျားမနိုင်သည်နွယ်ပင်ကြီးဖြစ်ပါသည်။ထက်ပိုင်းဖြတ်လိုက်သောအခါထိပ်တွင်.ကျားခြေရာကဲ့သို့ပုံပါသဖြင့်ကျားမနိုင်ဆေးနွယ်မြစ်ဟုခေါ်ခြင်းဖြစ်သည်။
ရွှေစာရံဘုရားပွဲတွင်တောထွက်တောင်ထွက်ဆေးပင်ဆေးမြစ်ရောင်းချသူများက..ရိုးရာဆေးအသုံးအဖြစ် မျက်စိနာလျှင်သွေးကွင်းနိုင်သည်။ဝက်ခြံဖုများပျောက်သည်။အပူဖုအကျိတ်များကြေသည်။
အအေးဆေးမြစ်ဖြစ်သည်..အပူမလောင်ပါ။အရောင်ကျစေသည်.သက်တံ့နာကိုပင်နိုင်သည်။အပြင်ထွက်သည့်လိပ်ခေါင်းကိုပင်သွေးလိမ်းလျှင်ပျောက်သည်ဟုပြောရောင်းကြသည်ကိုတွေ့ရပါသည်။လည်ပင်းနာ.အသံဝင်ခြင်း။
ချောင်းဆိုး၍လေပြွန်ရောင်ခြင်းများအတွက်လည်းလိမ်းနိုင်ပါသည်။အနောက်တိုင်းဆေးနှင့်ပင်တစ်သက်လုံးဆေးစားရမည့်အိုင်အိုဒင်းချို့တဲ့လည်ပင်းကြီးရောဂါအတွက်.တန်ဘိုးမကြီးသောရိုးရာဆေးနည်းတိုဖြင့်.မပျောက်သည့်
တိုင်.သက်သာပြီးကြည့်ပျော်ရှုပျော်ဖြစ်သွားသည်ဆိုလျှင်…တင်ပြရသည့်အတွက်ကုသိုလ်ရမည်ထင်ပါသည်။
credit